ကျိုင်းတုံတွင် ထပ်မံတွေ့ဆုံရန် မြောက်ပိုင်း ၄ ဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ခေါ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

ကျိုင်းတုံတွင် ထပ်မံတွေ့ဆုံရန် မြောက်ပိုင်း ၄ ဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ခေါ်

မင်းဇော်မင်း/ထက်တိုင်းကျော်
.
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် KIO၊ PSLF၊ MNTJP၊ ULA တို့အား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင်မှ စက်တင်ဘာလ ၉ ရက်က ဖိတ်ကြားထားသည်။
.
ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် KIO၊ PSLF၊ MNTJP၊ ULA ၄ ဖွဲ့တို့မှ ကိုယ်စားလှယ်များသည် သြဂုတ်လ ၃၁ ရက်၌ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသဖြင့် အဆိုပါ ထပ်မံ တွေ့ဆုံဆွေးနွေးပွဲကို ယခင်အတိုင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်နိုင်ရေး အဆိုပြုကြောင်းအား ငြိမ်းချမ်းရေးကော်မရှင်၏ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။
.
ထို့အတူ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်က နောက်တစ်ကြိမ် တွေ့ဆုံရာတွင် အထူးဒေသ(၂)၊  ပန်ဆန်းတွင် တွေ့ဆုံရန် မြောက်ပိုင်းအဖွဲ့မှ အဆိုပြုထားခဲ့ကြောင်းနှင့် တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည်ဟု ULA အဖွဲ့ ကိုယ်စားလှယ် ဖြစ်သူ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောဆိုထားသည်။
.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ ဟော်တယ်တွင် ပြုလုပ်ရန် စီစဉ်ထားရှိကာ မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ၏ မိုင်းလား-ကျိုင်းတုံ- ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို အစိုးရဘက်မှ တာဝန်ယူသွားမည် ဖြစ်ါကြောင်းလည်း သိရသည်။
.
လက်ရှိတွင် တပ်မတော်မှ စက်တင်ဘာလ ၂၁ ရက်ထိ အပစ်အခတ် ရပ်စဲထားပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNTJP/MNDAA ၊ PSLF/TNLA ၊ ULA/AA တို့မှလည်း အောက်တိုဘာလ ၈ ရက်ထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats