ရှာမှီးဝေမျှ သုတနှင့် ရသ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, September 17, 2019

ရှာမှီးဝေမျှ သုတနှင့် ရသ

ကျော်လင်းထွန်း (ချောင်းဦး)
.
ငယ်စဉ်က စာစီစာကုံးဖြေရန် ကြိုတင် ပြင်ဆင်ရသည်။ ကဗျာအတိုအထွာများစ ကားပုံများကို မှတ်သား၍ ကိုးကားရသည်။ ထိုစဉ်က မြန်မာဆရာ၊ ဆရာမများကလည်း  "စု၊ တု၊ ပြု" ဆိုပြီးလေ့ကျင့်ပေးကြပါသည်။ ပ ထမဦးစွာ ဗဟုသုတအလို့ငှာလည်းကောင်း၊ မိမိလိုအပ်လျှင်သုံးရန်လည်းကောင်း၊ စာအုပ် စာပေများမှ မှတ်သားစရာများကို မှတ်စုစာ အုပ်သီးသန့်ထား၍ မည်သူ၏စာ၊ မည်သူ၏ အဆိုအမိန့် စသည်ဖြင့်သေချာစွာမှတ်သားရ မည်။ ယနေ့ခေတ်တွင် စာရေးဆရာအဖြစ်ရပ် တည်နေကြသူ အများစုမှာ ငယ်စဉ်ကဤသို့ မှတ်သားစုဆောင်း၊ မှတ်တမ်းကောင်းများ၏ အကျိုးကျေးဇူးအနေဖြင့် မိမိလေးစားကြည် ညိုရသော စာ(သို့မဟုတ်) စာရေးဆရာ၊ ဆ ရာမကြီးများကို အတုယူ၍စတင်ရေးသားကြ ရာမှ စာပေလောက၊ စာပေသမားဘဝရောက် ရသည်။ အတုယူ၍ရေးသားပြုစုခြင်းသည် တတိယအဆင့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ စာပေနှင့်မွေ့လျော်၊ စာပေမှာပျော်နေကြ သော စာပေသမားများ၊ နိုင်ငံခေါင်းဆောင်စာ ပေသမားများ၊ ဘာသာရေးခေါင်းဆောင် သာ သနာ့ဥသျှောင်များမှ စု၊ တု၊ ပြု ခဲ့ကြသူများ ဖြစ်ပါသည်။
.
စာပေတွင် သုတစာပေနှင့် ရသစာပေဟူ ၍ ၂ မျိုးရှိသည်။ ဥပမာ စာစီစာကုံး ရေးရန်အ များစုမှာ သုတစာပေနှင့် နှီးနွယ်၊ စုဆောင်းရှာ ဖွေတတ်လျှင်အခြေခံစာပေအဆင့်ဟု ဆိုရ မည်။ ခုနှစ်၊ သက္ကရာဇ်၊ ခေတ်၊ အဆိုအမိန့်၊ အတွေးအခေါ်ပညာရှင်မှန်ကန်တိကျရန်လို အပ်ပါသည်။ မည်သည့်ဦးတည်ချက်မျှ၊ မည်သည့်စာချုပ်၊ မည်သူတွေ မည်သည့်နေ ရာချုပ်ဆိုကြ စသောဗဟုသုတတိကျမှုဦးစား ပေးရသော စာပေအဆင့်ဖြစ်ပါသည်။ ဥပမာ ဆိုပါစို့။ ကျန်းမာရေးစာပေအများစုမှာ သုတ စာပေဖြစ်ပါသည်။ နဝမတန်းမြန်မာစကားပြေ လက်ရွှေးစင်တွင် ဆရာကြီး သိန်းဖေမြင့်၏  "ကျောင်းစာစီစာကုံးမှသည် ရသစာပေဆီသို့" ဟူသောသင်ခန်းစာသည် ဦးနှောက်တွင်ရှိနေ သော သုတစာပေကို နှလုံးသားသို့ရောက်ရှိ စေသော ရသစာပေအဆင့်အထိ တိုးမြှင့်သိရှိ လေ့ကျင့်စေလိုခြင်းဖြစ်သည်။
.
"စျေးမြင်ကွင်း"ဟူသော စာစီစာကုံးကို  မိမိမြင်သည့်အတိုင်းရေးလျှင်ရပါ၏။ ၎င်းမှ တစ်ဆင့် အသားငါးအမျိုးမျိုးနှင့် ပဲအမျိုးမျိုးမှ ရရှိသော ပရိုတင်း၊ အချဉ်ရွက်မှ ရရှိသောဗီ တာမင်စသည်ဖြင့် ရေးလျှင်သုတစာပေစာစီ စာကုံးဖြစ်မည်။ ၎င်းမှတစ်ဆင့်တက်၍ စျေး ဝယ်နေသူ မိခင်များ၏ စျေးအပြန် အိမ်အ ရောက် သားသမီးကြိုက်နှစ်သက်ရာ ဝယ်ယူ နေသော မေတ္တာအတွေ့၊ ဘုရားပန်းသည် တန်းမြင်ကွင်းမှ ဘုရားပန်းကပ်လှူခြင်းအ ကျိုးဟူသော သုတမှသည် စိတ်ကြည်လင် ချမ်းမြေ့မှု၏ အရသာ(ရသ) အထိရေးဖွဲ့နိုင် လျှင် ရေးသူ၊ ဖတ်သူအကျိုးများပေလိမ့်မည်။
.


.
သုတစာပေသည် ဦးနှောက်သို့ ရောက်ရှိ ပြီး ဘဝတိုးတက်မှု၊ အများတကာရှေ့မျက်နှာ ပွင့်လန်းရဲတင်းမှုနှင့် ညိုးငယ်အားငယ်စိတ် များ ကင်းပျောက်စေနိုင်သည်။ ကမ္ဘာကျော် များ၏ အတ္ထုပ္ပတ္တိစာပေများ၊ နိုင်ငံကျော်များ၏ ဘဝဖြတ်သန်းခဲ့ရသော အတွေ့အကြုံစာပေ များတွင် သုတစာပေကများပါ၏။ သုတနှင့်ရ သမျှဝေပါဝင်သော အတ္ထုပ္ပတ္တိများလည်းရှိပါ သည်။ သုတစာပေကိုသာ ဦးစားပေးသူများ သည် တစ်ယူသန်ဖြစ်သွားတတ်ပြီး အငြင်း သန်သွားတတ်ကြသည်။ လူမှုဆက်ဆံရေး တွင် အတ္တများလာပြီး ငါသိငါတတ်ဖြစ်လာ တတ်သည်။ များသောအားဖြင့် တစ်ဖက်သား အပေါ်အထင်သေးတတ်ကြသည်။ ဤသို့ သောသုတစာပေသမားများအနေဖြင့် ရသစာ ပေကို ခံစားဖတ်ရှုလေ့လာလျှင် အမျိုးမျိုး ပြောင်းလဲလာတတ်ကြပါသည်။ ရသစာပေ သည်ကိုယ်ချင်းစာတရားများ၊  စာနာနားလည် မှုများကို ပေးနိုင်စွမ်းပါသည်။
.

"မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မ ပြတ်၊ အိမ်တွင်ဖတ်" ဟူ၍ဆုံးမလမ်းညွှန်ထား သော ပျို့ကဗျာရှိပါ၏။ ဆောင်းပါးအစတွင် ရေးသားခဲ့သည့်အတိုင်းပင် ပထမဦးစွာ ဗဟု သုတရှာမှီးရပါမည်။ ရှာမှီးပြီးကာမှ မိမိ၏ဗဟု သုတကို တစ်ခြားတစ်ပါးသုတရစေရန်အလို့ ငှာ မျှဝေရပါမည်။ ဤသည်မှာစာပေသမား၏ ပတမအဆင့်ဖြစ်ပြီး၊ သုတစာပေအခြေခံခြင်း ၏ မရှိမဖြစ်အဆင့်ဖြစ်ပါသည်။ ဦးနှောက်ကို ဦးစားပေးရသော၊ မှတ်စုကို ဦးစားပေးရသော အဆင့်ဖြစ်သည်။ မိမိတွင်စာပေ၏အခြေခံဖြစ် သော ဗဟုသုတမရှိပါဘဲ စာပေနယ်သို့ဝင် ရောက်ရန် မဖြစ်နိုင်ပါ။ ထိုဗဟုသုတအခြေခံ" သုတစာပေ" အခြေခံအဆင့် ကောင်းမွန်ခိုင် မာရန် ဗဟုသုတမြောက်များစွာ မှတ်သားထား နိုင်ဖို့လိုအပ်သည်။ အခြေခံအုတ်မြစ်ကောင်း မွန်ခိုင်မာမှု မရှိဘဲ အထပ်မြင့်ဖြစ်သော ရသစာ ပေနှင့် စိတ်ခံစားချက်အခြေခံ လူမှုဝန်းကျင် ကောင်းကျိုး ဆောင်ရွက်နိုင်ရန် ခက်ခဲလှပါ သည်။
.
"Print လုပ်နိုင်အောင်ကြိုးစားပါ။ သို့မ ဟုတ်ပါက Perish ဖြစ်သွားလိမ့်မည်။" ဆို သောစကားရှိသည်။ မိမိမှတ်သားထားသော၊ ရှာမှီးထားသော ဗဟုသုတများကို Print (ပုံ နှိပ်) ပြီး မှတ်တမ်းပြုစုမထားခဲ့လျှင်၊ ရှာမှီးပြီး ဝေမျှခြင်း (sharing) မလုပ်နိုင်လျှင် Perish  (ပုပ်သိုး= အလဟဿ= သုံးမရ) ဖြစ်သွား တတ်ကြောင်း လမ်းညွှန်ထားသော စကားဖြစ် သည်။ ပညာသင်ယူထားသူများနှင့် စာပေဖတ် ရှုထားသူများအတွက် လွန်စွာအသုံးဝင်ပြီး၊ မှတ်သားထိုက်သော စကားဖြစ်ပါသည်။ ထို့အ ပြင် ရှာမှီးသိုလှောင်ပြီး၊ မျှဝေခြင်းပြုလုပ်ရန် လိုအပ်ချက်ရှိသောနေရာ၊ လိုအပ်ချက်ရှိသော အသိုင်းအဝိုင်းနှင့် မိမိဦးတည်မျှဝေနေသော လူ့အဖွဲ့အစည်းများကိုသိရန် Research (သု တေသန) လိုပါသည်။
.
စာနာနားလည်မှု၊ ကိုယ်ချင်းစာတတ်မှု ဆိုသည်မှာ ခံစားတတ်သောနှလုံးသားရှိပြီး လောကကမ္ဘာရှိ လူအမျိုးမျိုး၏ ဘဝအမျိုးမျိုး၊ အကြောင်းအရင်း အမျိုးမျိုးကို နားလည်မှုပေး နိုင်ရန် လိုအပ်သည်။ သမိုင်းခေတ်အဆက် ဆက် ရှင်သန်ဖြတ်သန်း ရင်ဆိုင်ခဲ့ရသော သ မိုင်းတွင် ရသစာပေများစွာရှိပါသည်။ ဤသည် ကို သမိုင်းအသိ(ခုနှစ်၊ နာမည်) လောက်နှင့် သာ ရပ်မနေဘဲ ဖြတ်သန်းခဲ့ရသော ခေတ်၊ ဘဝ၊ စနစ်တို့ကိုပါ လေ့လာနိုင်လျှင် သူ့ပတ် ဝန်းကျင်နှင့် သူ့စိတ်နေစရိုက်၊ သူ့ဗီဇနှင့် သူ့ ရပ်ဝန်းတို့ကိုပါ နားလည်ပေးနိုင်ပြီး သုတစာ ပေကို ရသစာပေနှင့် ပူးတွဲလေ့လာတတ်သော ရင့်ကျက်သည့် စာပေသမား ဖြစ်လာပါလိမ့် မည်။
.
သုတ နှင့်ရသ ၂ မျိုးစလုံး မျှတစွာရှိမှု၊ တစ်နည်းအားဖြင့် ဦးနှောက်နှင့် နှလုံးသား မျှ မျှတတ လိုက်လျှောညီထွေမှုသည် စာပေသ မားများအတွက် သာမကလူမှုနယ်ပယ်အားလုံး ၌ လိုအပ်လှသည်။ အထူးသဖြင့် နောင်အနာ ဂတ်၏ အားကိုးအားထားရာ ဖြစ်လာမည့် ကျောင်းသားလူငယ်များကို ထိန်းကျောင်းပြုစု ပျိုးထောင်နေသော ခေါင်းဆောင်များ၊ ဆရာ ဆရာမ၊ အုပ်ထိန်းသူများတွင် အထူးလိုအပ်ပါ သည်။ သုတစာပေများမှရရှိထားသော ဗဟုသု တများကို ရသစာပေဖတ်ရှုခြင်းအားဖြင့် စာနာ နားလည်မှုများစွာ ပေး၍ပြုစုပျိုးထောင်လျှင် အကြီးနှင့် အငယ်ကြား၊ ဆရာနှင့်တပည့်ကြား၊ ငြိမ်းချမ်းသာယာမှုကို ရရှိပါလိမ့်မည်။ သို့မ ဟုတ်ဘဲ စာနာနားလည်မှု(မျှတသောခံစား ချက်) မရှိပါကလောဘများ ဒေါသများနှင့် စိတ် မချမ်းမြေ့ဖွယ်ရာ ပတ်ဝန်းကျင်ကြီးဖြစ်လာ မည်။ ရသစာပေမဖတ်ရှုသော သူများသည် ကိုယ်ချင်းစာတရား ခေါင်းပါးလာတတ်ပြီး အာ ဃာတ၊ အငြိုးများနှင့် ရက်စက်ကြမ်းကြုတ်မှု များရှိနေကြပေလိ်မ့်မည်။
.
ယနေ့ခေတ်တွင် စာအုပ်စာပေဖတ်ရှုမှု အားနည်းနေကြပြီး ဖုန်း handset၊ အင်တာ နက်ကိုဦးစားပေး၊ သတင်းနှင့် သုတကိုသာ အ လေးထားနေကြသည်။ သတင်းဦးဦးဖျားဖျား သိရပြီး သူ့ထက်ငါဦးရာကို အာပေါင်အာရင်း သန်သန် ပြောနိုင်ဖို့ ဗဟုသုတလည်းရှာမှီးကြရ မည်။ ရှာပြီးသော သုတများကိုလည်း မျှဝေနို်င် အောင် ကြိုးစားရန်လိုအပ်ပါသည်။ ထိုမျှမက လောကလူ့ဘောင်ပို၍ ကောင်းကျိုးများစေမည့် စာနာနားလည်မှုပေးနိုင်မည့် ရသစာပေ (စိတ် ခံစားချက်နှင့် ဘဝစရိုက်၊ ပတ်ဝန်းကျင်အမျိုး မျိုးကို ထင်ဟပ်စေသော စာပေများကို အချိန် ပေး၍ ဖတ်ရှုစေချင်သည်။ ရသစာပေကို ဖတ်ရှုလေ့လာပြီး သူများသည် ပတ်ဝန်းကျင် တွင် ကျင်လည်ရာ၌ မျှတသော နှလုံးသွင်းခြင်း (ယောနိသော၊ မနသိကာရ) ဖြင့်စိတ်နှလုံးအေး ချမ်းသာယာမှုကို မိမိသာမက တစ်ပါးသူကိုပါ ဝေမျှပေးနိုင်ကြပါစေကြောင်း ရေးသားမျှဝေ အပ်ပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats