တာချီလိတ်၌ ကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ ကဖင်းများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, September 7, 2019

တာချီလိတ်၌ ကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ ကဖင်းများ ဖမ်းမိ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်က ကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ ကဖင်းများအား  ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ် ကျိုင်းလပ်-တာလေကားလမ်း ကီလိုမီတာတိုင် အမှတ် (၂၂) အနီး၌ ကျိုင်းလပ်ကျေးရွာမှ တာလေမြို့သို့  အားချီ မောင်းနှင်လာသည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့် စစ်ဆေးစဉ် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ကဖင်း ကီလို ၁၀၀၀ အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကျိုင်းလပ်ကျေးရွာမှ တာလေမြို့သို့ တာလေမြို့နေသူ အားရို မောင်းနှင်ပြီး အားဆော် လိုက်ပါ စီးနင်းလာသည့် ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အားရို မှာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် သတိပေး ပစ်ခတ်ရာ ၎င်း၏ ခြေကျင်းဝတ်သို့ ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာဖြင့် ဖမ်းမိခဲ့ပြီးနောက် ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၉၅၀ တန်ဖိုးရှိ ကဖင်း ကီလို ၉၅၀ အား ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကဖင်းများအား တစ်ဖက်နိုင်ငံမှ တစ်ဆင့် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ကဖင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats