ရပ်စောက်မြို့နယ်၌ ခင်ပွန်း မရှိခိုက် ဇနီးဖြစ်သူအား အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, September 11, 2019

ရပ်စောက်မြို့နယ်၌ ခင်ပွန်း မရှိခိုက် ဇနီးဖြစ်သူအား အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်

ထမံသီ
.
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ်၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ မာမီးကျေးရွာ၌ စက်တင်ဘာလ ၈ ရက်က ခင်ပွန်း မရှိခိုက် ဇနီး ဖြစ်သူအား တစ်ရွာတည်းသားနေ အမျိုးသား တစ်ဦးမှ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရသည်။
.

မာမီးကျေးရွာနေ ခင်ပွန်းဖြစ်သူ ဦး ---- သည် တောင်ယာမှ ညနေပိုင်း၌ အိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူမှ ငိုယိုနေသည်ကို တွေ့ရသဖြင့် အကြောင်းစုံအား မေးမြန်းရာ အသက် တစ်နှစ်ကျော်အရွယ် သားငယ်နှင့် အတူ နေအိမ် အိပ်ခန်းအတွင်း သန့်ရှင်းရေး လုပ်နေစဉ် ခန္တာကိုယ်အား ကိုဇော်(ခ) ရခိုင်မှ ဖက်လှဲကာ အဓမ္မ ပြုကျင့်ပြီး ခင်ပွန်းအား ပြန်လည် ပြောဆိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ပြောဆို ဖြေကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ခင်ပွန်း မရှိခိုက် ဇနီးဖြစ်သူူအား အလိုမတူဘဲ အဓမ္မပြုကျင့်သူ ကိုဇော်(ခ) ရခိုင်အား စက်တင်ဘာလ ၁၀ ရက်က ခင်ပွန်းဖြစ်သူမှ ရပ်စောက်မြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့ရာ (ပ) ၁၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)