ရွှေ့ပြောင်း အလုပ်သမားများ အကြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, September 20, 2019

ရွှေ့ပြောင်း အလုပ်သမားများ အကြောင်း

ကျော်ကျော်လင်း (ရှမ်းပြည်)
.
လူ့ သမိုင်း၏ အစောပိုင်း စတင်သည့် ကာလများ ကတည်းကပင် ဖြစ်တည်လာသည့် ပြဿနာ ဟောင်းကြီး တစ်ခုမှာ ရွှေ့ပြောင်း ဝင်ရောက် နေထိုင်ခြင်း ဖြစ်သည်။ အချုပ် အချာအာဏာ ပိုင်သည့် နိုင်ငံများ အဖြစ် တည် ရှိသော ကမ္ဘာ့နိုင်ငံများအဖြစ် ကမ္ဘာနှင့် တဝန်း အသီးသီး အသိအမှတ်ပြု ခြင်းများ ရှိကြသည်။ စင်စစ်မူ ရွှေ့ပြောင်းနေထိုင်ခြင်းသည် လူ့သ မိုင်း စတင်သည်နှင့် တည်ရှိလာသော ပြဿ နာတစ်ရပ်ဟု ဆိုရပေမည်။ ယခုလို ၂၁ ရာ စု ကာလရောက်မှ ပေါ်ပေါက်လာသည့် ပြဿနာအသစ် တစ်ရပ်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာ ကူးပြောင်းဝင်ရောက်မှု အဖွဲ့ကြီး (IOM) ကို ၁၉၅၁ ခုနှစ် ကတည်းကပင် ဖွဲ့စည်း ထား သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
.
အဖွဲ့ကြီးသည် နာမည် ၄ မျိုး တွင် ခဲ့သည်။ မူလက PICMME  ဟူသော အမည်မှ ၁၉၅၂ ခုနှစ်တွင် ICEM ၊ ၁၉၈၀ ပြည့်နှစ်တွင် ICM မှ ယခုလက်ရှိ အမည်တွင် နေသော IOM ဟူသည့် အမည်နာမကို ၁၉၈၉ ခုနှစ်တွင် ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်သည်။ ရာ စု နှစ်ဝက်ကျော်အတွင်း ထောက်ပံ့ဖြည့်တင်း ရေး အေဂျင်စီအဖြစ်မှပြောင်းရွှေ့ ဝင်ရောက်မှု အေဂျင်စီအဖြစ်သို့ ရောက်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ အစိုးရများ NGO များ၊ INGO များ နှင့် နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်နေ သော IOM ကို မူလက PICMME ဟု ခေါ် သည်။ ပြောင်းရွှေ့ ဝင်ရောက်သူများ၏ သွား လာ လှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ အစိုးရ ယာယီကော်မတီ၏ အတိုကောက် စာလုံးဖြစ် သည်။ ဒုတိယကမ္ဘာစစ်အပြီး အနောက်ဥရော ပရှိ ကစဉ့်ကလျား ဖြစ်မှုများနှင့် နေရာမဲ့ဖြစ်မှု များကြောင့် ၁၉၅၁ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ သော နိုင်ငံတကာအစိုးရ ကော်မတီတစ်ရပ် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဒုက္ခ ရောက်ခဲ့ရသော၊ မြေလှန်ခံရသော ၁၁ သန်း ခန့်မျှရှိသော ပြည်သူများကို ပြန်လည်နေရာချ ထားမည့် နိုင်ငံများ ရွေးချယ်သတ်မှတ်ဖော် ထုတ်ရေး၌ ဥရောပအစိုးရများကို အကူအညီ ပေးရန် အခွင့်အာဏာအပ်နှင်းခြင်း ခံရသော IOM သည် ပြောင်းရွှေ့ဝင်ရောက်သူများ ၏ အရေးကို စီစဉ်ပေးခဲ့သည်။ အဖွဲ့ကြီး၏ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ၁၉၅၃ ခုနှစ်အောက် တိုဘာ ၁၉ ရက်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့ ၌ အပြီးသတ် ရေးဆွဲခဲ့ပြီး နောက်တစ်နှစ်ကျော် အကြာ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် အာဏာသက်ရောက်ကာ တရားဝင်အဖွဲ့အ စည်းတစ်ရပ်အဖြစ် မွေးဖွားပေါ်ပေါက်လာခဲ့ သည်။
.
IOM သည် ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အမှုထမ်းပေါင်း ၈၄၀၀ ကျော် ခန့် အပ်ထားရှိပြီး လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက် သည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၇၅ ဘီ လီယံအထိ ရှိလာပါသည်။ ယခုကာလသည် ပြောင်းရွှေ့ဝင်ရောက်မှု ပြဿနာသည် အကြီး မားဆုံးသော ပြဿနာဖြစ်သည်။
.
ရွှေ့ပြောင်းနေထိုင်ခြင်းအကြောင်းရင်းကို လေ့လာကြည့်လျှင်-
-မြင့်မားသော လုပ်အားခများနှင့် အလုပ်အ ကိုင် အခွင့်အလမ်းများ ပိုမိုရရှိလိုခြင်း
- အများပြည်သူ ဝန်ဆောင်မှုများဖြစ်သော ပ ညာရေး၊ ကျန်းမာရေးတို့တွင် ပိုမိုကောင်းမွန်စွာ ရရှိနိုင်ခြင်း၊
- မိသားစုအကြောင်းပြချက်များကြောင့် ဖြစ် သည်ကို တွေ့ရသည်။ အကွာအဝေးနှင့် အ များသုံး ဘာသာစကားသည် ရွှေ့ပြောင်းနေ ထိုင်သူများ၏ ရွှေးချယ်စရာ အရင်းအမြစ်များ ဖြစ်သည်။ မူရင်းနိုင်ငံမှ ထွက်ခွာခဲ့သည့် အခြား သော အထောက်အထားအရ ရွှေ့ပြောင်းနေ ထိုင်သူများသည် အမိနိုင်ငံတွင် ရရှိသည့် ဝင် ငွေထက် ပိုရသည်။ ဝင်ငွေနည်းနှုန်း၊ အလုပ် လက်မဲ့နှုန်းများသည် ရွှေ့ပြောင်းနေထိုင်သည့် နိုင်ငံတွင် အမိနိုင်ငံထက်နည်းသည်ကို တွေ့ နိုင်သည်။
.


.
ရွှေ့ပြောင်းနေထိုင်သူ အများစုသည် မည် သည့်ပုံစံဖြင့် ရွှေ့ပြောင်းနေထိုင်ကြသည် ဖြစ် စေ ထက်ဝက်ကျော်သည့် အမျိုးသမီးများဖြစ် ပြီး အချို့နိုင်ငံများတွင် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာ ခိုင်နှုန်းအထိ ရှိကြသည်။ အမျိုးသမီးများသည် အလုပ်သမားဘဝဖြင့် ပြောင်းရွှေ့ကြသည်။ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း များတွင် လုပ်ကိုင်ပါက အနိမ့်ဆုံးလစာသာရရှိ ကြသည်။ မကြာခဏ လိင်ခွဲခြား ဆက်ဆံခံရ ကာ ပုံမှန်မဟုတ်သော လုပ်ငန်းများဖြစ်သည့် အိမ်အကူလုပ်ငန်းများတွင် စွန့်စွန့်စားစား ရင်း နှီးမြှုပ်နှံနေကြသည်။ အထူးသဖြင့် လူကုန်ကူး ခံရသည့် ဘဝနှင့် လိင်အလုပ်သမားဘဝများ ဖြစ်သွားကြပြီး ယင်းဘဝမှာပင် AIDS ကဲ့သို့ သော ရောဂါကူးစက်ခံစားရကာ မလုံလောက် သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘဝနိဂုံး ချုပ်ရသည့် အားနည်းချက်များ ရှိကြသည်။
.

များစွာသော ရွှေ့ပြောင်းနေထိုင်သူများ သည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များ၏ တရားဝင်ခွင့်ပြုချက် စီစဉ်မှုများဖြင့် ရွှေ့ ပြောင်းကြခြင်း မဟုတ်သည်ကို နှစ်စဉ်လိုပင် တွေ့ရသည်။ စီစဉ်ပေးသူ၊ ခွင့်ပြုသူ မရှိဘဲ ထွက်ခွာရွှေ့ပြောင်း နေထိုင်လုပ်ကိုင်ကြသဖြင့် သွားရောက်ရာ ခရီးလမ်းတွင် အန္တရာယ်များ ကြုံတွေ့ရခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည့် ကွန်ရက်အတွင်းရောက်၍ အသုံးချခံရခြင်းများသည်လည်း ကြုံတွေ့ရ သည်။
.
ရောက်ရာအရပ်တွင် နေဖို့ရန်နှင့် အလုပ် လုပ်ဖို့ရန် ခက်ခဲခြင်း၊ မလွတ်လပ်ခြင်း၊ ချုပ် ချယ်ခံရခြင်း၊ ပြန်ပို့ခံရခြင်း၊ စသည်တို့အပြင် ရောက်ရာနိုင်ငံခြား တိုင်းပြည်မြေ (Foreign soil)ပေါ်တွင် ကျန်းမာရေး၊ လူမှုရေး စသည့် ဝန်ဆောင်မှု ရလဒ်များကို မခံစားရပေ၊ ပုံမှန်မ ဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုကြောင့် စိုးရိမ် ကြောင့်ကြမှုများနှင့်အတူ ယင်းတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးကြရသည်လည်း မကြာခဏ တွေ့ရပါသည်။
.
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများ အရေးသည် မြန်မာနိုင်ငံနှင့်လည်း သက်ဆိုင် နေသည်။ နိုင်ငံအတွင်းမှ တရားမဝင်လမ်း ကြောင်းဖြင့်လည်း ပြည်ပသို့ ထွက်ခွာနေကြ သည်။ ရွှေ့ပြောင်းလုပ်ကိုင်ပြီး ဝင်ငွေရှာဖွေ ခြင်းသည် နိုင်ငံအတွက် အလားအလာကောင်း များ ရှိနေပါသည်။ ကောင်းမွန်သော စီမံမှု၊ တ ရားမျှတမှု၊ လူ့အခွင့်အရေး အကာအကွယ်ပေး မှု၊ ပတ်သက်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ပေးရမည်။ အ ထူးသဖြင့် ဆင်းရဲသော နိုင်ငံများမှ လူငယ်များ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းအတွက် သင့်တင့် လျှောက်ပတ်သော လုပ်ငန်းခွင်များတွင် အ တွေ့အကြုံနှင့် လုပ်ငန်းနှင့်ပတ်သက်သည့် ပ ညာရပ်များ ရရှိနိုင်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဌာနခွဲ အစီရင်ခံစာအရ နိုင်ငံတကာ ရွှေ့ပြောင်းသူများ၏ ၁၅ ရာခိုင်နှုန်းသည် အ သက် ၂၀ အောက် လူငယ်များဖြစ်ပြီး ၃၇ သန်း အထိရှိကြောင်း စာတမ်းတွင်ဖော်ပြထားသည်။
.
နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမား များသည် သက်ကြီး၊ သက်ရွယ်၊ သက်ငယ်၊ ယောကျာ်း၊ မိန်းမ၊ ပညာတတ် ပညာသင်များ ပါဝင်ပြီး စစ်ဘေးရှောင်၊ ရာသီဥတုရှောင်၊ ငတ် မွတ်မှုရှောင်၊ ဆင်းရဲမှုရှောင်ရန်အတွက် ရွှေ့ ပြောင်းနေကြခြင်းပင် ဖြစ်သည်။ ရွှေ့ပြောင်းအ လုပ်သမားတစ်ဦးသည် အနိမ့်ဆုံးလစာကိုပင် မရခြင်း၊ နားရက်၊ အားလပ်ရက် မရခြင်း၊ လုပ် ငန်းခွင် ဘေးကင်းမှု မရှိခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်း၊ အချို့မှာ လုပ်ငန်းခွင်၌ သေဆုံးခြင်း၊ နစ် နာကြေး မပေးခြင်း၊ လူမှုဖူလုံရေး လုပ်မပေး ခြင်း၊ ဆေးကုသမှု မပြုခြင်း၊ အကြပ်ကိုင် ခြိမ်း ခြောက်ခြင်း စသည့်အလုပ်သမားဘဝများ၏ ဒုက္ခအစုံကို ခံစားကြရလေသည်။
.
ထို့ပြင် မှုခင်းမျိုးစုံကြုံရခြင်း၊ မတရားအ ဖမ်းခံရခြင်း၊ ရှေ့နေငှားခွင့်မရခြင်း၊ စကားပြန် စီစဉ်မပေးခြင်း၊ လုယက်ခံရခြင်း၊ ကာမကိစ္စ များ၊ လူကုန်ကူးမှုများနှင့် ဆက်စပ်နှောင့်ယှက် ခြင်းများလည်း ကြုံတွေ့ရတတ်သည်။ ဥရောပ နှင့် လက်တင်အမေရိကတိုက်ရှိ ဥရောပအဖွဲ့ ဝင်နိုင်ငံများသို့ အခြားနိုင်ငံများမှ လာရောက် ခြေချနှုန်းများ တိုးတက်ခဲ့သည်။ ယင်းတို့၏ ပြောင်းရွှေ့မှုမှာ သီးခြားရွေးချယ် ရွှေ့ပြောင်း ခြင်းဖြစ်သည်။ အဆင့်မြင့် ကျွမ်းကျင်သူများ ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းပင် ဖြစ်သည်။ လူဦးရေ သိပ်သည်းဆ နည်းသည့် နိုင်ငံများအ တွက် ဦးနှောက်ယိုစီးမှု (Brain Drain)သည် ပြဿနာဖြစ်၍ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်သည် ဟု မှတ်တမ်းစစ်တမ်းများတွင် ဖော်ပြနေပါ သည်။
.
ရွှေ့ပြောင်းအလုပ်သမားကိစ္စသည် တိုင်း ပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေ သည်ဟူသော အမြင်နှင့် ကြည့်နိုင်သည်။ ရွှေ့ ပြောင်းအလုပ်သမားများသည် ယင်း၏ နိုင်ငံ (Home Country)ဖွံ့ဖြိုးတိုးတက်မှုတွင် အ ရေးကြီးကဏ္ဍ၌ ရှိနေသည်။ ရွှေ့ပြောင်းလုပ် ကိုင်ခြင်းမှ ရရှိလာသော လုပ်ခလစာများကို အမိနိုင်ငံအတွက် ဘဏ္ဍာငွေ အရင်းအမြစ်များ စီးဝင်လာစေရန် ဖန်တီးနိုင်သည်။ နည်းပညာ၊ လူမှုရေးကဏ္ဍနှင့် လူ့စွမ်းအား အရင်းအမြစ် များ တိုးပွားလာခြင်းဖြစ်၍ နိုင်ငံ၏ ဆင်းရဲမှု လျှော့ချရေးတွင် အင်အားတစ်ရပ်ဖြစ်လာနိုင် သည်။
.
ရွှေ့ပြောင်းအလုပ်လုပ်ခြင်းမှ ရရှိသောငွေ ကြေးကို အမိနိုင်ငံ မိသားစုထံ ပြန်လည်လွှဲ ပြောင်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ အဓိကကျသည့် ငွေလုံးငွေရင်း ဖြစ်သည်။ ယင်း ငွေကြေးဖြင့် လုံလောက်စွာ စားသောက် နိုင်သည်။ ကလေးများကို ပညာ သင်ပေး နိုင်သည်။ လူနေမှု အဆင့်အတန်း တစ်ခုအထိ နေထိုင်နိုင်ကြသည်။
.
ရွှေ့ပြောင်းအလုပ်သမားများ အရေးသည် စိန်ခေါ်မှုများလည်း ရှိနေသေးသည်။ ပညာ သည် ပညာတတ်နှင့် ကျွမ်းကျင်လုပ်သားများ ပါဝင်လျှင် အမိနိုင်ငံအတွက် ဦးနှောက်ယိုစီးမှု (Brain Drain)ဖြစ်သည်ဟု ဆိုကြပြန်သည်။ တစ်ဖက်တွင်လည်း မိသားစုနှင့် ခွဲခွာနေရခြင်း၊ ဆင်းရဲချမ်းသာကွာဟမှု၊ မမျှတခြင်းနှင့် ရွှေ့ ပြောင်း လုပ်ကိုင်ခြင်းမှ ရရှိသော ဝင်ငွေကိုပေး ပို့ခြင်းကြားတွင် ဖြစ်ပေါ်မှုကို ဦးနှောက်ယိုစီးမှု လည်း မသတ်မှတ်နိုင်ပါဟု ဆိုသူများလည်း ရှိ လာပါသည်။ ပညာရှင်များ ရွှေ့ပြောင်းလုပ်ကိုင် လျှင် ပို့လွတ်သည့် နိုင်ငံနှင့် လက်ခံသည့် နိုင် ငံများတွင် နှစ်ဦးနှစ်ဖက် အကျိုးရလဒ်ရှိသည် ဟု ခန့်မှန်းတွက်ချက်မှုလည်း ရှိလာပါသည်။ ဦးနှောက်ယိုစီးမှုကို လက်မခံကြတော့ပေ။ ရွှေ့ ပြောင်းအလုပ်သမားများသည် မိခင်နိုင်ငံရင်း အတွက် အသိပညာ၊ အတတ်ပညာ၊ နည်းပ ညာနှင့် လုပ်ငန်းအတွေ့အကြုံများကို ရယူ ပေးနိုင်သည်။
.
ရွှေ့ပြောင်းသူများကို လက်ခံထားသည့် နိုင်ငံများရှိသလို ပြန်ပို့သည့် အစီအစဉ်များ လုပ်ဆောင်နေသည့် နိုင်ငံများလည်း ရှိနေဆဲပါ။ ပြောင်းရွှေ့လုပ်ကိုင်သည့် အလုပ်ကိုင် ကောင်း/မကောင်း သုံးသပ်လျှင် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် လက်ခံ ထားသည့်နိုင်ငံအတွက် အကျိုးရှိ/မရှိနှင့် ဇာ တိနိုင်ငံများအတွက် ဦးနှောက်ယိုစီးမှု (Brain Drain)လော ဦးနှောက်သာစီးမှု (Brain Gain) လောကိုသာ စဉ်းစားရန် လိုသည်ဟု ထင်မြင် ယူဆမိပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats