တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ၇ ရက် သား/သမီးများအတွက် တစ်ပတ်တာ ကံကြမ္မာများ ဖြစ်ပါသည်။)
.
တနင်္ဂနွေ
.
အတိုက်အခံတွေ့မည်။ အိမ်တွင်းရေး ရှုပ်ထွေးနေလိမ့်မည်။ သားသမီးအတွက် အပူတွေ့မည်။ ငွေ ကြေးအရေးပေါ် လိုအပ်ချက် ကြုံသောကြောင့် ချေးငှားရလိမ့်မည်။ အလုပ်အကိုင်သစ်များလည်း ကြံစည် မည်။ တိုးချဲ့လိုစိတ် ဖြစ်မည်။ သူတစ်ပါးအတွက် ဝင်ရောက်ကူညီရမည်။ မှတ်ပုံတင်ကိစ္စ၊ လိုင်စင်ကိစ္စ ဆောင်ရွက်ရမည်။ အဝတ်အစားသစ် ဝင်မည်။ ကုန်သည်များမှာ အရောင်းအားတိုးတက်လာမည်။ ဝန်ထမ်း များ လုပ်ဖော်ကိုင်ဖက်နဲ့ စကားများမည်။ ပွဲစားများမှာ အပေါင်တည့်ပါမည်။ ငယ်သူများအချစ်ရေးကိစ္စတွင် ချစ်သူက ဝမ်းသာစရာဆောင်ရွက်လိမ့်မည်။ ကျန်းမာရေးတွင် ထိခိုက်မိခြင်း၊ ရှနာခြင်း ကြုံမည်။ ကံကောင်း စေသော ဂဏန်းမှာ (၁/၄/၉)ဖြစ်သည်။
ယတြာ။            သံဃာတော်ကို စောင်လှူပါ။
.
တနင်္လာ
.
ရွှေပြန်ထွက်လိမ့်မည်။ အချို့မှာ ပစ္စည်းရောင်းချလိမ့်မည်။ ခရီးယာယီသွားလာရမည်။ မိတ်ဆွေ ကောင်း တွေ့ပါမည်။ အလုပ်အကိုင်များ နှေးကွေးနေမည်။ ငွေဝင်သော်လည်း မလုံလောက်ချေ။ စနေသား သမီးများနဲ့ သဘောကွဲမည်။ အတွန်းအတိုက်လည်း နည်းနည်းကြုံပါမည်။ နေအိမ် ရေကိစ္စ အပူတွေ့လိမ့် မည်။ မစားဖူးသော အစားအစာများ စားရမည်။ ကုန်သည်များမှာ ဝယ်ထားသောပစ္စည်း အရည်အသွေးနိမ့် ကျနေလိမ့်မည်။ အထူးသဖြင့် ဝန်ထမ်းများ အပိုငွေ ဝင်လာမည်။ စိတ်ပျော်ရမည်။ ပွဲစားများမှာ အလုပ်ပါး နေမည်။ ဝယ်ရန်ဈေးမကိုက် ဖြစ်နေမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူအဆက်အသွယ် ရမည်။ ဆုံ တွေ့မည်။ ကျန်းမာရေးကိစ္စတွင် ချောင်းဆိုးပါမည်။ အအေးမိမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၄/၅/၇)ဖြစ်သည်။
ယတြာ။            စေတီမှာ မရွေးမုန့်လှူပါ။
.
အင်္ဂါ
.
လမ်းတွင် ကား၊ ဆိုင်ကယ် စသည်တို့ ပျက်ပါမည်။ ဆီပြတ်ခြင်းလည်း ကြုံတတ်ပါသည်။ အစားအ သောက် လက်ဆောင်ရမည်။ ထူးခြားသောပစ္စည်း ဝင်မည်။ မိတ်ဆွေများအတွက် သောကရောက်ရလိမ့် မည်။ အလှူပွဲ သွားရလိမ့်မည်။ အရေးကြီးသောပစ္စည်း အထားမှားပါမည်။ စီးပွားရေးအလုပ်အကိုင်များ ကောင်းမွန်လာပါမည်။ ကုန်သည်များမှာ ကုန်ပစ္စည်းပျောက်ဆုံးတတ်သည်။ အချို့ပစ္စည်းများ ငွေမြှုပ်နေပါ မည်။ ဝန်ထမ်းများ ခွင့်ယူရခြင်း၊ ခရီးထွက်ရခြင်း ကြုံမည်။ ဖိအားများနေမည်။ ပွဲစားများမှာ မြေအရောင်း တည့်ပါမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအထင်လွဲခံရခြင်း၊ စိတ်ကောက်ခံရခြင်း ကြုံမည်။ ကျန်းမာ ရေးကိစ္စတွင် လေနာမည်။ ကံကောင်းစေသောဂဏန်းမှာ (ဝ/၅/၉)ဖြစ်သည်။
ယတြာ။            သံဃာတော်ကို ဆေးလှူပါ။
.

ဗုဒ္ဓဟူး
.
ထီး၊ ဖိနပ် ဝင်မည်။ အမျိုးအိမ်သို့ အလည်သွားရလိမ့်မည်။ မိမိပိုင်ပစ္စည်း ငှားရမ်းပြီး ပြန်မရ ဖြစ်လိမ့်မည်။ ဆွေမျိုးအပူပေးလိမ့်မည်။ နေအိမ်သို့ ကြောင်များ ရောက်လာမည်။ မွေးရတတ်သည်။ အဝတ်အထည် ကောင်း လက်ဆောင်ရမည်။ ဝင်မည်။ နေအိမ်သော့ ပျောက်ဆုံးမည်။ ဆိုင်ကယ်သော့ အထားမှားမည်။ ငွေကြေးများ အဆင်ပြေလာမည်။ ကုန်သည်များမှာ တပည့်များ ဖောက်သည်များ ဒုက္ခရောက်ပေးလိမ့်မည်။ ဝန်ထမ်းများမှာ စာရင်းသွင်းခြင်း မှားယွင်းလိမ့်မည်။ ပွဲစားများမှာ ငွေချေးငှားသုံးရမည်။ အချို့မှာ စုထား ငွေ ပြန်ထွက်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူဘက်မှ မိဘဆွေမျိုးများနဲ့ သဘောကွဲပါမည်။ ကျန်းမာရေးကိစ္စတွင် သွားနာမည်။ သွားကိုက်မည်။ ကံကောင်းစေသောဂဏန်းမှာ (၂/၃/၈)ဖြစ်သည်။
ယတြာ။            ဘုရားတွင် မုန့်လှူပါ။
.
ကြာသပတေး
.
လုပ်ငန်းနဲ့ ဆက်စပ်သော စာချုပ်တစ်ခုခု ချုပ်ဆိုရမည်။ အိမ်တွင်းရေးအပြင်ကို ပေါက်ကြားလိမ့်မည်။ စီးပွားရေးတွင် ငွေအမြတ်များ ပေါ်ပေါက်လာမည်။ ရွှေထည်ပစ္စည်း တစ်မျိုးမျိုး ဝင်လာကိန်းကြုံမည်။ ငွေ ကြေး လာရောက်ချေးငှားသူလည်း ပေါ်လာလိမ့်မည်။ နေအိမ်၊ မြေများ ပေါင်နှံရန်၊ ရောင်းချရန် ကြံစည် လိမ့်မည်။ ကုန်သည်များ ပစ္စည်းအခိုးခံရမည်။ တပည့်များကြောင့် စိတ်ဆင်းရဲရမည်။ ဝန်ထမ်းများမှာ အ လုပ်သက်သာနေမည့် ကာလဖြစ်ပါသည်။ ပွဲစားများမှာ ပွဲခရလိမ့်မည်။ ငယ်သူများအချစ်ရေးကိစ္စတွင် အေးစက်နေပြီး စိတ်ကုန်သလို ဖြစ်နေလိမ့်မည်။ ကျန်းမာရေးတွင် ကိုယ်တွင်ယားယံခြင်း၊ အကောင်ကိုက် ခြင်း၊ အပူဖုများထွက်ခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသောဂဏန်းမှာ (ဝ/၂/၆)ဖြစ်သည်။
ယတြာ။            စေတီမှာ စံပယ်လှူပါ။
.
သောကြာ
.
အိမ်မြေဝင်ခြင်း၊ အကျိုးခံစားခွင့်ရခြင်း ကြုံမည်။ ချိန်းဆိုထားသော ကိစ္စများ လွဲချော်နေပါလိမ့်မည်။ စီးပွားရေးခက်ခဲရာမှာ ပြန်ကောင်းလာမည်။ လိုချင်သောပစ္စည်းများ ဝင်လာမည်။ အထက်လွှာများ သူဌေး များက မစလိမ့်မည်။ စက်ကိရိယာများလည်း ဝင်မည်။ သစ်ပင်ပန်းပင် စိုက်ရမည်။ ဝယ်ရမည်။ အလှဆင် ရမည်။ နေအိမ်သို့ သံဃာကြွလာမည်။ ထီလည်း ပေါက်တတ်ပါသည်။ ထီထိုးပါ။ ခရီးယာယီ သွားရလိမ့် မည်။ ကုန်သည်များ အမြတ်များများရလိမ့်မည်။ ယခုအချိန်ပစ္စည်း စလှောင်သင့်သည်။ ဝန်ထမ်းများရာထူး တက်ခြင်း၊ အခွင့်အရေးကောင်းရခြင်း ကြုံမည်။ ပွဲစားများမှာ တည့်ခါနီးမှ ကြန့်ကြာနေလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူသစ်တွေ့မည်။ အချစ်ရေးကမ်းလှမ်းခံရလိမ့်မည်။ ချစ်သူ မရှိသေးသော အပျိုကြီး၊ လူပျိုကြီးများ ချစ်သူရမည်။ ကျန်းမာရေး ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၇/၉) ဖြစ်သည်။
ယတြာ။            မွေးနံဂြိုလ်တိုင်မှာ တံခွန်တစ်ခုလှူပါ။
.
စနေ
.
ကားပြင်ရမည်။ ကားပွတ်မိလိမ့်မည်။ ယာဉ်ထိန်းအဖမ်းခံရလိမ့်မည်။ ရုံးစသည်လည်း ရောက်တတ် ပါသည်။ သတိထားပါ။ ငွေကြေးများ ဝင်သော်လည်း အလိမ်ခံရမည် သတိထားပါ။ စီးပွားရေးအလုပ်အကိုင် များ အသစ်ထူထောင်မည်။ အဝေးဧည့်များ အိမ်ရောက်လာမည်။ အတင်းပြောခံရမည်။ အတွင်းလူ သစ္စာ ဖောက်လိမ့်မည်။ အကြံကောင်း ပေါ်သော်လည်း အဖျက်ရှိနေမည်။ ကုန်သည်များအဝင်များမည်။ လှောင် ကုန်လုပ်သူများ မြတ်လိမ့်မည်။ ဝန်ထမ်းများမှာ သူများကိစ္စတာဝန်မခံရ၊ ကြားညှပ်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် သစ္စာဖောက်ခံရလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး နှာစေးမည်။ အအေးမိမည်။ တုပ်ကွေးဖြစ်လိမ့်မည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၅/၆/၂)ဖြစ်ပါသည်။
ယတြာ။            စေတီမှာ သစ်သီးလှူပါ။

No comments:

Post a Comment

Journal Download

Photo of three cats