တောင်ကြီးတွင် လမ်းကြိတ်စက် ကြိတ်မိပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

တောင်ကြီးတွင် လမ်းကြိတ်စက် ကြိတ်မိပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦး သေဆုံး

စုလှိုင်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဂေါက်ကွင်းအနီးတွင် စက်တင်ဘာလ ၂၀ ရက်၊ နံနက်က လမ်းကြိတ်စက် ကြိတ်မိသဖြင့် လမ်းတိုင်းတာရေး လုပ်သား(ကုမ္ပဏီ ဝန်ထမ်း) တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။
.

သေဆုံးသူမှာ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းတိုင်းတာရေး လုပ်သား အသက် ၃၈ နှစ်အရွယ် ကိုဇော်မျိုးဝင်း ဖြစ်ပြီး ကုမ္ပဏီမှ လမ်း ပြုပြင်နေစဉ် သေဆုံးသူသည် တက္ကသိုလ် မီးပွိုင့် လမ်းဆုံဘက်မှ အနောက်မြို့ပတ်လမ်းအတိုင်း ဧရာဝတီလမ်းဆုံ ဘက်သို့ လမ်းကြိတ်စက်ယာဉ်အား ကျွမ်းကျင်မှု မရှိဘဲ မောင်းနှင်စဉ် လမ်းလယ်ရှိ မီးအလှဆင်တိုင်နှင့် လမ်း ယာဘက်ရှိ ဂေါက်ကွင်း အုတ်နံရံအား တိုက်မိပြီး ယာဉ်ပေါ်မှ ပြုတ်ကျကာ လမ်းကြိတ်စက်၏ နောက်ဘီးဖြင့် ဦးခေါင်းသို့ ကြိတ်မိ၍ ဦးခေါင်းကွဲ ဒဏ်ရာရရှိ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ကိုယ့်ဝန်ထမ်းပဲ ဆိုတော့ ထောက်ပံ့မှုတွေ ရှိပါတယ်၊ ရဲမှုခင်းလည်း အားလုံး စီစဉ်ပြီးသွားပါပြီ။ အားလုံး အဆင်ပြေပါတယ်။ လုပ်ရိုးလုပ်စဉ် အတိုင်းပဲ သွားမှာပါ။ဟု ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။
.
သေဆုံးသူ ကိုဇော်မျိုးဝင်း၏ ရုပ်အလောင်းအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats