ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 29, 2019

ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး

ကျော်ကျော်လင်း (ရှမ်းပြည်)
.
"ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်း" ဟုတင်စားကြသည့်အ လျောက် နိုင်ငံ၏စီးပွားရေးကို အထောက်အ ပံ့ပြုလျက်ရှိသည်။ ယခု ကာလများတွင် ပဋိ ပက္ခများကြောင့် ခရီးသွားများသည် သူတို့၏ ခ ရီးစဉ်လည်ပတ်မှုကို စဉ်းစားလာတော့သည်။ ခ ရီးသည်များဘက်မှစဉ်းစားပါက ဝင်ရောက် ထွက်ခွာမှုခက်ခဲသော နိုင်ငံများကို၊ ဒေသများ ကို စိတ်ဝင်စားမှု နည်းမည်သာဖြစ်သည်။ သို့ သော်ပြည်ပခရီးသွားများနည်းတူ ခရီးသွားမြှင့် တင်မှု အစီအစဉ်များကြောင့် ပြည်တွင်းခရီး သွားများလည်း လည်ပတ်လာကြသည်။ နိုင်ငံ စီးပွားရေးကို အထောက်အကူပြုနေသည့် စီး ပွားရေးလုပ်ငန်းဖြစ်သည်မှာ မငြင်းနိုင်သောအ ချက်ဖြစ်သည်။ နိုင်ငံသားများ၏ တစ်ဦးချင်းဝင် ငွေကိုလည်း အကျိုးပြုနေသည်။ ယခုကာလ ကို "ခရီးသွားလုပ်ငန်း၏ ကျန်းမာရေးသည် နာမကျန်းရာမှ ပြန်လည်နိုးထအားယူလာချိန်" ဟုဆိုနိုင်ကြသည်။ ခရီးသွားလုပ်ငန်း စီးပွား ရေးသသည်ဦးဆောင်သူတို့၏ စိတ်ဝင်စားမှု၊ အားပေးမှုတို့နှင့် အလှမ်းမကွာသင့်ပေ။ အချိန် တိုအတွင်း နိုင်ငံဝင်ငွေကို ရရှိလာနိုင်သည့် လုပ်ငန်းဖြစ်သည်။
.
ထိုလုပ်ငန်းကဏ္ဍသည် တစ်ဦးတစ် ယောက်တည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍ မရနိုင်သည်မှာ အမှန်ဖြစ်သည်။ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတိုင်းက တစ်စုတစ်စည်း တည်းစုပေါင်းအကောင်အထည်ဖော်မှသာ ခ ရီးသွားလုပ်ငန်းကြီးသည် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ စွမ်းဆောင်ရည် နှင့် စေတနာသာအဓိကဖြစ်သည်။ မြန်မာနိုင်ငံ ၏ အနောက်ဘက်ရခိုင်ဒေသ၏ အခြေအနေ ကြောင့် ပရောဂနိုင်ငံသားများဝင်ရောက်မှု လျော့နည်းနေသော်လည်း အာဆီယံ ၃ နိုင်ငံ များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နိုင်ငံသားများ၏ ဝင်ရောက်မှုမှာ လျော့နည်းမှု မရှိဘဲ အပေါင်းလက္ခဏာဆောင်နေကြောင်း တွေ့ရသည်။ အနောက်နိုင်ငံများ၏ အထင်အ မြင်လွဲမှားစိုးရိမ်မှုများကိုလည်း နည်းလမ်းကြံ ဆဖြေရှင်းသင့်သည်၊ ဆက်နွယ်ပတ်သက်သူ တိုင်း ခရီးစဉ်ဒေသများတွင် အေးချမ်းတည်ငြိမ် မှုရှိသည့် အခြေအနေများကို နိုင်ငံတကာသို့ အသိပေးသင့်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်သင့်ပြီဖြစ်သည်။
.
ကမ္ဘောဒီးယားနိုင်ငံရှိ အင်ကောဝပ်နှင့် နှိုင်းယှဉ်ပြီး ပုဂံ၏ စျေးကွက်နှုန်းထားသည် မြင့်မားနေသည်ဟု ပြည်တွင်းခရီးသွားများက မှတ် ချက်ပြုကြသည်။ ပုဂံ၏စျေးကွက်နှင့် ပြည်တွင်း စျေးကွက်အချင်းချင်းနှိုင်းယှဉ်လျှင်ပင် မြင့်မားနေသည်မှာ အံ့သြဖွယ်ပင်တွေ့ရ သည်။ ကုန်ကျစားရိတ်ပိုများသည့်အတွက်ကို လက်တွေ့ခံစားရသူမှာ ပြည်တွင်းခရီးသည် များ၊ ဘုရားဖူးများသာဖြစ်သည်။ လည်ပတ်ရာ နေရာများ၊ လည်ပတ်ချိန်ကာလများကို လျော့ ချခြင်းဖြင့် ခရီးသည်များကတုံ့ပြန်ကြသည်။ လက်တွေ့နစ်နာသူမှာ ပြည်သူများဖြစ်ကြ သည်။ အရေအတွက်များများကို ငြင်းဆို၍ အရည်အသွေးပြည့်ဝမှုကို တောင်းဆိုလာချိန် တွင် နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပါက မိမိတို့သာ မျက်ကွယ်ပြုခြင်းခံရပေတော့မည်။
.


.
မြန်မာနိုင်ငံတွင် ယူနက်စကိုမှ အသိအ မှတ်ပြုထားသော ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုးနှင့် သရေခေတ္တရာတို့ရှိသည်။ ပုဂံ သည်လည်းပါဝင်လာခဲ့သည်။ သမိုင်းကြောင်း နှင့် ယဉ်ကျေးမှုတန်ဖိုးကိို မသိထားသောအရပ် ဒေသများသို့ သွားရောက်လည်ပတ်ရန်မှာ အ ဓိပ္ပာယ်ကင်းမဲ့သည်ဖြစ်ရာ မိမိတို့၏ ခရီးသွား ဒေသများကို ကမ္ဘာလှည့်ခရီးသွားများသိရှိ အောင် ကြော်ငြာထားရမည်။ ထိုသို့ကြော်ငြာ ရာတွင် ယခင်ကလာရောက်လည်ပတ်ခဲ့ဖူးသူ များ၏ ထောက်ခံချက်၊ မှတ်ချက်၊ ထင်မြင်ချက် များက များစွာအရေးပါလှသည်။ ခရီးသွားလုပ် ငန်းဆိုသည်မှာ နိုင်ငံခြားခရီးသည်များ ခရီး လှည့်လည်သွားလာရေးအတွက် စီစဉ်ဆောင် ရွက်ပေးသည့် စီးပွားရေးလုပ်ငန်းဖြစ်သော ခ ရီးစဉ်ဆောင်ရွက်မှုလုပ်ငန်း၊ ခရီးသွားကိုယ် စားလှယ်လုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ် ငန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းတို့ပါဝင်သော လုပ်ငန်းဖြစ်သည်။
.

ခရီးသွားဆွဲဆောင်နိုင်သော နေရာများမှာ ရှိရင်းစွဲသဘာဝအနေအထားများ၊ ယဉ်ကျေးမှု တန်ဖိုးများနှင့် သိသာထင်ရှားသည့်သမိုင်းအ ထောက်အထားရှိသည့် နေရာများ၊ သဘာဝအ နေအထားသို့မဟုတ် လှပစွာတည်ဆောက် ထားသည့် နားနားနေနေအဆင်ပြေနေထိုင်နိုင် သည့် နေရာများဖြစ်သည်။ ကမ်းခြေများ၊ အပူ ပိုင်းဒေသသန္တာကျောက်တန်းများဖြင့် တည်ရှိ နေသောကျွန်းနေရာများ၊ စုစုဝေးဝေး သွား ရောက်နိုင်သည့် အမျိုးသားဥယျာဉ်ကြီးများ၊ တောင်များ၊ သဲကန္တာရနှင့် သစ်တောများသည် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သမားရိုး ကျနေရာများဖြစ်သည်။ နွေရာသီအားလပ်ချိန် များတွင် ခရီးသွားဧည့်သည်များ ဝင်ထွက်သွား လာတတ်သည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား ဆွဲဆောင်မှုများ သမိုင်းဝင်နေရာ၊ အဆောက် အအုံများ၊ရုပ်ပွားတော်များ၊ ယဉ်ကျေးမှုသမိုင်း ပြတိုက်များ၊ လက်မှုပညာပြခန်းများ ရဲတိုက် ကြီးများ၊ စံအိမ်တော်များ၊ ရှေးဟောင်းအကျဉ်း ထောင်ကြီးများ၊ မိုးပျံအဆောက်အအုံကြီးများ နှင့် တံတားကြီးများ စသည်တို့ဖြစ်သည်။
.
ပျော်ပွဲရွှင်ပွဲအစီအစဉ်များ၊ ခင်းကျင်းရာအ ပန်းဖြေဥယျာဉ်များနှင့် ဝတ်စုံအဆန်းအပြား ဝတ်ဆင်၍ လှည့်လည် ကခုန်ခြင်းမျိုး ပါဝင် လေ့ရှိသည့်ပွဲတော်များ၊ ရှေးဟောင်းယဉ်ကျေး မှုပြတိုက်များ၊ သမိုင်းဝင်ယဉ်ကျေးမှုပြပွဲများ သည်လည်း ခရီးသွားများအား ဆွဲဆောင်နိုင် သောနေရာများဖြစ်သည်။ ခရီးသွားဆွဲဆောင် မှုများဖြင့် ဆောင်ရွက်ကြရမည်။ သဘာဝခရီး သွားအနေဖြင့် မြိတ်ကျွန်းစု၊ ဟူးကောင်း တောင်ကြား၊ ခါကာဘိုရာစီ၊ အလောင်းတော် ကဿပ၊ အမျိုးသားဥယျာဉ်၊ ပုပ္ပားတောင်တို့ သည် ခရီးသွားများ အများဆုံးဝင်ရောက်လေ့ရှိ သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် အဆင့် ၃၀ နေရာ တွင် ရှိနေပြီး အချို့နေရာများသည် ယူနက်စ ကို၏ ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး အစီအစဉ်များ တွင် ပါဝင်နေသည့် နေရာများပင်ဖြစ်သည်။
.
ခရီးသွားလုပ်ငန်းများ တိုးတက်လာစေ ရေးတွင် နို်င်ငံအတွင်း ၁၂ လရာသီပွဲတော်များ ကျင်းပပေးခြင်းဖြင့်လည်း ဆွဲဆောင်နိုင်သည် တစ်လတွင် ပွဲတော်တစ်ခုကျစီရှိခဲ့သော်လည်း ပြောင်းလဲပျောက်ကွယ်မှု မရှိစေရန် အစဉ်အ လာအရ ထိန်းသိမ်းကျင်းပပေးခြင်းဖြင့် ခရီး သွားများကို ဆွဲဆောင်နိုင်သည့် နည်းလမ်း တစ်ခုပင်ဖြစ်နိုင်သည်။
.
သင်္ကြန်ရေသဘင်ပွဲတော်၊ ညောင်ရေ သွန်းပွဲများကို တန်ခူး၊ ကဆုန်လများတွင်ကျင်း ပကြသည်။ သင်္ကြန်ရေသဘင််ပွဲတော်သည် ခ ရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည်။ နယုန်လစာပြန်ပွဲ၊ ၀ါဆိုလ ၀ါဆိုပွဲတော်၊ ၀ါ ခေါင်လ စာရေးတံမဲပွဲများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအခြေခံ ပွဲတော်များဖြစ်သည်။ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲနှင့် အဘိဓမ္မာအခါတော်နေ့ပွဲများ၊ တန်ဆောင်မုန်းလ မီးထွန်းပွဲနှင့် ကထိန်ပွဲများ လည်း ယဉ်ကျေးမှုဓလေ့အခြေခံနှင့် ဘာသာ ရေးပွဲတော်များပင်ဖြစ်သည်။ နတ်တော်လ စာ ဆိုတော်နေ့၊ ပြာသိုလ မြင်းခင်းသဘင်၊ တပို့ တွဲလ ထမနဲပွဲနှင့်၊ တပေါင်းလ တပေါင်းပွဲ တော်များသည်လည်း ဓလေ့ထုံးတမ်းအစဉ်အ လာအရ ကျင်းပသည့်ဘာသာရေးနှင့် ယဉ် ကျေးမှုပွဲတော်များပင် ဖြစ်သည်။ ရိုးရာယဉ် ကျေးမှုကို အခြေခံ၍ စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်ပေးနိုင်လျှင် ခရီးသွားလေ့လာ  သူများအတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်လာ နိုင်သည်။ ၁၂ လရာသီပွဲတော်များကို အစိုးရ နှင့် ပုဂ္ဂလိကစုပေါင်းအကောင်အထည်ဖော် ခြင်းဖြင့် ခရီးသွားဆွဲဆောင်မှု အခြေခံကောင်း တစ်ခု ဖြစ်လာနိုင်သည်။ သာဓကအားဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံ ပွဲတော်ဆိုသည့် ပြည်တွင်းပြည်ပ ခရီးသွား များကို ဆွဲဆောင်ထားနိုင်သည်ကို တွေ့နိုင်ပါ သည်။
.
ယခုအခါ လူထုအခြေပြုခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအသစ်များကို ဆောင်ရွက်နေကြ ပြီဖြစ်ရာ ပြည်ပခရီးသွားများကို ကျေးလက် ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုများ ရနိုင် တော့သည်။ ပြည်ပခရီးသွားများသည် ကျေး လက်ပြည်သူများ၏ရိုးရာဓလေ့များ၊ ယဉ်ကျေး မှုများ၊ နေထိုင်မှုပုံစံများကို လက်တွေ့ဝင် ရောက်ခံစားလိုသဖြင့် ဝန်ဆောင်မှုပေးသူ ကျေးရွာလူထုကပင် ခရီးသွားလုပ်ငန်း ကျွမ်း ကျင်မှုနည်းပညာအခြေခံများ တတ်မြောက်ပြီး ဖြစ်ရပါမည်။ ဧည့်ဝတ်ကျေပွန်ဝန်ဆောင်မှုများ ကို ပေးနိုင်မှသာ ခရီးသွားများ ပိုမိုစိတ်ဝင်စား လာမည်ဖြစ်သည်။
.
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက  အစိုးရ၏ရငွေများအဖြစ်ခရီးသွားစီးပွားရေး လုပ်ငန်းများ၏ ဝင်ငွေအပေါ်မှ နိုင်ငံတော်သို့ တိုက်ရိုက်ထည့်ဝင်ငွေများနှင့် ခရီးသွားများထံ မှ စည်းကြပ်ကောက်ခံရငွေများ ရရှိနိုင်သည်။ ကျေးလက်အထိအလုပ်အကိုင် အခွင့်အလမ်း များတိုးပွားလာနိုင်သည်။ အခြေခံအဆောက် အအုံနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးပွားလာနိုင်ရေး အတွက် နှိုးဆွပေးနိုင်သည့် ဒေသစီးပွားရေး လုပ်ငန်းများကို အားပေးနိုင်ကာ နိုင်ငံတော်အ တွက် နိုင်ငံခြားငွေများ ရှာဖွေပေးနိုင်လေ သည်။
.
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန်အခြေခံ အ ဆောက်အအုံများရှိခြင်း၊ နိုင်ငံအတွင်းခရီးသွား လှည့်လည်ရာတွင် လုံခြုံစိတ်ချရခြင်း၊သယ်ယူ ပို့ဆောင်ရေး၊ တည်းခိုနေထိုင်စားသောက်ရေး တို့တွင် ဝန်ဆောင်မှုကောင်းခြင်း၊ ခရီးသွာများ အတွက်စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်အမှတ်တရ ခရီးစဉ်များ စီစဉ်ပေးခြင်း၊ ပြည်တွင်းနှင့်နိုင်ငံ တကာ အတွက်ခရီးသွားစျေးကွက်ကြော်ငြာ အားကောင်းအောင် ဆောင်ရွက်ခြင်းနှင့် သ တင်းအချက်အလက်များ အလွယ်တကူ ရှာ ဖွေနိုင်ရန် စီစဉ်ထားခြင်းတို့လိုအပ်သည်။
.
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးရာ နှင့်ချီ၍ ရှိပေရာရိုးရာပွဲတော်များနှင့် အကများ မှာလည်း စုံလင်လှပေသည်။ အဆိုပါခရီးသွား ဒေသများသို့ ကမ္ဘာလှည့်ခရီးသည်များ အ လွယ်တကူ အဆင်ပြေစွာသွားရောက်နိုင်ရေး အတွက် လမ်းပန်းဆက်သွယ်ရေးကို ပိုမိုတိုး တက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ အရေးကြီးသည်မှာ အဆိုပါဒေသ များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ ဒေသခံများ၏ နိုင်ငံခြားဘာသာစကား ပြော ဆိုနိုင်စွမ်းကိုလည်းကောင်း၊ အဆိုပါဒေသများ တွင် ဒေသခံဧည့်လမ်းညွှန်များကို မွေးထုတ် ပေးရန်ကိုလည်းကောင်း လိုအပ်သည်။
.
ယနေ့ခေတ်ခရီးသွားလုပ်ငန်း၏ ပုံစံသည် ၂၁ ရာစု အခင်းအကျင်းနှင့် အတူလိုက်ပါ ပြောင်းလဲလျက်ရှိသည်။ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာမှုအတွက် စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် အခြေခံလိုအပ်ချက်များကို ပြင် ဆင်ထားသင့်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ခ ရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်တင်းပေးခြင်း၊ လေယာဉ်ကွင်းများ၊ ဟို တယ်များကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် ခရီး သွားလုပ်ငန်းမှ နို်င်ငံတော်စီးပွားရေးကို များ စွာ အထောက်အကူပြုနိုင်ပါသည်ဟု တင်ပြလိုက်သည်။

No comments:

Post a Comment

Journal Download

Photo of three cats