လမ်းမကြီး ဘေးက မင်းဘေးသင့် ပြည်သူများ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

လမ်းမကြီး ဘေးက မင်းဘေးသင့် ပြည်သူများ


အောင်ဆန်းဝင်း
.
ပြည့်ရှင်မင်းတို့ မည်သည် ပြည်သူတို့ကျ ဆင်းသော မျက်ရည်ကို သုတ်ပေး၏။ မင်း ကောင်းမင်းမြတ်တို့မည်သည် ပြည်သူ့လိုအပ် ချက်ကို ဖြည့်ဆည်း၏။ ပထမမြန်မာနိုင်ငံတည် ထောင်သည့် အနော်ရထာမင်းကြီးသည် ပြည် သူများ အလင်းရစေခြင်းအလို့ငှာ ထေရဝါရဗုဒ္ဓ ဘာသာ ပြန့်ပွားစည်ပင်ရန် ဆောင်ရွက်တော် မူခဲ့သည်။ လွဲမှားသည့် အရည်းကြီးလမ်းစဉ်များ ပျောက်ကွယ်အောင်ကြိုးပမ်းသည်။ လွဲမှား သည့် လမ်းစဉ်များ ပျောက်ကွယ်အောင်ဆောင် ရွက်ရာတွင် အနုရုဒ္ဓေါအတွက် အခက်အခဲရှိခဲ့ သည်။ အခြားမဟုတ်။ ဆောလျင်စွာပြုသည့် မင်းများလက်ထက်တွင် အရည်းကြီးသာသနာ ထွန်းကားနေခဲ့ခြင်း ဖြစ်သည်။ အင်အား တောင့်တင်း ခိုင်မာနေသော အရည်းကြီးတို့ အား နှိမ်နင်းရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရသည်။ အနော်ရထာ နတ်ရွာ စံပြီး နောက် အရည်အချင်း မဲ့သည့် စောလူးမင်း ပုဂံ ထီးနန်း ဆက်ခံသည်။
.
စောလူးမင်းသည် ကြွေအံကစားခြင်းကို နှစ်သက်၏။ ငရမန်နှင့် သင့်တင့်လျှောက်ပတ် ၏။ ငရမန်သည် အခါသင့်လျှင် ပုဂံကို ပုန်းစား ရန် ကြံစည်နေခြင်း ဖြစ်သည်။ စောလူးမင်းအုပ် ချုပ်သည့် ပုဂံသည် ငရမန်နှင့် ပေါင်းကာအ ချည်းနှီးသောပုဂံ ဖြစ်နေခဲ့သည်။ ဗွက်အိုင် တောအကြောင်းပြု၍ ငရမန်ပုန်းစားသည်။ ဆင်မြင်းတု ဖန်တီး၍ စောလူးကို စစ်ခေါ်သည်။ စောလူးသည် ကြွေအံကစားခြင်းမှ မည်သည့် အကြောင်းချင်းရာမှမသိ။ နိုင်ငံရေးမသိ။ ပြည် သူ့အကြောင်းချင်းရာမသိ။ အောက်လက်ငယ် သား ပြောဆိုခြင်း အလို့ငှာ မသိပေ။ စစ်ပရိ ယာယ် စစ်တို့သဘောကို နားမလည်သော စောလူးမင်း ငရမန် ပြုသည့် နောက်လိုက်ရင်း အရှုံးနှင့် ရင်ဆိုင်ရသည်။ ပုဂံထီးနန်းကို ကျန် စစ်သား ဆက်ခံ မင်းပြုသည်။ ကျန်စစ်မင်းသည် ပြည်သူတို့ အား ညာလက်ဖြင့် အစား ပေး၍ ဘယ်လက်ဖြင့် အဝတ်အထည် ပေးကာ ငြိမ်း ချမ်းစေခဲ့သည်။
.
ပြည်သူတွေရဲ့ ငြိမ်းချမ်းသာယာမှုဆိုတာ အုပ်ချုပ်သူ လူတန်းစားနဲ့ အဓိက သက်ဆိုင်ပါ တယ်။ အုပ်ချုပ်သူတွေ ကိုယ်ချင်းစာတရား ရှိရင်ပြည်သူတွေ အေးမြခြင်းကို ရစေတယ်။ ပြည်သူကို မကြည့် ထင်ရာစိုင်းတတ်တဲ့ အုပ် ချုပ်သူမျိုးဆိုရင် အုပ်ချုပ်ခံ အောက်လက်ငယ် သားတွေ ပူလောင်ခြင်းသာ ဖြစ်စေပါလိမ့်မယ်။ ၂၉ ရက်၊ ဇူလိုင်လ ၂၀၁၉ ရက်စွဲနဲ့ တောင်ကြီး မြို့၊မြို့နယ်စည်ပင်သာယာရေးဌာနရုံး တံဆိပ်  ခတ်နှိပ်ထားတဲ့ အသိပေးစာ တစ်စောင် အ ဘွား ဒေါ်နန်းအုန်းရင် လက်ထဲ ရောက် လာ တယ်။ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနအနေနဲ့ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်၊ ငွေလုံးငွေရင်း လုပ်ငန်းဖြစ်တဲ့ ဂနိုင်ကန် လမ်းဆုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း (အ နောက်ဘက်ခြမ်း) ဆောင်ရွက်တဲ့ နေရာမှာ လမ်းနယ်နိမိတ်အတွင်း ကျရောက်နေတဲ့ အ ဆောက်အဦ အစိတ်အပိုင်းတွေ လွတ်ကင်းရာ ကြိုတင်ရွှေ့ပြောင်းဖို့ အကြောင်းကြားခြင်းပါ။
.
ဂနိုင်ကန်လမ်းဆုံ အဆင့်မြှင့်တင်ခြင်း (အ နောက်ဘက်ခြမ်း) ဆောင်ရွက်ရာတွင် လမ်းနယ်တိုးချဲ့ခြင်း၊ လမ်းဘေးဝဲယာ အုတ်စီ ရေမြောင်း ပြုလုပ်ခြင်း၊ ရေမြောင်းဖုံး ပလက် ဖောင်းဖုံး ပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းနယ်အတွင်း လမ်း ထက်မြင့်တက်နေသည့် ကွန်ကရစ်တုံးများ၊အ တက်အဆင်း ဆင်ခြေလျှောများ၊ ပန်းခံများ အား လမ်းနှင့် လိုက်လျောညီထွေ နိမ့်ချပြုပြင် ခြင်းများအား ဆောင်ရွက်မည် ဖြစ်ပါ၍ လမ်း နယ်အတွင်း မလွတ်ကင်းသည့် ပစ္စည်းများ၊အ ဆောက်အဦ အစိတ်အပိုင်းများ၊ သစ်ပင်ငယ် များအား လုပ်ငန်းဆောင်ရွက်စဉ် တစ်ခါတည်း ရှင်းလင်းသွားမည်ဖြစ်ပြီး လုပ်ငန်းများအား (၉. ၈.၂၀၁၉)ရက်မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစရှိတဲ့ အချက်အလက်တွေ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ပေးပို့တဲ့ စာထဲမှာ ပါဝင်ပါတယ်။
.
အသက်ရှစ်ဆယ်ကျော် အမယ်အိုတစ် ယောက်အတွက် လက်ထဲရောက်လာတဲ့ အ ကြောင်းစာက မီးတစ်စလိုပါ။ တရားဘာဝနာ ပွားများပြီး ငြိမ်းငြိမ်းချမ်းချမ်း နေရမယ့်အရွယ် ရောက်ကာမှ မင်းဘေးဒဏ်သင့်ရတဲ့ အဖြစ် မျိုး။ ရတဲ့ဆိုင်ခန်း ငှားရမ်းခလေးနဲ့ ပင်စင်လစာ လေး အမှီပြုနေရတဲ့ အမယ်အိုအတွက် ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာတဲ့မီးက ငရဲမီး ထက် ပြင်းနေပါတယ်။ စာရောက်လာတဲ့နေ့က တစ်နေကုန် ခြေမကိုင်မိ လက်မကို်င်မိ ဖြစ်။ စိတ်တွေ ကယောက်ကယက်နဲ့။ ထိုင်ရမလို ထရမလို။ ရှိတာလေးနဲ့ ဝအောင်စားနေတာ လည်း မြို မကျတော့ဘူး။ အိပ်ရာဘေးက အ ကြောင်းကြားစာကိုကြည့်ပြီး အိပ်ပျက်ညတွေ ဖြစ်လာတယ်။ ဇရာရဲ့ အထုအထောင်းတွေ အောက်မှာ ကျန်းမာရေး ကောင်းအောင်တတ် နိုင်သလောက် ကြိုးစားနေလာတာ အခုလိုစိတ် မချမ်းသာစရာအဖြစ်တွေ ရောက်လာမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
.


.
နှစ်ပေါင်းများစွာ တည်ငြိမ်နေတဲ့ ရေကန် အိုထဲ တည့်တည့်မတ်မတ် ကျလာတဲ့ခဲချက်က ပြင်းထန်ကြီးမားနေပါတယ်။ အကြောင်းကြား စာအတိုင်း ဆိုင်ခန်းတွေ ဖျက်ရ၊ အိမ်ဝန်းခြံတံ တိုင်းတွေ ဖျက်ရဖို့ ၈၀ ကျော် အမယ်အိုအတွက် ခွန်အားတွေ ရှိမနေဘူး။ လုပ်နိုင်လောက်တဲ့ အင်အား မရှိတော့ဘူး။ ဖျက်လိုဖျက်ဆီး လုပ် လာမယ့်အရာတွေကိုလည်း မြင်နိုင်စွမ်း မရှိ တော့ပါဘူး။ မင်းတို့ အမိန့်နဲ့ မဖြစ်မနေ လုပ် လာခဲ့ရင်လည်း တစ်ဝမ်းတစ်ခါးအတွက် မှီခို နေရတဲ့ စျေးဆိုင်ခန်းနဲ့ ဟောင်းလောင်းပွင့်နေ တော့မယ့် ခြံဝိုင်းကို ဒီအတိုင်း ကြည့်နေရုံပဲ တတ်နိုင်ပါတယ်။ အမိုးအသက် အခု ၈၀ ကျော် ပြီ။ ရတဲ့ပင်စင်လစာလေးရယ် ဆိုင်ခန်းငှားရမ်း ခလေးရယ် ပေါင်းပြီး ဘုရားသွားကျောင်းတက် နေလာခဲ့တာ။ ဒီအသက်အရွယ်က အလုပ် လည်း မလုပ်နိုင်တော့ဘူး။ သူတို့တွေ မဖြစ်မ နေ လုပ်မယ်ဆိုလည်း အမိုးတို့ကံပေါ့လို့ အ ဘွားဒေါ်နန်းအုံးရင်က ပြောပါတယ်။
.

ဒီလိုစိတ်မချမ်းသာစရာ အဖြစ်မျိုးကြုံနေရ တာ အဘွားဒေါ်နန်းအုံးရင် တစ်ယောက်တည်း မဟုတ်ပါ။ ဂနိုင်ကန်လမ်းအဆင့်မြှင့်တင်ခြင်း (အနောက်ဘက်ခြမ်း) လုပ်ကိုင်ဆောင်ရွက်ရ မှာ လမ်းနယ်နိမိတ်အတွင်း အဆောက်အဦ ကျရောက်နေတယ်လို့ သတ်မှတ်ပြီး ဖယ်ရှားဖို့ စာပို့ထားတာ စုစုပေါင်း ၆ အိမ် ရှိတယ်လို့ ဆို ပါတယ်။ ကျန်တဲ့ အိမ်ပိုင်ရှင်တွေလည်း အ ဘွားဒေါ်နန်းအုံးရင်လို စိတ်မချမ်းသာစရာအ ဖြစ် ကြုံတွေ့နေကြရတာပါ။ အိမ်ပိုင်ရှင်၊ ဆိုင် ခန်းငှားရမ်းသူတွေ စုပေါင်းလက်မှတ်ထိုးပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို အသနားခံစာတင် ပြထားပေမယ့် အကြောင်းထူးခြင်း မရှိသေးပါ ဘူး။ အခုလို ဖယ်ရှားဖို့ အကြောင်းကြားလာနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ပေါ်မှာ ပြည်သူပိုင် မြေ၊ လမ်းမြေပေါ်မှာ လူနေတိုက်ခန်း၊ ဆိုင် ခန်း၊ ရုံးခန်း ဆောက်လုပ်ထားတာတွေ ရှိနေ သေးတဲ့အတွက် မေးခွန်းထုတ်တာတွေ ရှိလာ ပါတယ်။
.
ဦးခန်းကန် (ဂနိုင်ကန် အမှတ် ၁) အ နောက်ဘက်ခြမ်းက တိုက်ခန်းတွေကျတော့ ဘယ်လို သတ်မှတ်မှာလဲ။ အခု ရပ်ကွက်ရုံး ဆောက်ထားတဲ့ နေရာတွေ ရောပေါ့။ ရေ မြောင်းကို ခွဆောက်ထားတဲ့ အိမ်တွေလည်း ရှိတယ်။ အဲဒီနေရာတွေ အရင်တုန်းက ဘာအ ဆောက်အဦမှ မရှိဘူး။ ကန်ဘောင်နဲ့ နေကြာ ရိုင်းတောတွေပဲ ရှိတာ။ အရင်တုန်းက ဝါးပြား၊ ဟံသာဦး၊ ချမ်းသာရပ်ကွက်မှာနေတဲ့ လူတွေ သောက်သုံးရေအတွက် ဦးခန်းကန်မှာ လာခပ် ရင် ကန်အနောက်ဘက်ခြမ်းကပဲ ဝင်ခပ်ကြ တာ။ အဲဒီနေရာတစ်ဝိုက်မှာကို ဘယ်လိုခွင့်ပြု ချက်နဲ့ ဆောက်ထားမှန်းမသိတဲ့ အဆောက်အ ဦတွေ ရှိနေသေးတယ်။ အနောက်မြို့ပတ်လမ်း ချဲ့ထွင်တဲ့အချိန် အဲဒီအဆောက်အဦတွေကို ဖယ်ရှားခိုင်းမှာလား။ ဒီအတိုင်း လုပ်သွားမှာ လားပေါ့။ အစိုးရအနေနဲ့ အမှန်တကယ် လုပ် မယ်ဆိုရင် အားလုံးမျှမျှတတဖြစ်အောင် လုပ် သင့်တယ်လို့ ဝါးပြားလမ်းဆုံအနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
.
အခုလို ဖယ်ခိုင်းတော့ အိမ်ပိုင်ရှင်တွေတင် ဒုက္ခရောက်တာ မဟုတ်ဘူး။ အစ်မတို့လို ဆိုင် ခန်းငှားပြီး တစ်နေ့ဝမ်းစာ တစ်နေ့ ကျောင်းရတဲ့ လူတွေလည်း ဒုက္ခရောက်တာပေါ့။ အရင်တစ် ခေါက် လမ်းချဲ့မှာမို့ ပျံကျအခန်းတွေက တစ် ခါဖယ်ပေးရတယ်။ အခု ဆိုင်ခန်းငှားပြီး ဖွင့်ပြန် တော့လည်း နောက်တစ်ခါ နေရာဖယ်ရမယ်ဆို တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ မိ သားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ကြုံလာတော့ တော်တော်ကြီးလည်း စိတ်မကောင်း ဖြစ်နေရ တယ်။ ဆိုင်ခန်းတစ်ခန်း နေရာတစ်ခုဖြစ်ရဖို့ ဆိုတာလည်း မလွယ်ဘူး။ အလုပ်သာ လုပ်နေ ကြရတာ အားလုံးက အခက်အခဲကိုယ်စီတွေ နဲ့ချည်းလေ။ အစိုးရကို အသနားခံစာလည်း တင်ပြထားတဲ့အတွက် တာဝန်ရှိလူကြီးတွေ သက်ညှာမှုပေးဖို့ပဲ မျှော်လင့်တယ်လို့ ဆိုင်ခန်း ငှားရမ်းစျေးရောင်းချသူ တစ်ယောက်က ပြော ပါတယ်။
.
၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၉ ရက်က အိမ်ခန်းဆိုင်ခန်းပိုင်ရှင်တွေဆီကို၊ တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနက နောက် ထပ်အကြောင်းကြားစာတစ်စောင် ပေးပို့လာ ပြန်ပါတယ်။ အစိုးရမြေ၊ လမ်းမြေပေါ် ကျူး ကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦ တွေကို (၁၄.၉.၂၀၁၉)ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ပါ။ ဖယ်ရှားရှင်းလင်းခြင်းနဲ့ လိုက် နာဆောင်ရွက်ခြင်း မရှိပါက ရှမ်းပြည်နယ်စည် ပင်သာယာရေး ဥပဒေ (၁၀/၂၀၁၃)အရ တ ရားစွဲဆို အရေးယူ ဆောင်ရွက်မယ်လို့ ဆို ပါတယ်။ အိမ်ပိုင်ရှင် ဆိုင်ခန်း ပိုင်ရှင်တွေ လောင်နေတဲ့ မီးအတွက် နောက်ထပ် ဓာတ် ဆီ တစ်ခွက်နဲ့ အပက်ခံရသလို ဖြစ်လာ မ လားတော့ မပြောနိုင်သေးပါဘူး။ လက်ရှိ အ ခြေအနေက ပြည်သူ တင်မြှောက်တဲ့ အစိုး ရ လက်ထက်မှာ လမ်းမ ဘေးနေတဲ့ ပြည် သူတွေ မင်းဘေးသင့် ခံနေရတယ်လို့ ပြော ဆိုနေကြကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats