ငြိမ်းချမ်းရေး ကဗ္ဗည်းမော်ကွန်း ထိုးနိုင်ကြပါစေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, September 11, 2019

ငြိမ်းချမ်းရေး ကဗ္ဗည်းမော်ကွန်း ထိုးနိုင်ကြပါစေ

ထက်တိုင်းကျော်
.
မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးနှင့် အ ရေးကြီးဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ Amazing ဟိုတယ် အစည်းအ ဝေးခန်းမနေရာတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်က ကျင်းပခဲ့သည်။
.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာအစိုး ရဘက်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကိုယ်စားလှယ်များနှင့် လက်နက်ကိုင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် KIO၊ ULA၊ PSLF နှင့် MNTJP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
.
တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည့် ကျိုင်းတုံ မြို့သို့ မြန်မာအစိုးရဘက်မှ ကိုယ်စားလှယ်အ ဖွဲ့သည် တစ်ရက်ကြိုတင်၍ သြဂုတ်လ ၃၀ ရက်နေ့၌ လေကြောင်းလိုင်း ခရီးဖြင့် ကျိုင်း တုံမြို့သို့ ရောက်ရှိနေခဲ့ကြပြီး မြောက်ပိုင်းမ ဟာမိတ် ၄ ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲ ပြုလုပ်သည့် နေ့ရက်ဖြစ်သော သြ ဂုတ်လ ၃၁ ရက်နေ့ မနက်၌ အထူးဒေသ ၄ မိုင်းလားမြို့မှ ဝမ်တာပင်း ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ရောက်ရှိလာခြင်းဖြစ် သည်။
.
ဆွေးနွေးပွဲ ပြုလုပ်မည့်နေ့ရက်တွင် ကျိုင်း တုံမြို့၏ ရာသီဥတု မိုးနှောင်းကာလဖြစ်သော ကြောင့် တိမ်ညိုတိမ်မည်း တချို့ဖြင့် အုံ့ဆိုင်း လျက်ရှိနေပြီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည့် Amazing ဟိုတယ် ဥယျာဉ်ခြံဝန်းအတွင်းမှာ တော့ ပြိုးပြောက်ပြောက် နေရောင်ခြည်က လင်းလက်ဆဲတွင် ဖြိုးတိုးဖြောက်တောက် မိုး ဖွဲလေးက တနော့နော့ ရွာနေချိန်ကို လွန်စဖြစ် သည့် မနက် ၉ နာရီကျော်တွင် မြောက်ပိုင်းမ ဟာမိတ် ၄ ဖွဲ့အား ကိုယ်စားပြုသည့် မော် တော်ယာဉ်တန်းက ဆိုက်ရောက်လာခဲ့သည်။
.
ဆွေးနွေးပွဲ ကျင်းပမည့် နေရာသို့ ပြည် တွင်းပြည်ပမှ သတင်းစာဆရာများလည်း ရောက်ရှိနေကြသည်။ ဆွေးနွေးပွဲ ကျင်းပရာ တွင် သတင်းစာဆရာများ လိုက်နာရမည့်စည်း ကမ်းချက်များကို ရှမ်းပြည်နယ် ဒုတိယရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီး မင်းအောင်က ကြိုတင်ရှင်း လင်း ပြောကြားခဲ့ရာတွင် ဆွေးနွေးပွဲ ကျင်းပ မည့် ခန်းမထဲ၌ အစိုးရနှင့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့တို့က မိမိတို့အဖွဲ့လိုက် တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားနေချိန်အတွင်းသာ ရောက်ရှိနေသည့် သတင်းစာဆရာများက ဓာတ်ပုံမှတ်တမ်းကို ယူ၍ ဆွေးနွေးပွဲ စတင်ချိန် တွင် သတင်းစာဆရာများအားလုံးသည် ခန်းမ ၏ အပြင်ဘက်သို့ ထွက်ပေးရမည်ဖြစ်သော  တံခါးပိတ်ဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။
.
ထို တံခါးပိတ်ဆွေးနွေးကြမည့် ခန်းမထဲ ကိုတော့ အစိုးရ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းသမားများနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့၏ ကိုယ်စားလှယ် များနှင့်အတူ ပါလာခဲ့သူများကတော့ ဝင်ခွင့်ရ နေခဲ့ကြသည်။
.
ကျိုင်းတုံမြို့တွင် ကျင်းပသည့် တွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံရှိ တိုင်းရင်းသား ပြည်သူများထံမှ အမြင် သဘောထား မှတ်ချက် မျိုးစုံတို့ကို လူမှုကွန် ရက်စာမျက်နှာများပေါ်ကနေ၍ ကြားသိခဲ့ရပြီး လိုရင်းအနှစ်ချုပ်အဖြစ် ဆန္ဒအမှန်မှာ မြန်မာ နိုင်ငံတော်ကြီးအား အကြွင်းမဲ့ ထာဝရငြိမ်းချမ်း ရေးကို ရစေချင်နေကြသည်မှာ တိုင်းရင်းသား ပြည်သူများ၏ လိုလားတောင့်တနေသော ရင် တွင်းက ဆာလောင်မှုတစ်ခုအဖြစ် တွေ့မြင်ရ ပေသည်။
.
မြန်မာ့တပ်မတော်ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ် မတော်က စစ်မှန်သည့် ငြိမ်းချမ်းရေးကို အမှန် တကယ် လိုလားပါကြောင်း ဆိုထားခဲ့ဖူးသလို လက်နက်ကိုင်ထားသည့် တိုင်းရင်းသား အဖွဲ့ များကလည်း ငြိမ်းချမ်းရေးကို လိုလားပါသည် ဟု ဆိုနေကြသည်။
.
ထိုကဲ့သို့ပင် အပြန်အလှန် အသံတွေကြား နေရသော ငြိမ်းချမ်းရေးကို လိုချင်ပါတယ်ဟု ပြောဆိုနေကြသည့် တပ်မတော်နှင့် လက်နက် ကိုင် တိုင်းရင်းသားများတို့က တိုက်ပွဲဖြစ်ပြီး လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများ သတင်းက သာမန်ပြည်သူများမှာ တရံမလပ် ပင် ကြားသိနေရသည်။
.
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဒေသအတွင်း၌ လက်နက် ကိုင် ပဋိပက္ခ ဖြစ်ပွားကာ ပစ်ခတ်တိုက်ခိုက် မှုများကြောင့် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင် တချို့ အပါအဝင်လုံခြုံ ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန် ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်တချို့လည်း သေဆုံးဒဏ်ရာရသူများလည်း ရှိပြီး အပြစ်မဲ့ လက်နက်မဲ့သည့် သာမန်အရပ် သား ပြည်သူဖြစ်သော တိုင်းရင်းသားများလည်း ကျွဲနှစ်ကောင်ခတ်နေသည့်ကြားက မြေဇာပင် ကဲ့သို့ လက်နက်ကိုင် တိုက်ပွဲများ၏ အကြား၌  သူတို့၏ အသက်ရှင်နေထိုင်မှုဘဝများမှာ သေ ကျေဒဏ်ရာရ၍ ပျက်စီးဆုံးရှုံးမှုကို ခံနေကြရ သည်။
.
"ကျွန်တော်တို့လည်း အကောင်းဆုံးကို မျှော်လင့်ထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ် တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ဆိုတာက ကျွန် တော်တို့ဖက် သာမကဘဲ မြန်မာ့တပ်မတော် အနေနဲ့လည်း တိုက်ပွဲမဖြစ်အောင် စောင့်ထိန်း ပေးဖို့ လိုအပ်ပါတယ်"ဟု ကျိုင်းတုံမြို့တွင် ပြု လုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ULA/AA တပ်ဖွဲ့၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာညိုထွန်းအောင်မှ သ တင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ သည်။
.


.
"ရှမ်းမြောက်ပိုင်းဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်ထောင်စုကားလမ်းမ ရဲ့  နေရာတချို့မှာ ပျက်စီးခဲ့ပြီး ကုန်စည်စီးဆင်း မှုတွေ ရပ်တန့်သွားတဲ့ထိ ဖြစ်ခဲ့ရတာ ရှိပါ တယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်ရခြင်းမှာလည်း မူးယစ်ဆေးဝါးကြောင့်ဆိုတဲ့ သုံးသပ်ပြောဆို နေကြတာကိုလည်း ကျွန်တော်တို့ ကြားသိနေ ရတာ ရှိပါတယ်" ဟု ပြည်ထောင်စု အစိုးရအ ဖွဲ့ရုံး မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးမှ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုသွားခဲ့သည်။
.

မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ် တာဝန်ရှိသူများသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် Bilateral နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ကို ချုပ်နိုင် ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး ဇွန်လ ၃၀ ရက်နေ့၌လည်း အထူးဒေသ ၄ မိုင်းလား မြို့တွင် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ပြု လုပ်နေသည့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေ သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တွင် တကျော့ပြန်တိုက်ပွဲများကို သြဂုတ်လ ၁၅ ရက်နေ့၌ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်း ပညာတက္ကသိုလ်အား ဘက်ထရီရှော့တိုက် ဒုံး ကျည်ပစ်ခတ်ခြင်းနှင့် နောင်ချိုမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် ဆောင်းနှင်းဖွေးဖွေးလေးနှင့် တောင်တန်းများ ကြားမှာ အေးချမ်းသာယာလှပနေတတ်သော မောတို့ဌာနေ ရှမ်းပြည်နယ်တွင် ယမ်းငွေ့ဗုံး သံများနှင့် သေနတ်ပစ်ခတ် ဆူညံသံများကြား တွင် အနိဌာရုံများဖြင့် အရုပ်ဆိုး၍ အကျည်း တန်စေခဲ့သည်။
.
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ် သော TNLA, AA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့တို့က ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့စွဲဖြင့် ကြေညာချက် စာတစ်စောင်ကို ထုတ် ပြန်ခဲ့ပြီး ယင်းစာထဲတွင် တပ်မတော်အနေဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့အား ဆွေးနွေးဖက် အဖြစ် အသိအမှတ် မပြုနိုင်ခြင်း၊ ခွဲခြားဆက် ဆံခြင်း၊ တစ်ဖက်သတ် လက်နက်ချခိုင်းခြင်း၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ခိုင်းခြင်းစသည့် သွေးခွဲ ဖိနှိပ်ကန့်သတ်မှု အမျိုးမျိုးကို ကျင့်သုံး ပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း နှောင့်နှေး ကြန့်ကြာရန် ဖန်တီးနေသည်ဟု ရေးသားဖော် ပြထားသည်။
.
ကျိုင်းတုံမြို့၌ ပြုလုပ်သည့် တွေ့ဆုံဆွေး နွေးအပြီးတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အား ကိုုယ်စားပြု၍ တက်ရောက်လာ သော တိုင်းရင်းသားတချို့ကို ဆောင်းပါးရေး သူ ကိုယ်တိုင် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သလို သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ စကားပြော ခဲ့သော AA တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ် သူ ဒေါက်တာ ညိုထွန်းအောင် အပါအဝင် သ တင်းစာရှင်းလင်းပွဲဖြင့် အစိုးရ၏ သဘောထား နှင့် ဆောင်ရွက်နေမှုများကို ပြောဆိုခဲ့သည့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့မှ ကျိုင်းတုံမြို့တွင် ပြုလုပ်သော တွေ့ဆုံဆွေး နွေးမှုအတွက် ရလဒ်ကောင်းများရှိ၍ ကျေနပ် အားရပြီး ဆက်လက်တွေ့ဆုံ ဆွေးနွေးမှုများ ကို ပြုလုပ်ကြရန်အတွက် စိတ်အားထက်သန် နေကြသည်။
.
မြန်မာ့တပ်မတော်ခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မ တော်ထိပ်ပိုင်းမှ အရာရှိကြီးများ အပါအဝင်တပ် မတော်သား ချစ်သူများကလည်း ငြိမ်းချမ်းရေး ကို လိုချင်ပါတယ်။ ပစ်ခတ်တိုက်ခိုက်နေမှုများ ကို ချုပ်ငြိမ်းစေချင်ပါသည်ဟု ဆန္ဒကိုယ်စီအား ပြောဆိုနေခြင်းများကလည်း မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူများအတွက် အားတက် ဖွယ်ရာ မျှော်လင့်ချက် ဖြစ်နေသည်။
.
ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲမှ ဘုံရပ်တည် မှု သဘောတူ ကြေညာချက် ၆ ချက်ကို သတင်း ထုတ်ပြန်ထားရာတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင် ရေးကို ဦးတည်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားစေရန် မည်ကဲ့သို့ ဆောင် ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ် မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့် ဆက်လက်ဆွေးနွေးရန် Bilateral Cease-fire Agreement လက်မှတ်ရေးထိုးပြီးသည့် နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး သဘောစာချုပ် (NCA)နှင့် ပတ်သက်၍  ဆက်လက်ညှိနှိုင်းသွားရန်လည်း သဘောတူ ညီခဲ့ကြသည်။
.
နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော တိုက် ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေး ဆန္ဒအပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်ဟူသော အချက် ၄ ခုက အားရစရာ ဖြစ်သည်။
.
ကျိုင်းတုံတွင် တွေ့ဆုံခဲ့ကြသူများက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆-၁၇ ရက်နေ့ တွင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန်အ တွက်လည်း သဘောတူခဲ့ကြောင်း သိရသဖြင့် မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် တိုင်းရင်းသား ပြည်သူများအားလုံးအတွက် စိတ်ရင်းစေတနာ မှန်ထား၍ ငြိမ်းချမ်းပြီး သာယာဝပြောသည့် လူ့လောကအဖြစ် အလှဆင်ကာ နိုင်ငံတကာ ၏ အမြင်၌ ဂုဏ်တင့်တယ်လျက် ဝင့်ထည်ခန့် ညားရသည့် ပြည်ထောင်စုကြီး အဖြစ်သို့ ရည် မျှော်မှန်းကြကာ အစိုးရ တပ်မတော်နှင့် လက် နက်ကိုင် တိုင်းရင်းသားများ၏ စစ်ပွဲများကို ရပ် တန့်ရေးနှင့် ငြိမ်းချမ်းရေးကို အလိုရှိကြောင်း ပြောဆို၍ ဥဒါန်းကျူးသံများက မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာထက်တွင် ကဗ္ဗည်းမော်ကွန်း အဖြစ် မှတ်တမ်းတင်နိုင်ပါစေကြောင်းကို လက်နက်မဲ့သော ပြည်သူများက ဆုတောင်း နေကြမည်မှာ အမှန်ပင် ဖြစ်မည်ဟု ဆိုချင်ပါ တော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats