ပိုင်ရှင်မဲ့ ခွေးများနှင့် လွှတ်ကျောင်းသည့် ကျွဲ/နွားများကြောင့် ကျိုင်းတုံ နည်းပညာ တက္ကသိုလ် ဝင်းအတွင်းရှိ အဆောက်အဦများ ထိခိုက်လာနိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

ပိုင်ရှင်မဲ့ ခွေးများနှင့် လွှတ်ကျောင်းသည့် ကျွဲ/နွားများကြောင့် ကျိုင်းတုံ နည်းပညာ တက္ကသိုလ် ဝင်းအတွင်းရှိ အဆောက်အဦများ ထိခိုက်လာနိုင်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ လွယ်မွေလမ်းရှိ နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ပိုင်ရှင်မဲ့ ခွေးများနှင့် လွှတ်ကျောင်းထားသည့် ကျွဲ၊ နွားများကြောင့် ယင်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်း သား/သူများနှင့် ကျောင်း အဆောက်အဦများအား ထိခိုက်စေနိုင်သဖြင့် သက်ဆိုင်ရာမှ ရှင်းလင်း ဆောင်ရွက်ပေးစေလိုသည်ဟု ပါမောက္ခချုပ် ဦးကျော်သာက ပြောဆိုခဲ့သည်။
.
ခွေးကနေ အညစ်အကြေး စွန့်တာနဲ့ အုပ်စုလိုက် များပြားနေတာကြောင့် ကျောင်းအတွက် အမြင် မတင့်တယ်ဘူး။ နောက်ပြီး ခွေးကိုက် ခံရမှာကို စိုးရိမ်ရပါတယ်။ ကျောင်း ဝင်းထဲကို ကျွဲနွားတွေ ဝင်ရောက် နေတာကြောင့်လည်း ကျောင်း အဆောက်အဦနဲ့ ပတ်ဝန်းကျင်ကို ညစ်ပတ်ပေကျံပြီး အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တာကြောင့် သက်ဆိုင်ရာ တာဝန် ရှိသူတွေက ကူညီဖြေရှင်း ပေးစေချင်ပါတယ်ဟု ကျိုင်းတုံနည်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဦး ကျော်သာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်အား ဆက်သွယ်မေးမြန်းရာ လွှတ်ကျောင်း ကျွဲ နွားတွေနဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေကို သေချာထိန်း ကျောင်းကြဖို့နဲ့ စိုက်ခင်းပိုင်နက် နယ်မြေကို ကျူးကျော် ဝင်ရောက်မှု မရှိစေရေးအတွက် တရားဝင် အကြောင်းကြားစာတွေ ပေးထားပြီး ဖြစ်ပါတယ်။ ထပ်ပြီးတော့ သတိပေး တားမြစ်ဖို့ ဆောင်ရွက်ပါမယ်ဟု ပြောကြားခဲ့သည်။
.

အဲဒီ ကျောင်းဝင်းထဲကို ဘေးက ခွေးလေခွေးလွင့်တွေ ရောက်လာတာ မဟုတ်ပါဘူး။ တချို့ဆရာ/ဆ ရာမတွေက ခွေး မွေးထားပြီး သူတို့ ပြောင်းရွှေ့သွားတော့ ခွေးကို ချန်ထားခဲ့ရာကနေ ခွေးတွေ များပြားလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု လို တာဝန်ရှိသူ ကျောင်းအုပ်ကနေ ပြောဆိုလာတော့ မြို့နယ်စည်ပင်သာယာနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းကို လုပ်ပေးပါမယ်ဟု ရှမ်း ပြည်နယ်အရှေ့ပိုင်း စည်ပင်သာယာရေး(ရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ကျိုင်းတုံနည်းပညာတက္ကသိုလ် အနီးဝန်းကျင်တွင် ကျောက်မီးသွေး လောင်စာသုံး အုတ်စက်ရုံ တည်ဆောက် လည်ပတ်နေသဖြင့် ကျောက်မီးသွေးနှင့် ပတ်သက်သည့် ဓါတု ဓါတ်ကြွင်းများ လေထုအတွင်း မှ တစ်ဆင့် အသက်ရှူ လမ်းကြောင်းသို့ ဝင်ရောက်ပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည့်အပြင် ကျောင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စည်းကမ်းမဲ့ လွှတ်ကျောင်းထားသည့် ကျွဲနွားများကြောင့် အနံ့အသက်ဆိုးများကို ရင်ဆိုင်နေရကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats