ဟိုပုံးတွင် ရေမြောင်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစ ကလေးငယ် တစ်ဦး တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 5, 2019

ဟိုပုံးတွင် ရေမြောင်းအတွင်း စွန့်ပစ်ထားသော မွေးကင်းစ ကလေးငယ် တစ်ဦး တွေ့ရှိ


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အထွက် အောင်သပြေ ရေဆေးဆီလိုက် အနီးရှိ ရေမြောင်းတွင် မွေးကင်းစ  ကလေးငယ် (ယောက်ျားလေး) တစ်ဦး စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
.
" မနေ့ည ၂ နာရီလောက်မှာ လင်မယား ၂ ယောက်နဲ့ ကလေးအသံ ကြားတယ်။ မနက် ၁၀ နာရီလောက် ရောက်တော့ ကလေး ငိုသံ ကြားရတယ်။ သွားကြည့်တော့ ကလေးကို မြောင်းထဲမှာ တွေ့ရတယ်။ အဲဒါနဲ့ ဆေးရုံးကို ပို့လိုက်ပါတယ်။"ဟု မွေးကင်းစ ကလေးအား တွေ့ရှိသူ အောင်သပြေ ရေးဆေးဆီလိုက်မှ ဦးစိုးညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကလေးငယ်မှာ မွေးဖွားပြီး တစ်ရက်သာ ရှိသော ကလေးငယ် တစ်ဦး ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရှိနေကာ လက်ရှိတွင် ဟိုပုံးမြို့နယ် ပြည်သူ႔ဆေးရုံ၌ ဆေးကုသနေလျက် ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကလေးငယ်အား စွန့်ပစ်ထားမှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူထားခြင်း ရှိ/မရှိအား ကမ္ဘောဇတိုင်းမှ ဟိုပုံးမြို့မ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ကလေးငယ်အား စွန့်ပစ်သူများကို စိစစ်အရေးယူသွားမည်ဟု ဒုရဲအုပ် ဇေယျာအောင်က ပြောကြားခဲ့သည်။
.

=============
.
ဟိုပုံးတြင္ ေရေျမာင္းအတြင္း စြန႔္ပစ္ထားေသာ ေမြးကင္းစ ကေလးငယ္ တစ္ဦး ေတြ႕ရွိ
.
ခြန္သက္ထူး
.
ရွမ္းျပည္နယ္၊ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕အထြက္ ေအာင္သေျပ ေရေဆးဆီလိုက္ အနီးရွိ ေရေျမာင္းတြင္ ေမြးကင္းစ  ကေလးငယ္ (ေယာက္်ားေလး) တစ္ဦး စြန႔္ပစ္ထားသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
.
" မေန႔ည ၂ နာရီေလာက္မွာ လင္မယား ၂ ေယာက္နဲ႔ ကေလးအသံ ၾကားတယ္။ မနက္ ၁၀ နာရီေလာက္ ေရာက္ေတာ့ ကေလး ငိုသံ ၾကားရတယ္။ သြားၾကည့္ေတာ့ ကေလးကို ေျမာင္းထဲမွာ ေတြ႕ရတယ္။ အဲဒါနဲ႔ ေဆး႐ုံးကို ပို႔လိုက္ပါတယ္။"ဟု ေမြးကင္းစ ကေလးအား ေတြ႕ရွိသူ ေအာင္သေျပ ေရးေဆးဆီလိုက္မွ ဦးစိုးၫြန႔္က ကေမာၻဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ကေလးငယ္မွာ ေမြးဖြားၿပီး တစ္ရက္သာ ရွိေသာ ကေလးငယ္ တစ္ဦး ျဖစ္ၿပီး ထိခိုက္ဒဏ္ရာ အနည္းငယ္ ရွိေနကာ လက္ရွိတြင္ ဟိုပုံးၿမိဳ႕နယ္ ျပည္သူ႔ေဆးရံု၌ ေဆးကုသေနလ်က္ ရွိေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ ကေလးငယ္အား စြန္႔ပစ္ထားမႈႏွင့္ ပတ္သက္၍ အမႈဖြင့္ အေရးယူထားျခင္း ရွိ/မရွိအား ကေမၻာဇတိုင္းမွ ဟိုပံုးၿမဳိ႕မ ရဲစခန္းသို႔ ဆက္သြယ္ ေမးျမန္းရာတြင္ ကေလးငယ္္​အား စြန္႔ပစ္သူမ်ားကို စိစစ္အေရးယူသြားမည္ဟု ဒုရဲအုပ္ ေဇယ်ာေအာင္က ေျပာၾကားခဲ့သည္။
.

No comments:

Post a Comment

Journal Download

Photo of three cats