တောင်ကြီးမြို့တော် တန်ဆောင်တိုင် ပွဲတော်ကို ၉ ရက်သာ ကျင်းပ ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, September 20, 2019

တောင်ကြီးမြို့တော် တန်ဆောင်တိုင် ပွဲတော်ကို ၉ ရက်သာ ကျင်းပ ပြုလုပ်မည်


စိုင်းရာဇာ
.
လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၉ ရက်သာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် လွှတ်တင် ယှဉ်ပြိုင်မည့် မီးပုံးပျံ အရေအတွက်နှင့် ရာသီဥတု အခြေအနေအရ လိုအပ်ပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေး (ကက်ဘိနက်) ဆုံးဖြတ်ချက်ဖြင့် ရက်တိုး ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
.
မီးပုံးပျံ အရေအတွက် များလာရင် ကက်ဘိနက်မှာ တင်ပြီး ရက်တိုးဖို့ ဆုံးဖြတ်ပေးမယ်။  မီးပုံးပျံ လွှတ်နေရင်းနဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ရက် များခဲ့ရင်၊ မလွှတ်ရသေးတဲ့ မီးပုံးပျံတွေ ကျန်ခဲ့ရင် အဲဒီ တစ်ရက်ကို အစားထိုး ပေးနိုင်ဖို့ ချက်ခြင်း ကက်ဘိနက် တင်ပြီး ဆုံးဖြတ်ပေးမယ်ဟု  တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ၉ ရက်သာ ကျင်းပခွင့် ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲဝင် မီးပုံးပျံအလုံးရေ များနိုင်သဖြင့် ရက် မလုံလောက် နိုင်ခြင်းနှင့် သွားရေး/လာရေး ခက်ခဲ နိုင်ခြင်း၊ ရာသီဥတု ဆိုးရွားသော နေ့ ရက်များတွင် ပြိုင်ပွဲဝင် မီးပုံးပျံများအတွက် အခက်အခဲများ ဖြစ်ပေါ်လာ နိုင်ခြင်း၊ တစ်ညတာ အတွင်း ညမီးကြီး မီးပုံးပျံ အများအပြား လွှတ်တင်ပါက အန္တရာယ် များပြားနိုင်ခြင်း၊ ပွဲတော် သတ်မှတ်ရက် ပြီးဆုံးချိန်တွင် ရာသီဥတု အခြေအနေကြောင့် ပြိုင်ပွဲ ဝင်လွှတ်တင်နိုင်ခြင်း မရှိသည့် မီးပုံးပျံအဖွဲ့များ အနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ အပြင် ပွဲတော်ရက် လျော့နည်းသောကြောင့် ပွဲတော်အား မှီတည်ပြီး စီးပွားရေး လုပ်ကိုင်နေကြသော အခြေခံ လူတန်းစားများ ဝင်ငွေလျော့နည်း ရရှိနိုင်ခြင်း၊ ပြည်နယ်၏ ခရီးသွား လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ ထိခိုက်လာနိုင်ခြင်းတို့ကြောင့် တောင် ကြီး တန်ဆောင်တိုင် ပွဲတော်ကို ယခင်နှစ်များနည်းတူ ၁၀ ရက်ကြာ ကျင်းပခွင့်ပြုရန် မီးပုံးပျံပ ညာရှင်များ၊ ဝါသနာရှင်များ၊ ဒေသခံ ပြည်သူများမှ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။
.

အဓိက ကတော့ မီးပုံးပျံအဖွဲ့ တွေ အတွက်ပါ။ တစ်ရက်လျှော့ လိုက်ရင် ဒီနှစ်က မီးပုံးပျံလုပ်တဲ့ အဖွဲ့တွေ များတယ်။ ပွဲ ကျင်းပတဲ့သူ အတွက် တစ်ရက်က ပြဿနာ မရှိပေမယ့် မီးပုံးပျံ အဖွဲ့တွေကျတော့ တစ်ရက်မှာ မီးပုံးပျံ အများကြီး လွှတ်တဲ့အခါ နောက်ဆုံးမှာ လွှတ်ရမယ့်အဖွဲ့တွေကျ ရာသီဥတု အခြေနေကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ကို ခံစားရတဲ့အ ခါကျ အဆင် မပြေနိုင်ဘူး။ မီးပုံးပျံအ ဖွဲ့တွေက အလုံးရေ များတဲ့အခါ သွားလာရေး အခက်အခဲ ဖြစ်မယ်။ ရာသီဥတုကြောင့် မလွှတ်ဖြစ်ဘဲ ကျန်တဲ့ အခါကျရင် သယ်ယူပို့ဆောင်ရေး စရိတ်တွေက ကုန်ကျ စရိတ်တွေ ပို များမယ်။ ဒီနှစ်ဆိုရင် ယမ်းဈေးတွေလည်း အဆမတန် တက်သွားတာ တွေရှိတယ်။ တန်ဆောင်တိုင်ပွဲကတော့ မီးပုံးပျံ လွှတ်တင်တဲ့ ပြိုင်ပွဲဖြစ်တဲ့ အတွက် ရက် တစ်ရက် လျှော့တာကတော့ စိတ်မကောင်းစရာ ဖြစ်ရ တယ်ဟု မီးပုံးပျံပညာရှင် ဦးစိုင်းအောင်မျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တန်ဆောင်တိုင်ပွဲကို အလေး ထားတယ်။ ကော်မတီဖွဲ့တော့လည်း Cabinet တင်ပေးမယ်။ ဆုံးဖြတ် ချက်တွေ အားလုံးလည်း Cabinet (အစိုးရအဖွဲ့ဝင်များ အစည်းအဝေး)တင်ပေးတယ်။ အစည်းအဝေး ဆုံးဖြတ်ချက် ၂၅ ချက် ထွက်တယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်အားလုံးကို Cabinet (အစိုးရ အဖွဲ့ဝင်များ အစည်းအဝေး)က အတည်ပြုပေးလိုက်တော့ ရက်ကလည်း အတည်ပြုတဲ့ သဘော သက်ရောက်တယ်ဟု ပြည်နယ် လူမှုရေးဝန်ကြီးက ဆက်လက် ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့်နှစ် တောင်ကြီးတန် ဆောင်တိုင်ပွဲတော်တွင် ညလွှတ်ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း တစ်ညလျှင် ပျှမ်းမျှအားဖြင့် ၁၃ လုံး လွှတ်တင်နိုင်ခဲ့ပြီး ယခုနှစ်တွင် တစ်ည ၁၆ လုံး လွှတ်တင်နိုင်ရန် မီး ပုံးပျံ ပညာရှင်များမှ သဘောတူညီခဲ့သည့်အတွက် ယင်း အလုံးရေထက် ကျော်လွန်ခဲ့ပါက ပွဲတော် တစ်ရက် တိုးပေးမည်ဖြစ်ကြောင်း ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောဆိုခဲ့သည်။
.
ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၏ ဖွင့်ပွဲ/ပိတ်ပွဲတွင် ကပြ ဖျော်ဖြေ ရသော တိုင်းရင်းသား၊သူများ ဖျော်ဖြေရာတွင် အဆင်ပြေစေရန် အတွက် မှန်လုံဆောင်(VIP အဆောင်) အရှေ့တွင် ကတ္တရာလမ်းများ ထပ် မံတိုးချဲ့ခင်းကျင်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့မှ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို  တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်အထိ (နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ) ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းနှင့် ပွဲတော် ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၄ ရက်တွင် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats