တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံချက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံချက်


စိုင်းကျော်မောင်
.
ကမ္ဘာ့ နိုင်ငံအသီးသီးသည် ဆင်းရဲနွမ်းပါး မှု လျှော့ချရေး (Poverty Reduction)ကို နည်း အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်။ ယင်း တို့ ဆောင်ရွက်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမှု မရှိဘဲ ကွဲပြား ခြားနား ကြသည်ကို တွေ့ရှိရသည်။
.
ဆင်းရဲနွမ်းပါးမှု (Poverty)အဓိပ္ပါယ်
.
ဆင်းရဲနွမ်းပါးမှုဟူသည် သန့်ရှင်းသော ရေ၊ အစာအာဟာရဓာတ်၊ ကျန်းမာရေးစောင့် ရှောက်မှု၊ အဝတ်အထည်နှင့် နေထိုင်ရာ အိုး အိမ်အစရှိသော အခြေခံလူတန်းစားတို့၏ လို အပ်ချက်များကို ဖြည့်ဆည်းပေးရန် နည်းလမ်း များ မရှိသည့် အခြေပင်ဖြစ်သည်။ ကမ္ဘာ့ဘဏ် ကမူ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁ ဒ သမ ၂၅ (PPP)ထက် နည်းသည့် ငွေကြေးဖြင့် နေထိုင်ရှင်သန်ခြင်းကို အလွန်အမင်း ဆင်းရဲ နွမ်းပါးမှု (Extreme Poverty)ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ တစ်နေ့လျှင် ၂ ဒေါ်လာ ထက် နည်းပြီး နေထိုင်ရှင်သန်ရပါက သာမန် ဆင်းရဲနွမ်းပါးမှုဟူ၍ ယူဆထားသည်။
.
ဆင်းရဲနွမ်းပါးမှု ဖြစ်စေသည့် အကြောင်းရင်း
.
စက်မှုတော်လှန်ရေး မတိုင်မီက ဆင်းရဲ နွမ်းပါးမှုကို မလွဲဧကန် ကြုံတွေ့ခဲ့ရသည်။ ခေတ်မီနည်းပညာပိုင်းတွင် စိုက်ပျိုးရေးပိုင်း၌ အစားအစာ ပြတ်လတ်မှုများသည် ပထမအ ခြေခံအကြောင်းရင်း တစ်ခုအဖြစ် တွေ့မြင်ခဲ့ရ သည်။
.
ဒုတိယအကြောင်းရင်းသည် နေထိုင်မှုစ ရိတ်များ မြင့်တက်လာခြင်းသည် ဆင်းရဲသား လူတန်းစားတိုင်းအား စိန်ခေါ်မှုတစ်ရပ် ဖြစ်စေ သည်။ ဆင်းရဲသူများသည် ချမ်းသာသော သူ များထက် အစားအစာပိုင်းတွင် ယင်းကိုငွေ ကြေး၏ ကြီးမားသော အချိုးအစားကိုသာ သုံး စွဲခဲ့ကြရသည်။ အစားအစာ ဈေးနှုန်းမြင့်တက် လာသောအခါ ဆင်းရဲသူများကသာ အခက် ကြုံတွေ့ရသည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ဂျုံဈေးများ အဆမတန် မြင့် တက်လာမှုကြောင့် အစားအစာနှင့် စပ်လျဉ်း၍ အဓိကဂုဏ်းများ ဖြစ်ပွားလာခဲ့ရသည်။ လူ ပေါင်း သန်း ၁၀၀ သည် ဆင်းရဲနွံတွင်းတွင် နစ်မြှုပ်နေရသည် ဟူ၍ ကမ္ဘာ့ဘဏ်က ဖော်ပြ ထားသည်။
.
တတိယအကြောင်းရင်းသည် အစားအစာ ဖြည့်တင်းမှု မိုးခေါင်ရေရှားမှုနှင့် ရေရရှိမှု အ ကြပ်အတည်းတို့က ဖြစ်စေခဲ့သည်။ ခန့်မှန်းခြေ အားဖြင့် ကမ္ဘာ့စိုက်ပျိုးမြေ၏ ၄၀ ရာခိုင်နှုန်း သည် လွန်မင်းစွာ ပျက်စီးယိုယွင်းလာခဲ့သည်။ ဥပမာ အာဖရိကတွင် မြေသားယိုယွင်းပျက်စီး မှုသည် လက်ရှိ လမ်းကြောင်းအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက အာဖရိကတွင် ၂၀၂၅ ခုနှစ်၌ ယင်းလူဦးရေ၏ ၂၅ ရာခိုင်နှုန်း ကိုသာ အစားအစာ ဖြည့်တင်းပေးနိုင်မည် ဖြစ် သည်။
.
စတုတ္ထအချက်သည် ကျန်းမာရေးစောင့် ရှောက်မှုဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက် မှုသည် ဆင်းရဲသားများအတွက် ကျယ်ပြန့်စွာ မရရှိခြင်းပင် ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်း မာရေးစောင့်ရှောက်မှု ဆုံးရှုံးခြင်းသည် ဆင်း ရဲသားများကို အတိဒုက္ခရောက်စေသည်။ လူ ဦးရေထူထပ်ခြင်းနှင့် မွေးဖွားနှုန်း ထိန်းချုပ်မှု နည်းလမ်းများသည် ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ် စေသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၄၀ ပြည့်နှစ် တွင် ၉ ဘီလီယမ် ထိ ရှိလာမည်ဟု တွက်ချက် ထားသည်။
.
(Photo - Internet)

ဝင်ငွေ မညီမျှမှုများ မြင့်တက်လာခြင်း
.
တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုကို ကမ္ဘာ့ ဘဏ်မှ သတ်မှတ်ထားသော ဆင်းရဲနွမ်းပါးမှု လိုင်းအရ တစ်နေ့လျှင် ၁ ဒသမ ၅ ဒေါ်လာ ထက်နည်းသော ဝင်ငွေ ရရှိသူများကို ရည် ညွှန်းသည်။ ဆင်းရဲနွမ်းပါးမှုသည် တရုတ်နိုင်ငံ ရှိ အသွင်အပြင် လက္ခဏာအားလုံး၌ သက် ရောက်မှုရှိသည်။ ယင်းတို့တွင် ပတ်ဝန်းကျင် အနေအထား၊ ကျန်းမာရေး၊ ပညာရေး၊ နေအိမ် အဆောက်အအုံ၊ အာဟာရနှင့် စိုက်ပျိုးရေးတို့ အကျုံးဝင်သည်။
.
တရုတ်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ်နောက် ပိုင်းတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင် ဆောင်ရွက်ကတည်းကပင် တစ်ဦးချင်း၏ ဝင် ငွေသည် သိသာသည့် တိုးတက်မှုများ အရှိန် ရခဲ့သည်။ ပြုပြင်ပြောင်းလဲမှု စတင်သည့် ကာ လတွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၆၄ ရာခိုင်နှုန်းရှိနေ ရာမှ ၂၀၀၄ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းထိတိုင် ကျဆင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝင် ငွေ မညီမျှမှုများ မြင့်တက်လာခဲ့ရသည်။ လွန် မင်းစွာ ပညာတတ်သော မြို့ပြအသက်မွေး ဝမ်းကျောင်း ပညာရှင်များနှင့် မြို့ပြအလုပ်သ မား လူတန်းစားအကြား ကွာဟမှုမြင့်တက် လာခြင်းဖြင့် ကျေးလက်နှင့် မြို့ပြတို့၏ ဝင်ငွေ သည် ကွာဟမှုများ ဖြစ်လာခဲ့ရသည်။ ထို့ပြင် ကျန်းမာရေးနှင့် ပညာရေး ရလဒ်များသည် မ ညီမျှမှုများ မြင့်တက်လာခဲ့ရသည်။
.
ဗဟိုချုပ်ကိုင်မှု လျော့ကျလာခဲ့ခြင်း
.
တရုတ်နိုင်ငံသည် ဈေးကွက်စနစ်အား စ တင်မိတ်ဆက်ခဲ့သော်လည်း ကျေးလက်နှင့် မြို့ပြရွှေ့ပြောင်းမှုများအား ကန့်သတ်လာမှုများ သည် ပိုမိုဆင်းရဲသော ကျေးလက်ပြည်သူများ အတွက် ကန့်သတ်ထားသော အခွင့်အလမ်း များ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ကျန်း မာရေးနှင့် ပညာရေးအတွက် ရန်ပုံငွေ ထူ ထောင်ရန် ဒေသအစိုးရအပေါ် အားထားသော ဘဏ္ဍာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှုများ လျှော့ ချလာခဲ့သည်။ ရလဒ်အနေဖြင့် ဆင်းရဲသော ကျေးရွာများသည် ကောင်းမွန်သော ဝန်ဆောင် မှုလုပ်ငန်းများကို ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ ဆင်းရဲသော အိမ်ထောင်စုများသည် အခြေခံ ဝန်ဆောင်မှုလုပ်ငန်းများ၏ မြင့်မားသည့် ကုန် ကျစရိတ်များအား အမီ မလိုက်နိုင်ကြပေ။ မ ကြာသေးမီ နှစ်များက တရုတ်နိုင်ငံတွင် တည် ဆောက်ခဲ့သော ကြီးမားသည့် ကုန်သွယ်မှုပို ငွေသည် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ အ ကြောင်းမူကား စက်မှုလုပ်ငန်း အခန်းကဏ္ဍကို တွန်းအားပေးခဲ့ရာ ဆင်းရဲသားများအတွက် အ လုပ်အကိုင်သစ်များကို ဖန်တီးပေးနိုင်စွမ်းများ ကျဆင်းခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရ သည် ပြောင်းရွှေ့မှုကား အားပေးရန် ပေါ်လစီ ကို ပြုပြင်ဆောင်ရွက်ခဲ့ရသည်။ ဆင်းရဲသော ဒေသများနှင့် ဆင်းရဲသော အိမ်ထောင်စုများ အတွင်း ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင် မှုအတွက် ရန်ပုံငွေအား မိမိတို့ဘာသာ ထူ ထောင်ခဲ့ရသည်။ လူမှုရေးဆိုင်ရာ ကွာဟမှုများ လျှော့ချရန် ကူညီရေးအကွက် ပြည်တွင်းသုံး စွဲမှုနှင့် အစိုးရလုပ်ငန်းများသို့ ရှေ့ရှုလျက် ရင်း နှီးမြှုပ်နှံမှုနှင့် ပို့ကုန်များဆိုင်ရာ စီးပွားရေး တို့ ကို ပြန်လည်၍ ချိန်ညှိခဲ့ကြရသည်။
.
"တံခါးဖွင့် မူဝါဒ"
.
လွန်ခဲ့သည့် ၂၅ နှစ်ကျော် ကာလတွင် တ ရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ စီးပွားရေးသည် လျင်မြန်စွာ တိုးတက်လာသော နိုင်ငံဖြစ်လာခဲ့ သည်။ ယင်းတိုးတက်မှုသည် လက်တွေ့နေ ထိုင်မှု အဆင့်အတန်းတွင် ထူးခြားသော တိုး တက်မှုသို့ ဦးတည်ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အကြား ဤဆင်းရဲနွမ်းပါးမှုနှုန်း သည် ၈၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ ကျ ဆင်းလာသည်။ တရုတ်နိုင်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ခဲ့သော ၁၉၇၈ ခုနှစ်မှ နှစ် ၃၀ ကျော်တိုင် မြင့်မားသော တိုးတက်မှု နှုန်းအား ထိန်းသိမ်းနိုင်ခဲ့သည်။ ၁၉၉၀ ပြည့် နှစ်မှ ၂၀၀၅ ခုနှစ်ထိ တရုတ်နိုင်ငံသည် တစ် ဦးချင်းစီ၏ ပျှမ်းမျှတိုးတက်မှုနှုန်းသည် ၈ ဒသ မ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို "တံခါးဖွင့် မူဝါဒ"ဟု ခေါ်ဆိုရည် ညွှန်းလာခဲ့သည်။
.
ဆင်းရဲနွမ်းပါးမှု လျော့ကျလာခြင်း
.
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ကုန်သွယ်မှု ဖြေလျှော့ခြင်းနှင့် နိုင်ငံခြား တိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိက အရေးပါ သည်။ တရုတ်နိုင်ငံသည် လူသားတို့၏ အရင်း အနှီးအား တိုးတက်သည့် နိုင်ငံခြား ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ဖွင့်လှစ်ပေးခဲ့ သည်။ ပုဂ္ဂလိက ကဏ္ဍအတွက် ပိုမိုကောင်း မွန်သော ရင်းနှီးမြှုပ်နှံမှု ရာသီဥတုကို ဖန်တီး ပေးခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်း သို့ ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံ၏ ပျှမ်း မျှအခွန်နှုန်းများသည် ၁၀ ရာခိုင်နှုန်းသို့ ကျ ဆင်းခဲ့သည်။ ကုန်ထုတ်လုပ်ပြီး သွင်းကုန်များ အတွက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
.
တရုတ်နိုင်ငံ၏ ရေရှည်ထိန်းထားနိုင်သော တိုးတက်မှုသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး သို့ တွန်းအားပေးနိုင်ခဲ့သည်။ ပြည်ထောင်စု စူးစမ်း လေ့လာမှုများအရ တရုတ်နိုင်ငံတွင် ၁၉၈၁ ခုနှစ် ဆင်းရဲမှုနှုန်းသည် လူဦးရေ ၆၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၄ ခုနှစ်တွင် ၁၀ ရာခိုင် နှုန်းထိတိုင် ကျဆင်းခဲ့ရသည်။
.
တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးသည် လှိုင်းလုံးများအသွင် ဖြစ်လာသည်။ အိမ်ထောင်စု တာဝန်ယူမှုစနစ်သို့ ရွှေ့ပြောင်း မှုသည် စိုက်ပျိုးရေး ထုတ်ကုန်တွင် ကြီးမား သော တိုးတက်မှုကို တွန်းအားပေးခဲ့သည်။ ဆင်းရဲနှုန်းသည် ၁၉၈၁ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ တိုတောင်းသော ကာလတွင် တစ်ပတ်ခန့် လျှော့ချနိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၃ ခု နှစ်ထိ ကာလသည် ဆင်းရဲနွမ်းပါးရေး လျှော့ ချမှု ရပ်တန့်ခဲ့သည့် ကာလဖြစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဆင်းရဲမှုကို အ နည်းငယ် လျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံ သည် ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု အ ဖွဲ့အစည်းသို့ ဝင်ရောက်ပြီးသည်နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချခြင်းသည် လျင်မြန်သည့် အ ရှိန်အဟုန်ဖြင့် ပြန်လည်စတင်လာသည်ကို တွေ့ရှိလာရသည်။ ၇ နှစ်တာ ကာလအတွင်း ဆင်းရဲနွမ်းပါးမှုကို ၃ ပုံ တစ်ပုံထိ လျှော့ချနိုင်ခဲ့ သည်။
.
ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ
.
တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ ကျေး လက်ဒေသများတွင် ၁၉၈၆ ခုနှစ်မှ စတင်ကာ  အကြီးစားအဆင့် သက်သာချောင်ချိရေး အစီ အစဉ်များ ဆောင်ရွက်ခဲ့သည်။ အစိုးရ၏ ရင်း နှီးမြှုပ်နှံမှုများကို မြှင့်တင်ခဲ့သည်။ ဆင်းရဲသော ဒေသများအတွက် ဆင်းရဲမှု လျှော့ချရန်အတိုး နှုန်း နည်းပါးသည့် ချေးငွေများကို စီစဉ်ပေးခဲ့ သည်။ တောင်သူလယ်သမားများကို ထုတ် လုပ်မှု မြင့်မားလာစေရန် စွမ်းဆောင်ပေးခဲ့ သည်။ အခြေခံ အဆောက်အအုံများ တိုးတက် ရေးကို စွမ်းဆောင်ပေးခဲ့သည်။ အခြေခံအ ဆောက်အအုံများစွာကို ဆင်းရဲသား ကျေးရွာ များအတွက် ကူညီထောက်ပံ့ပေးခဲ့သည်။ မြို့ ပြဧရိယာများတွင် အလုပ်အကိုင်များကို ဖန် တီးပေးခဲ့သည်။ အသေးစား ချေးငွေများကို ထောက်ပံ့ပေးခဲ့သည်။ ပိုမိုနှစ်သက်ဖွယ်ရာ ကောင်းသည့် အခွန်နှုန်း မူဝါဒများကို စွဲကိုင် ကာ ပြုလုပ်ပေးခဲ့သည်။ မြေမဲ့အိမ်မဲ့ ဆင်းရဲ သားပြည်သူများအတွက်လည်း ပြုပြင်ပေးကာ ဆောင်ရွက်ပေးခဲ့သည်။
.
(Photo - Internet)

အစိုးရလုပ်ငန်းများနှင့် လူမှုအသိုက်အမြုံ များကို ကူညီပံ့ပိုးပေးခဲ့သည်။ ပညာရေးပိုင်း တွင် ၉ နှစ် မသင်မနေရ ပညာရေးစနစ်အား အကောင်အထည်ဖော်ကာ မြှင့်တင်ဆောင် ရွက်ပေးခဲ့သည်။ အဆင့်မြှင့်ပညာရေးနှင့် အ သက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးများကို လည်း ပိုမိုလုပ်ဆောင်ပေးခဲ့သည်။ ၂၀၀၆ ခု နှစ်တွင် GDP (ပြည်တွင်းအသားတင် ထုတ် လုပ်မှု)၏ ၂ ဒသမ ၆ ရာခိုင်နှုန်းကို အစိုးရ၏ အသုံးစရိတ်အဖြစ် သုံးစွဲခဲ့သည်။ ရည်မှန်းချက် သည် GDP ၏ ၄ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ယင်းကို ကြိုးပမ်းခဲ့ကြသည်။ တရုတ်နိုင်ငံအ နေဖြင့် အထူးစီးပွားရေးဇုန်များအတွက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို အထူးအလေးထား ကာ ကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတွင် အစိုးရ၏ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး မူဝါဒသည် လူအများ ရွှေ့ ပြောင်းမှုနှင့် အလုပ်အကိုင် ရရှိမှုကို ရှေးရှုခဲ့ သည်။ စီးပွားရေး တိုးတက်မှုကို ဆောင်ရွက် ပြီး ပညာရေးနှင့် ကျန်းမာရေးတွင် ဆင်းရဲသား များ အတွက် အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ ဆင်းရဲသား နွမ်းပါးမှု လျှော့ချရေးတွင် အစိုးရ ၏ ဆောင်ရွက်မှုများနှင့် လူမှုတာဝန်သိမှုများ သည် အရေးပါသော အချက်များအဖြစ် သိ သာထင်ရှားမှုများ ဖြစ်ခဲ့ရသည်။
.
၂၁ ရာစုတွင် ယခင်ဆင်းရဲသော နိုင်ငံများ သည် ဆယ်စုနှစ် ၂ ခုအတွင်း စီးပွားရေးသည် သိသာစွာ တိုးတက်လာသည်ကို တွေ့ရှိရ သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ် သည့် ပြည်ထောင်စု မြန်မာနိုင်ငံသည်လည်း ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်ရာ အကြီးမားဆုံးနှင့် အရေးအကြီးဆုံး ရည်မှန်း ချက်တစ်ခုဖြစ်သော ဆင်းရဲနွမ်းပါးမှု ထက် ဝက်ဆီ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်း အိမ်ထောင်စုတစ်ခုချင်း စီးပွားရေး လုပ်ငန်း များ၊ ကျေးရွာနှင့် မြို့ပြအဆင့် မြို့နယ်အဆင့် အလိုက် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက် လျက်ရှိကြသည်။ ဤသို့ဖြင် သိသာမြင်သာ သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အ ကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အားလုံးဝိုင်းဝန်းကာ ဆောင် ရွက်သွားရမည် ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats