တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ယခင် ဖြေဆိုဖူးသူများ ထောက်ခံစာ တင်ပြရန် မလိုတော့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ယခင် ဖြေဆိုဖူးသူများ ထောက်ခံစာ တင်ပြရန် မလိုတော့


စိုင်းရာဇာ
.
လာမည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုရာတွင် ယခင် ဖြေဆို ဖူးသူများသည် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းရာ၌ မြို့နယ်အတွင်း နေထိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖူးကြောင်း၊ ကျရှုံးဖူးကြောင်း စသည့် ထောက်ခံစာများကို တင်ပြရန် လိုအပ်တော့မည် မဟုတ်ကြောင်း သိရသည်။
.
တက္ကသိုလ် ဝင်တန်း တစ်ခါ ဖြေပြီးရင်တော့ မလိုဘူး။ မဖြေရသေးတဲ့ အသစ်ဖြေမယ့်သူ ဆိုရင်တော့ လိုတယ်။ အိမ်ထောင်စုဇယားတို့၊ မှတ်ပုံတင်တို့ မှန်/မမှန် ထောက်ခံ ချက်တွေ လိုတယ်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြင်ပမှ ဖြေဆိုလို သူများသည် ဖြေဆိုခွင့် လျှောက်လွှာ တစ်စောင်လျှင် ၂၀၀ ကျပ်၊ စာမေး ပွဲဝင်ကြေး ၇၀၀ ကျပ် တန်ငွေသွင်း တံဆိပ်ခေါင်းဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန သို့မဟုတ် မြို့နယ်ပညာရေး မှူးရုံးများတွင် ဖြေဆိုခွင့်လျှောက် လွှာ  ဝယ်ယူနိုင်ပြီး လျှောက်လွှာကို မိမိ ဖြေဆိုမည့် မြို့နယ်ပညာရေး မှူးရုံးများသို့ စက်တင်ဘာလကုန် နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
.

ယခင်နှစ်များက တက္ကသိုလ်ဝင် တန်းစာမေးပွဲ ကျရှုံးဖူးသူများက နဝမတန်းကို ပြင်ပမှ ဖြေဆို အောင်မြင်သူများ၊ နဝမတန်း အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်း ပြင်ပတွင် ရောက်ရှိ နေသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှ ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။
.
ပြင်ပမှ လျှောက်လွှာ တင်သွင်းပါက တက္ကသိုလ်ဝင် စာမေးပွဲ နောက်ဆုံး ဝင်ရောက်ဖြေဆိုခဲ့သည့် ခုံနံပါတ်ကို မြို့နယ်ပညာရေးမှူးရုံးမှ တိုက်ဆိုင် စစ်ဆေးမည် ဖြစ်ကြောင်း သိရ သည်။
.
စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ဖြေဆိုမည့် ဘာသာတွဲ အလိုက် ပန်းရောင်နှင့် အစိမ်းရောင် ကတ်ပြားများဖြင့် ခွဲခြား သတ်မှတ်ထားပြီး ဝင်ခွင့်လျှောက်လွှာတွင် ဘာသာတွဲ မှားယွင်း ဖြည့်စွက်မိပါက ဖြည့်စွက်သည့် ဘာသာတွဲကိုသာ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats