တောင်ကြီးမြို့နယ်တွင် လူငယ် တစ်ဦးက ၄ နှစ်အရွယ် ကလေးငယ်ကို အဓမ္မ ပြုကျင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, September 19, 2019

တောင်ကြီးမြို့နယ်တွင် လူငယ် တစ်ဦးက ၄ နှစ်အရွယ် ကလေးငယ်ကို အဓမ္မ ပြုကျင့်

မင်းဇော်မင်း 
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက အသက် ၁၃ နှစ် အရွယ် လူငယ် တစ်ဦးက အသက် ၄ နှစ်အရွယ် ကလေးငယ် (မိန်းကလေး)ကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရွှေညောင်နယ်မြေ ရဲစခန်းမှ သိရသည်။
.
ဆေး စစ်တာတွေ လုပ်နေပါပြီ။ ဆေးစာကတော့ ၂ ပတ်လောက်မှ ရမှာ ဖြစ်ပါတယ်၊ တရားခံတော့ စစ်ဆေးဆဲပါပဲ။ဟု အမှုစစ် ရဲအရာရှိ ရဲအုပ် အောင်မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာ၌ နေထိုင်သည့် အဖွား ဖြစ်သူနေအိမ်ထံသို့ မြေးဖြစ်သူ အသက် ၄ နှစ်အရွယ် နန်းနန်း (အမည်လွှဲ) မှ ငို၍ ပြန်လာသည်ကို တွေ့ရှိ၍ မေးမြန်းရာ တစ်ရွာတည်းနေ စိုင်းထွန်းအောင်မှ ၎င်း၏ နေအိမ် အောက်ထပ်၌ ဆော့ကစားနေသည့် နန်းနန်း (အမည်လွှဲ) အား ပွေ့ချီကာ နေအိမ် အပေါ်ထပ် အိပ်ခန်း အတွင်းရှိ အိပ်ယာပေါ်သို့ ခေါ်ဆောင်၍ အဓမ္မ ပြုကျင့်ခဲ့သည်ဟု ပြောပြခဲ့သဖြင့် အဖွားဖြစ်သူက ရာအိမ်မှူးမှ တစ်ဆင့် ရွှေညောင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက စိုင်းထွန်းအောင်အား ဖမ်းဆီး၍ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရာ အဓမ္မ ၂ ကြိမ် ပြုကျင့်ခဲ့သည်ဟု ထွက်ဆိုခဲ့သဖြင့် သက်သေခံ ပစ္စည်းများအား သိမ်းဆည်း၍ တရားရုံးသို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ အဓမ္မ ပြုကျင့်သူ  စိုင်းထွန်းအောင်အား ရွှေညောင်နယ်မြေရဲစခန်းမှ (ပ) ၁၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats