တစ်ပတ်တာကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 12, 2019

တစ်ပတ်တာကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ၇ ရက် သား/သမီးများအတွက် တစ်ပတ်တာ ကံကြမ္မာများ ဖြစ်ပါသည်။
.
တနင်္ဂနွေ
.
စီးပွားရေး ငွေကြေးကိစ္စများ နည်းနည်း အဆင်ပြေလာမည်။ အလုပ်လျှောက်ထားသူများမှာမူ ငြင်းပယ် ခံရလိမ့်မယ်။ ဖိနပ်များ၊ အိတ်များ၊ ထူးခြားသော အသုံးအဆောင်ပစ္စည်း ဝင်လိမ့်မည်။ ကတိပေးမိသော ကိစ္စများအတွက် မဆောင်ရွက်ပေးနိုင်ဘဲ ရှိမည်။ ငယ်သူများကြောင့် အပူတွေ့ရပါမည်။ ငွေကြေးအထွက် လည်း များပြားနေလိမ့်မည်။ ကုန်သည်များမှာ ရောင်းရသော ငွေများပျောက်ပျက်ကုန်လိမ့်မည်။ လိုငွေပြ နေပါလိမ့်မည်။ ဝန်ထမ်းများမှာ စိတ်မွန်းကြပ်ခြင်း၊ အလုပ်မှာ မပျော်ခြင်း စသည်တို့ဖြစ်မည်။ ပွဲစားများမှာ ငွေကြေး အဝင်မရှိသော ကာလဖြစ်ပါမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူ၏ ဆန်းကြယ်သော အပြုအမူကြောင့် အံ့သြရလိမ့်မည်။ ကျန်းမာရေးတွင် ယားယံခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၅/၆/ဝ)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ကျောက်ကျောလှူပါ။
.
တနင်္လာ
.
ကားအသေးစား ပွတ်မိမည်။ ဆိုင်ကယ်ခိုက်မိလိမ့်မည်။ အိမ်အတွက် နည်းနည်းစိတ်ပူပန်ရလိမ့်မည်။ လှပသော ပစ္စည်းဝင်ပါမည်။ သတင်းကောင်း ကြားသိရမည်။ အလုပ်များ ပြန်လည်ကောင်းမွန်လာမည်။ ကြွေးဟောင်း ပြန်ရမည်။ အကြံအစည်ကောင်း ပေါ်လာမည်။ ငယ်သူအတွက် ဝမ်းသာကျေနပ်စရာ ပေါ် မည်။ ပေးငှားမိသော မိမိပိုင်ပစ္စည်း ပြန်မရဖြစ်မည်။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းလာမည်။ ဝန်ထမ်းများ အလုပ်ပိနေမည်။ ပွဲစားများမှာ အစားကောင်း စားရခြင်း၊ မစသူ ပေါ်ခြင်းကြုံမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူသစ်တွေ့မည်။ ချစ်သူဟောင်းနှင့်လည်း ပြန်ဆုံတတ်သည်။ ကျန်းမာရေးကိစ္စတွင် ဒူးနာမည်။ ခြေထောက်ဒုက္ခ ပေးမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၂/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို နှမ်းယိုလှူပါ။
.
အင်္ဂါ
.
ကားဝင်ခြင်း၊ ကားအသစ် လဲလှယ်ခြင်း ကြုံမည်။ အဝေးမှလာသော ဧည့်သည်အတွက် စိတ်မောရ မည်။ ငွေနည်းနည်း ဝင်လာမည်။ အိမ်တွင်းရေးကိစ္စများကြောင့် အလုပ်ရှုပ်မည်။ နေအိမ်အတွင်း သန့်ရှင်း ရေးအထူးပြုလုပ်ရမည်။ အဝတ်အစားသစ် ဝင်မည်။ ပရိဘောဂသစ် ဝင်မည်။ သူခိုးဘေး သတိထားပါ။ ကုန်သည်များမှာ အရောင်းအဝယ် ပြန်ကောင်းလာမည်။ စိတ်ပျော်လာမည်။ ဝန်ထမ်းများမှာ ကြီးသူထံမှ လက်ဆောင် လာဘ်ရအံ့။ ကောင်းသောစကား ကြားရလိမ့်မည်။ ပွဲစားများမှာ အပေါင်ကိစ္စ နည်းနည်းတည့် လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအား လက်ဆောင်ပေးခြင်း၊ တစ်ခုခုကျွေးမွေးရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စတွင် ဖျားလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် သြဇာညွန့် + ထီးဖြူတစ်လက် လှူပါ။
.

ဗုဒ္ဓဟူး
.
ကြွေးဟောင်း ရှိပါက ပြန်ရမည်။ အိမ်အနည်းငယ် ပြုပြင်ရလိမ့်မည်။ ဈေးဝယ်ထွက်ရခြင်း၊ အဆင့်မြင့် ပစ္စည်းများ ဝင်လာခြင်း ကြုံမည်။ စီးပွားရေးအလုပ်များ အခက်အခဲ တွေ့မည်။ အရှုံးပေါ်မည်။ သတိထား ပါ။ မိတ်ဆွေဟောင်း ပြန်တွေ့ပါမည်။ ငယ်သူပညာရေးကိစ္စ ငွေကုန်မည်။ အဝေးမှ အဆက်အသွယ် လာ မည်။ ကုန်သည်များမှာ လှောင်ကုန် မြတ်ပါမည်။ ဝန်ထမ်းများ အပိုဝင်ငွေ ရပါမည်။ ပွဲစားများမှာ အရောင်း အနည်းငယ်ဖြစ်ပါမည်။ အပိုပွဲညွန့်လည်း ရမည်။ ငယ်ရွယ်သူများမှာ ချစ်သူနှင့်အတူ လည်ပတ်ရမည်။ ကျန်းမာရေးကိစ္စတွင် ဖျားမည်။ အအေးမိလိမ့်မည်။ နှာစေးတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈)ဖြစ်သည်။
ယတြာ။  ဘုရားတွင် ပေါက်ပေါက်လှူပါ။
.
ကြာသပတေး
.
ခရီးယာယီသွားလာရမည်။ ပညာရေးအတွက် အကြံအစည် ပြောင်းလိမ့်မည်။ စီးပွားရေးအလုပ်အ ကိုင် စတင်ထူထောင်ခြင်း၊ စိတ်ကူူးသစ်ပေါ်ခြင်း ကြုံမည်။ အမွေကိစ္စ ပြောဆိုရမည်။ အိမ်နီးချင်းကိစ္စများ လိုက်ပါကူညီရမည်။ စက်ပစ္စည်းများ ဝင်လာတတ်ပါသည်။ လျှပ်စစ်မီးကိစ္စ အလုပ်ရှုပ်မည်။ ပြုပြင်တပ် ဆင်လဲလှယ်ခြင်းများ ကြုံပါမည်။ ကုန်သည်များမှာ အကြွေးပြန်ရရန် ခက်ခဲနေလိမ့်မည်။ ဝန်ထမ်းများ သင်တန်းအပြောင်းအရွှေ့ စသည် ပေါ်ပေါက်မည်။ ပွဲစားများ ဘာမှ မထူးခြားဘဲ အချိန်ကုန်နေမည်။ ငယ် သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနှင့်အတူ ပွဲသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စ များမှာ ဝမ်းကိုက်မည်။ လေနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၂/၇)ဖြစ်သည်။
ယတြာ။  စေတီမှာ သြဇာသီး/သြဇာညွန့် တစ်ခုခုလှူပါ။
.
သောကြာ
.
ကားမောင်း သင်ခြင်း၊ ကားဝယ်ခြင်း၊ အလဲအထပ်ပြုခြင်း ကြုံမည်။ အကြပ်ရိုက်စရာကိစ္စ နည်းနည်း ကြုံပါမည်။ စိတ်ပျော်ရွှင်စရာ ကြုံပါမည်။ လူပင်ပန်းမှုဒဏ် နည်းနည်းဖြစ်မည်။ အဝတ်အထည် ဝင်မည်။ စီးပွားရေးများ အသင့်သင့်မှ ရုတ်တရက်မြတ်ခြင်း၊ ငွေဝင်လာခြင်း ကြုံလိမ့်မည်။ ထူးခြားသောကာလဖြစ် မည်။ ကုန်သည်များမှာ အရောင်းအဝယ် အားကောင်းလာမည်။ ဝန်ထမ်းများ အောက်လူအတိုက်အခံ ကြုံ မည်။ စွပ်စွဲပြောဆိုခံရမည်။ ပွဲစားများမှာ အလုပ်အဆင်ပြေလာတော့မည်။ ငယ်သူများ ချစ်သူကိစ္စတစ်ခု ကြောင့် စိတ်ညစ်ရလိမ့်မည်။ ကျန်းမာရေးတွင် ဆီးပူ၊ ဆီးအောင့်၊ ဆီးများခြင်း ကြုံမည်။ အပူစာ မစားသင့် ပါ။ ကံကောင်းစေသော ဂဏန်းမှာ (၁/၅/၄)ဖြစ်သည်။
ယတြာ။  စေတီတွင် ပန်းရောင်စုံလှူပါ။
.
စနေ
.
ရန် အတိုက်အခံ နည်းနည်းတွေ့သော်လည်း အနိုင်ရမည်။ မနာလိုသူ ကြုံမည်။ စီးပွားရေးအထူးအောင် မြင်ဖြစ်ထွန်းမည်။ လိုချင်သော ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စ ဆောင်ရွက်နိုင်မည်။ ကားကိစ္စ စိတ်ညစ်ရမည်။ မြေရောင်းချရမည်။ အကြွေးလည်း တင်တတ်ပါသည်။ အပေါင်အနှံ ပြုမိသော ကိစ္စရှိပါက ဖိအား ပေးခံရမည်။ ကုန်သည်များမှာ ပစ္စည်းများ ပျက်စီးလိမ့်မည်။ ထို့ကြောင့် ဆုံးရှုံးနစ်နာမည်။ ဝန်ထမ်းများ ခွင့်ယူရလိမ့်မည်။ အချို့မှာ ဝင်ငွေအပိုရမည်။ ပွဲစားများမှာ အိမ်ငှားတည့်သဖြင့် ပွဲခရကြပါမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူအပေါ် အထင်လွဲသဖြင့် စိတ်ကောက်မခေါ်သော ကာလဖြစ်မည်။ ကျန်းမာရေးများမှာ ရင်ကြပ်မည်။ အသက်ရှူမဝဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၆/၉)ဖြစ်ပါသည်။
ယတြာ။  သံဃာတော်ကို ဆွမ်းဆက်ကပ်လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats