ကက္ကူဘုရား ပရဝဏ် အတွင်းရှိ ညောင်ပင် လဲကျရာမှ လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဂေါပကအဖွဲ့ရုံး ပျက်ဆီး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, September 12, 2019

ကက္ကူဘုရား ပရဝဏ် အတွင်းရှိ ညောင်ပင် လဲကျရာမှ လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဂေါပကအဖွဲ့ရုံး ပျက်ဆီး


ထက်ထက်
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကက္ကူဘုရား ပရဝဏ်အတွင်းရှိ သက်တမ်းရင့် ညောင်ပင်အိုမှာ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီကျော်ခန့်က အမြစ်မှ ကျွတ်၍ လဲကျရာမှ ဂေါပကအဖွဲ့ရုံး ပျက်ဆီးခဲ့ပြီး လူတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ခံကျခဲ့သည့် ညောင်ပင်မှာ မွေတော်ကက္ကူဘုရား အနောက်မြောင့်ထောင့်ရှိ အမြင့်ပေ ၈၀ ကျော်၊ လုံးပတ် ၂၄ ပေခန့်ရှိ သက်တမ်းရင့် ညောင်ပင်အို ဖြစ်ပြီး ယင်းကဲ့သို့ လဲကျမှုကြောင့် ဘုရားအနီးမှ အမြင့် ၁၀ ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ဂေါပကအဖွဲ့ရုံး ပျက်ဆီးခဲ့သည့် အပြင် ဘုရားဖူး လာရောက်သူ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာနေ အသက် ၁၇ နှစ်အရွယ် အိုက်လော့အား ညောင်ပင်၏ ကိုင်းဖျားနှင့် ရိုက်မိခဲ့သဖြင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ယာဘက် လက်ဖျံကျိုး ဒဏ်ရာ၊ ယာဘက် မျက်ခွံဖူးရောင် ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

 

အဆိုပါ ဒဏ်ရာ ရရှိသူ လူငယ်အား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ကြက်ခြေနီ တပ်ဖွဲ့ လူနာတင် ယာဉ်ဖြင့် ပို့ဆောင်၍ ဆေးကုသမှု ခံယူနေလျက် ရှိပြီး၊ သစ်ပင် လဲကျပြီးနောက် ဘုးရားဖူးများ အနှောင့်အယှက် မဖြစ်စေရေး၊ လဲကျနေသော သစ်ပင် ရှင်းလင်းခြင်းတို့ကို ဒေသခံ ပြည်သူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။
.
မွေတော်ကက္ကူဘုရားသည် ရှမ်းပြည်နယ်၏ အထင်ကရ တစ်ခု ဖြစ်ပြီး ပုဂံခေတ်၌ အလောင်းစည်သူမင်းမှ ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထား ကိုးကွယ်ခဲ့ရာ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။


No comments:

Post a Comment

Journal Download

Photo of three cats