တစ်ပတ်တာကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 27, 2019

တစ်ပတ်တာကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.
၇ ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိ တစ်ပတ်တာ ကံကြမ္မာများ ဖြစ်ပါသည်။
.
တနင်္ဂနွေ
.
ရေလမ်း ခရီး သွားရမည်။ ရေကန်၊ မြစ်ချောင်းသွားရမည်။ အလုပ်အသစ် ကူးပြောင်းရန် ကြံစည်လိမ့် မည်။ အဝတ်အစားသစ်များ ဝင်မည်။ ပွဲတစ်ခုခု သွားလာရမည်။ ရရန်ကြန့်ကြာနေသော ငွေများ ပြန်လည် ရလာမည်။ အခြားအမြတ်ငွေ ဝင်ငွေများလည်း ပေါ်ပေါက်လာမည်။ စာချုပ်စာတမ်းများ ပြုလုပ်ရမည်။ အ ခက်အခဲများမှ လွတ်စပြုလာမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာပြီး အမြတ်တိုးလာမည်။ ဝန်ထမ်းများ အလုပ်ပြောင်းလဲရန် ကြံစည်လိမ့်မည်။ ပွဲစားများမှာ အလုပ်နည်းနည်းထပ်ဖြစ်မည်။ ငယ်သူများ အချစ်ရေးတွင် စကားများအငြင်းပွားရလိမ့်မည်။ ကျန်းမာရေးတွင် ဆီးပူဆီးအောင့်လိမ့်မည်။ ဝမ်းပျက် မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၇)ဖြစ်သည်။
ယတြာ။            စေတီတွင် နှင်းဆီ (၅)ပွင့် လှူပါ။
.
တနင်္လာ
.
အိမ်ပြင်ရမည်။ အိမ်သို့ ဧည့်သည်လာမည်။ ခရီးထွက်ချင်သော်လည်း အလုပ်ကြောင့် မသွားရဖြစ်နေ မည်။ အိမ်အတွင်း အငြင်းပွားခြင်းများနေလိမ့်မည်။ စက်ပစ္စည်းများ ဝင်လာမည်။ ဖုန်းပျက်လိမ့်မည်။ ကား သစ်ဝင်မည်။ ခရီးသွားလိုသောစိတ် ဖြစ်နေမည်။ ငွေကြေးပြဿနာများ ရှင်းလင်းပြောဆိုရလိမ့်မည်။ မြေ ယာများအပိုရှိသူတို့ အရောင်းထွက်လိမ့်မည်။ ကုန်သည်များ လှောင်ကုန်ထပ်မံဝယ်ယူရမည်။ ပွဲစားများအ လုပ်ကြီး အောင်မြင်ရန်နီးစပ်လာမည်။ ဝန်ထမ်းများ အလုပ်ခွင်ထဲတွင် အမှားအယွင်း တွေ့ရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ တွေ့ဆုံရမည်။ ကျန်းမာရေးကိစ္စများမှာ မူးဝေ၊ ခေါင်းကိုက်ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (ဝ/၄/၆)ဖြစ်သည်။
ယတြာ။            သံယာတော်ကို သစ်သီးလှူပါ။
.
အင်္ဂါ
.
မော်တော်ကားပျက်ခြင်း၊ အသေးစားတိုက်မိခြင်း ကြုံမည်။ ဆိုင်ကယ်ပျောက်တတ်သည်။ အလုပ်အ တွင်း အတိုက်အခံရန်ပေါ်ပါမည်။ မိသားစုအတွင်းရေး ဖြေရှင်းပြောဆိုရလိမ့်မည်။ ထင်ရှားသောသူများနဲ့ တွေ့ရလိမ့်မည်။ မြှုပ်နေသောပစ္စည်းများ အရောင်းထွက်မည်။ လက်ဝတ်ရတနာ ပြန်ထွက်တတ်သည်။ ကုန်သည်များ ကုန်ပစ္စည်းပြတ်တောက်ခြင်း၊ ပစ္စည်းမပြည့်စုံခြင်း စသည်တို့ ကြုံတွေ့ရပါလိမ့်မည်။ ဝန်ထမ်း များကြီးသူ စေခိုင်းသောကိစ္စ မေ့နေတတ်ပါသည်။ ပွဲစားများ အလုပ်ကောင်းလာမည်။ ငယ်သူများအချစ် ရေး အဆင်ပြေလာမည်။ နားလည်မှုပြန်လည်ရရှိလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဖျားနာတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၉)ဖြစ်သည်။
ယတြာ။            ဘုရားမှာ ဖျော်ရည်လှူပါ။
.

ဗုဒ္ဓဟူး
.
အဆင့်မြင့်သောပစ္စည်းများ ဝင်လာမည်။ သူငယ်ချင်းဟောင်းနှင့် ပြန်လည်ဆုံတွေ့မည်။ ဇနီးနဲ့ပတ် သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည်။ အိမ်တွင်းအလှဆင်ခြင်း၊ ပြုပြင်ခြင်းစသည်ကြုံမည်။ စီး ပွားရေးအလုပ် တိုးချဲ့ရမည်။ ဝင်ငွေကောင်းလာမည်။ အတိုက်အခံ ရှိနေပါသော်လည်း ပူစရာမလိုပါ။ ကုန်သည်များ အရောင်းအဝယ် ပြန်ကောင်းလာမည်။ ဝန်ထမ်းများ ခရီးသွားရလိမ့်မည်။ ပွဲစားများမှာ အ လုပ်ဖြစ်ရန် ကြိုးစားနေရဆဲကာလဖြစ်သည်။ ငယ်သူများ ချစ်သူအတွက် လက်ဆောင်ပေးရလိမ့်မည်။ ချစ်သူ၏ ပျော်ရွှင်မှုကို မြင်တွေ့ရမည်။ ကျန်းမာရေးတွင် ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၈)ဖြစ်သည်။
ယတြာ။            စေတီမှာ ကောက်ညှင်းပေါင်းလှူပါ။
.
ကြာသပတေး
.
စိတ်အနှောင့်အယှက် နည်းနည်းပေါ်ပေါက်မည်။ အခက်အခဲ နည်းနည်းတွေ့မည်။ အိမ်ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်း ကြုံမည်။ ငွေကြေးရစရာရှိသူများ အချို့ပြန်ရမည်။ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အသစ်ချဲ့ရန် ထူထောင်ရန် ကြံစည်မည်။ ခရီးဝေးသွားလာရမည်။ ကြီးသူအတွက် ဝမ်းသာရမည်။ သူခိုး သတိထားပါ။ ကုန်သည်များ အောက်လူတပည့်ကြောင့် သောကကြုံမည်။ ဝန်ထမ်းများ ကြီးသူအထောက်အပံ့ ရလိမ့်မည်။ ပွဲစားများ မြေအပေါင်တည့်လိမ့်မည်။ ကားပွဲစားများ အလုပ်ပြန်ကောင်းလာမည်။ ငယ်သူများမှာ အချစ်ရေး ချစ်သူ သစ္စာ ဖောက်မည်။ ကျန်းမာရေးတွင် အသက်ရှူကြပ်မည်။ အစားအသောက် ပျက်လိမ့်မည်။ ကံ ကောင်းစေသောဂဏန်းမှာ (ဝ/၇/၉)ဖြစ်သည်။
ယတြာ။  သံဃာတော်တစ်ပါးကို တံဘက်လှူပါ။
.
သောကြာ
.
ရွှေ၊ စိန် စသည်ဝင်မည်။ အမွေကိစ္စ ခွဲဝေရန် ပြောဆိုဆွေးနွေးရလိမ့်မည်။ ကောင်းသောခရီးတို သွား လာရမည်။ အဝေးမြို့ရွာများ စသည်ရောက်လိမ့်မည်။ အိမ်တွင် လျှပ်စစ်မီးများ တပ်ဆင်ပြုပြင်ရမည်။ ကား အလဲအထပ် လုပ်ရမည်။ ငွေချေးငှားရလိမ့်မည်။ နေအိမ်သို့ လှပဆန်းသစ်သော အသုံးအဆောင်ပစ္စည်း ဆန်းများဝင်မည်။ ကုန်သည်များမှာ လှောင်ကုန်မြတ်မည်။ အရောင်းအဝယ် အထူးကောင်းမွန်လာလိမ့်မည်။ ဝန်ထမ်းများ အလုပ်ပြောင်းခြင်း၊ နှုတ်ထွက်ခြင်း၊ ခရီးသွားလာရခြင်း ကြုံမည်။ ပွဲစားများ ပွဲခ ကောင်းကောင်း ရကြလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် စိတ်သဘောကွဲလွဲတတ်သည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၅/၈)ဖြစ်သည်။
ယတြာ။  စေတီမှာ ကြံချောင်းလှူပါ။
.
စနေ
.
အမွေရခြင်း၊ ထီပေါက်ခြင်း ကြုံမည်။ ဖုန်းပျောက်၊ ပျက်လိမ့်မည်။ အိမ်ထောင်ရှင်နဲ့ စကားများလိမ့် မည်။ အကြံအစည်သစ်များ ပေါ်ပေါက်ပါမည်။ ကောင်းသောခရီးလည်း သွားလာရမည်။ အလုပ်ကိစ္စများ တိုးတက်ကောင်းမွန်လာတော့မည်။ စီးပွားရေးကိစ္စများ တိုးတက်ရန် အခွင့်အလမ်းပေါ်ပေါက်လိမ့်မည်။ စက်ပစ္စည်းတို့ ဝင်လာမည်။ ရွှေရတနာဝင်လာမည်။ ကုန်သည်များ ပစ္စည်းမှာရခက်ခဲခြင်း ကြုံပါမည်။ ဝန် ထမ်းများ ကောင်းသတင်းကြားရမည်။ ဝင်ငွေတိုးတက်တတ်သည်။ ပွဲစားများ အလုပ်နည်းနည်းဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေး ချစ်သူနှင့် တွေ့ဆုံရလိမ့်မည်။ ကျန်းမာရေးတွင် ယားယံမည်။ အစားမှားသဖြင့် အဖုအပိန့် ထွက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၇/၆)ဖြစ်ပါသည်။
ယတြာ။            သံဃာကို ပေါက်စီလှူပါ။

No comments:

Post a Comment

Journal Download

Photo of three cats