အနောက် တောင်စောင်းအောက် ခရီးပေါက်လာတဲ့ အိမ်လေးများ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, September 14, 2019

အနောက် တောင်စောင်းအောက် ခရီးပေါက်လာတဲ့ အိမ်လေးများ

အောင်ဆန်းဝင်း
.
အေးသာယာမြို့ ဖြစ်တည်လာတဲ့ အ ကြောင်းရင်း၊ တစ်ပါတီအာဏာရှင်ဟောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဌ၊ မြန်မာ နိုင်ငံကို အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ အရောက် တွန်းချခဲ့တဲ့ ဦးနေဝင်းလက်ထက်ကမောတို့ ဌာနေကို တစ်ခါတစ်ခေါက် အရောက်လာ တယ်။ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ လာတဲ့အချိန် တောင်ကြီးမြို့ အနောက်ဘက် တောင်စောင်းတွေမှာ ကျူးကျူးကျော်ကျော် ဖြစ်နေတဲ့ အိမ်တွေကို မြင်သွားပါတယ်။ အ ကြောင်းရင်းကို မေးတော့ မြို့တွင်းမှာ အိမ်ပူး အိမ်ညှပ်များလာတဲ့အတွက် အနောက်ဘက် တောင်စောင်းတွေကို ကျွံသွားတာလို့ အဲဒီအ ချိန်က တောင်ကြီးမြို့ခံ ပါတီကောင်စီ လူကြီး တစ်ယောက်က ဖြေပါတယ်။ ဦးနေဝင်းအစပြု တဲ့ မြို့သစ်စီမံကိန်းက ၁၉၈၉၊ မတ်လ ၁ ရက် တပ်မတော် အစိုးရလက်ထက်မှာ အေးသာ ယာဟာ မြို့တစ်ခုအဖြစ် စတင်အသက်ဝင်ခဲ့ပါ တယ်။
.
လွန်ခဲ့တဲ့ နှစ် ၃၀ က တောင်ကြီးမြို့ ပေါ် မှာ အိမ်ပူးအိမ်ညှပ်များလို့ အနောက်ဘက် တောင်စောင်း ကျွံသွားတဲ့ အိမ်တွေကြောင့် အေးသာယာဆိုတဲ့ မြို့တစ်ခု မွေးဖွားလာ တယ်။ နှစ် ၃၀ ကြာပြီးတဲ့နောက် တောင် ကြီးမြို့ဟာ ပိုစည်ကားလာတယ်။ ဖွံ့ဖြိုးတိုး တက်မှု များလာတယ်။ မြို့ကွက်ပိုပြီး ကျယ်ပြန့် လာတယ်။ မြို့ပြနေ လူဦးရေ တိုးပွားလာပါ တယ်။ တောင်ကြီးမြို့ အနောက်ဘက်တောင် စောင်းတွေမှာလည်း ဦးနေဝင်း လက်ထက် တုန်းကထက် အရေအတွက် ပိုတဲ့အိမ်တွေ ရှိ လာပါတယ်။ တိုးပွားလာတဲ့ တောင်ကြီးဒေသ ခံ လူဦးရေနဲ့ ဒေသစုံက ရွှေ့ပြောင်းအခြေချ လာတဲ့ လူတွေကြောင့် တောင်ကြီးမြို့ အ နောက်ဘက် တောင်စောင်းက အိမ်ခြေပေါင်း မြောက်များစွာကို လက်ခံပေးထားရပါတယ်။ သစ်တော်ခြံတွေ ရှိခဲ့တဲ့ နေရာတွေလည်း အ ခုဆို သစ်တော်ပင်ဆိုတာ လက်ညိုးထိုးပြစရာ မရှိတော့ပါဘူး။
.


.
ကျွန်တော်တို့ စပြောင်းလာတော့ ဒီနေရာ မှာ လမ်းတောင်ကောင်းကောင်း မရှိသေးဘူး။ အိမ်ကလည်း စုစုပေါင်းမှ ၇ အိမ်ပဲ ရှိတာ။ ရပ် ကွက်အနောက်ဘက်ခြမ်းဆိုတော့ အဲဒီအချိန် က လာနေတဲ့ သိပ်မရှိဘူး။ လျှပ်စစ်မီးလည်း မရှိဘူး။ ရေကလည်း ရေထွက်ရှိတဲ့ နေရာမှာ သွားခပ်ရတာ။ ရှိတဲ့လမ်းကလည်း မိုးရွာရင် ဗွက်ပေါက်။ နွေဆိုရင် ဖုန်တထောင်းထောင်း နဲ့။ အနောက်ဘက် ချောက်ထဲဆိုတော့ ရပ် ကွက်နဲ့လည်း အဆက်ပြတ်တယ်လို့ ပြောလို့ရ တယ်။ ရွာတစ်ခု မြို့တစ်ခု ထောင်ရင်စုန်း ၇ အိမ် ပါတယ်လို့ ပြောကြတယ်မဟုတ်လား။ အဲ ဒီတုန်းက ကျွန်တော်တို့ ၇ အိမ်ကို စုန်း ၇ အိမ် လို့တောင် စနောက်ပြီး ခေါ်ကြသေးတယ်။ အ ခုနောက်ပိုင်း အိမ်ခြေတွေ များလာတာ မြင်တဲ့ အတိုင်းပဲလို့ ကျောင်းကြီးစုရပ်ကွက်အနောက် ဘက်ခြမ်း တောင်စောင်းမှာနေထိုင်သူ တစ်ဦး ကပြောပါတယ်။
.
တောင်ကြီးမြို့အနောက်ဘက်ခြမ်း နေရာ အတော်များများ တောင်စောင်းတွေမှာကျောင်း ကြီးစုရပ်ကွက်နည်းတူ အိမ်ခြေတွေ များပြား လာတာ မြင်တွေ့နေရပါတယ်။ လက်ရှိနေထိုင် သူတွေဟာ အိမ်ခြံမြေ ပွဲစားလုပ်သူတွေကတစ် ဆင့် ဝယ်ယူနေထိုင်ကြတယ်လို့ ပြောကြပါ တယ်။ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့နေ ရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးတွေနဲ့ အရပ်စာချုပ် သဘောမျိုး ချုပ်ဆိုကြ တာ ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ မြေကွက် ဟာ အစိုးရပိုင် မြေထဲပါလား။ ကျူးကျော်ဖြစ် နေလားဆိုတာ ဘယ်သူမှ တိတိကျကျ မပြော နိုင်ကြပါဘူး။ ပွဲစားတွေ လက်ညိုးထိုးတဲ့နေရာ ခြံစည်းရိုး အုတ်တိုင်စိုက်ထားတဲ့နေရာဖြစ်ရင်  နောက်ကြောင်းပြန်မကြည့်ဘဲ အရောင်းအ ဝယ် ပြုလုပ်နေကြခြင်း ဖြစ်ပါတယ်။ နောင်တစ် ချိန် ဖြစ်ပေါ်လာတဲ့ အဆိုးအကောင်း အကျိုး ဆက်တွေလည်း တွေးတောနေကြခြင်း မရှိပါ ဘူး။
.

ကျောင်းကြီးစုရပ်ကွက် အနောက်ဘက် ခြမ်းက တောင်စောင်းမှာ မြေကွက်ရိုက်ပြီး အိမ် ဆောက်တယ်။ ဝယ်တာကတော့ အဲဒီရပ် ကွက်က အိမ်ခြံမြေ ပွဲစားလုပ်တဲ့ လူတွေနဲ့ ချိတ်ဆက်ပြီး ဝယ်ဖြစ်တာပါ။ နေလာတာ ၅ နှစ်လောက် ရှိပြီ ဘာပြဿနာမှ ကြီးကြီးမား မား မရှိပါဘူး။ တောင်အောက်နား နည်းနည်း ရောက်တော့ လမ်းအတက်အဆင်း ခက်ခဲတာ တစ်ခုတော့ ရှိတယ်။ ကားအဝင်အထွက် လုပ် လို့ မရဘူး။ ဆိုင်ကယ်တောင် မနည်းထိန်းပြီး မောင်းရတာ။ မိုးရွာထားတဲ့ အချိန်ဆို အဆင်း အတက်လုပ်ဖို့ အန္တရာယ်များတာနဲ့ ဆိုင်ကယ် တွေကို အပေါ်မှာ ထားခဲဲ့ရတယ်။ လမ်းကကွန် ကရစ်လမ်းဆိုတော့ ရေညှိတွေ တက်ပြီးတချို့ နေရာမှာ ချော်တတ်တော့ တော်ရုံလူ၊ ဆိုင် ကယ်နဲ့ အတက်အဆင်း မလုပ်ရဲဘူး။ ကျန်တာ တော့ အားလုံးအဆင်ပြေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်က ကျောင်းကြီးစုရပ်ကွက်အတွင်း ပြောင်း ရွှေ့လာသူတစ်ဦးက ပြောပါတယ်။
.
အခု အိမ်ဆောက်ထားတဲ့နေရာတွေ အ ရင်တုန်းက သစ်တော်ခြံတွေ၊ တောင်ယာစိုက် ခင်းနေရာတွေပေါ့။ ပိုင်ရှင်တွေ ရှိတယ်။ ဘိုး ဘွားပိုင်မြေလို့ ပြောကြတယ်။ ဦးသိန်းစိန်အစိုး ရလက်ထက်မှာ မြေအရောင်းအဝယ် တော် တော်လေး ဖြစ်လိုက်သေးတယ်။ အဲဒီအချိန်မှာ ပိုင်ရှင်တွေက သူတို့ပိုင်တဲ့ မြေတွေကို ခွဲခြမ်း စိတ်ဖြာပြီး အကွက်ရိုက် ရောင်းကြတာ။ စျေး နှုန်းကလည်းသင့်တော့ ငွေနည်းနည်းတတ်နိုင် တဲ့လူတွေ၊ အမှန်တကယ်နေဖို့ အိမ်လိုတဲ့ လူ တွေအတွက် အဲဒီအကွက်တွေက နေလို့ အ ဆင်ပြေတာပေါ့။ အခုဆိုရင် တချို့လမ်းတွေ ကိုယ်ထူကိုယ်ထ ကတ္တရာခင်းကြတယ်။ ကျန် တဲ့လမ်းတော်တော်များများက ကွန်ကရစ်ခင်း ထားကြတယ်။ လူနေအိမ်ခြေ များလာသလို စျေးနှုန်းလည်း သင့်တဲ့အတွက် အရောင်းအ ဝယ် ထိုက်သင့်သလောက် ဖြစ်နေတယ်လို့ ဝါ ရင့်အိမ်ခြံမြေ ပွဲစားတစ်ယောက် ပြောပါတယ်။
.
လူသားမှန်သမျှ အိမ်လေးတစ်လုံးတော့ လိုအပ်ကြပါတယ်။ ကြီးချင်ကြီးမယ်။ သေးချင် လည်း သေးလိမ့်မယ်။ ခမ်းနားခြင်း ပြည့်စုံခြင်း ပါတဲ့ အိမ် ဖြစ်နိုင်သလို လူသားတစ်ယောက် နေလို့ရတဲ့ အိမ် ဖြစ်ချင်ဖြစ်မယ်။ အဓိကက တော့ မိသားစုနေထိုင် နားခိုလို့ရမယ့် အိမ်။ ခု တလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်း ထူးဆန်းတယ်။ မြက်ခင်းနဲ့ ခြံဝင်းနဲ့ အိမ်လေး ကို တို့နှစ်ယောက်ပိုင်သတဲ့။ မောင်မောင်ဇော် လတ် ရေးပြီး တောင်ကြီးသား အဆိုတော် အ ငဲဆိုထားတဲ့ အိမ်သီချင်းထဲက စာသားတချို့။ မိသားစုတိုင်း အကောင်းဆုံး နားခိုဖို့ အိမ်လေး တစ်လုံး လိုချင်ကြတယ်။ အကောင်းဆုံးဖြစ် မယ့် အိမ်လေးကလည်း အန္တရာယ်ကင်းနေဖို့ လိုအပ်ပါတယ်။ တောင်ကြီးမြို့ အနောက်ဘက် တောင်စောင်းအောက်က အိမ်လေးတွေ အ ကောင်းဆုံးဖြစ်ပြီး အန္တရာယ်ကင်းမလားဆို တာတော့ တာဝန်ရှိသူများ အသိဆုံးဖြစ်လိမ့် မယ် ထင်မြင်မိကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats