ကိုးကန့်ဒေသတွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

ကိုးကန့်ဒေသတွင် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်

ဇေယျာ
.
ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အား စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ သိရသည်။
.
“ ကျွန်တော်တို့က လုံခြုံရေးအရ ထုတ်တာပါ၊ ဒီဒေသက နယ်မြေ မအေးချမ်းလို့၊ အထူးသဖြင့် ည ရောက်ရင်ပေါ့၊ လုံခြုံရေးအရ ထုတ်တာပါ။” ဟု ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးကျောက်တယ်ချန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
(Photo - Internet)

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း မည်သူမဆို အမိန့် တစ်စုံတစ်ရာ မရှိဘဲ လုံခြုံရေး တာဝန်ရှိသူမှ အပ လမ်းများပေါ်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် လမ်းပေါ်၊ အများပြည်သူနှင့်ဆိုင်သော အဆောက်အဦ နေရာများတွင် ဆူပူ လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ လူ ၅ ဦး (သို့မဟုတ်) လူ ၅ ဦးထက် ပို၍ ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော် ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းအား မပြုလုပ်ရန် အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပုဒ်မ ၁၄၄ အမိန့်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ပုဒ်မ ၁၄၄ အမိန့်အား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် ယင်းအမိန့်သည် နောက်ထပ် အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုမခြင်း အတည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထား ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယင်းကဲ့သို့ ပုဒ်မ ၁၄၄ အမိန့်အား ယခင်ကလည်း မကြာခဏ ထုတ်ပြန်လေ့ ရှိကြောင်းလည်း သိရသည်။
.
ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းနှင့် ဒေသ ၆ ခု တည်ရှိပြီး ရှမ်းပြည်နယ်အတွင်း၌ ၅ ခု ပါဝင်လျက် ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats