တစ်လတာ အပစ်အခတ် ရပ်ဆိုင်းကြောင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ကြေညာချက် ထုတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, September 9, 2019

တစ်လတာ အပစ်အခတ် ရပ်ဆိုင်းကြောင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ကြေညာချက် ထုတ်


ကောင်းမွန်
.
မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအား စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်ထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာချက်အား ယနေ့ (စက်တင်ဘာလ ၉ ရက်)တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.

မဟာမိတ်ညီနောင် ၃ ဖွဲ့အနေဖြင့် တပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုဘဲ တပ်မတော်ဘက်မှလည်း ၎င်းတို့အား စတင် တိုက်ခိုက်ခြင်း ၊ ဒေသတွင်း စစ်ဆင်ရေး ပြုလုပ်ခြင်း၊ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်လာပါက ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တပ်မတော်ဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကို ၂၁ ရက်ကြာ ရပ်စဲထားကြောင်း သြဂုတ်လ ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ယခုအချိန်တွင် ငြိမ်းချမ်းမှု ရှိနေပြီ ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats