လွိုင်လင်မြို့နယ်အတွင်းရှိ ဟိုခိုက် အနာကြီးရောဂါကု သာသနာပြု ဆေးရုံတွင် လိုအပ်ချက်များ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 18, 2019

လွိုင်လင်မြို့နယ်အတွင်းရှိ ဟိုခိုက် အနာကြီးရောဂါကု သာသနာပြု ဆေးရုံတွင် လိုအပ်ချက်များ ရှိနေ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်အတွင်းရှိ ဟိုခိုက်အနာ ကြီးရောဂါကု သာသနာပြု ဆေးရုံကို လွိုင်လင်ခရိုင် ဆေးရုံကြီးနှင့် ကက်သလစ် ခရစ်ယာန် သာသနာ ဘာသာရေး အဖွဲ့အစည်းများ၏ ကရုဏာအထောက်အပံ့ဖြင့် ရပ်တည် လျက်ရှိသော်လည်း လူနာများ အတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
.
ရောဂါ ပျောက်ကင်းပြီး လူနာများမှာ မိသားစုများနှင့်အတူ အနီးတွင် ရွာတည်ကာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသဖြင့် လိုအပ်ချက်များ နည်းပါးသော်လည်း ဆေးရုံတွင် ကုသဆဲ ရောဂါ လူနာများအတွက်မူ လိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ ခရစ်ယာန်သီလရှင် ဆရာမကြီး စစ္စတာဂျွားနာက ပြောသည်။
.

တစ်ခါတလေ ဆန် မလောက်တာ ရှိတယ်၊ အသက်ကြီးပြီး ကိုယ့်ဟာကိုယ် မချက်နိုင်တဲ့ လူ ၂၀ လောက်က ဗမာဆန် မစားနိုင်တော့ အသင်းက ဝယ်ပေးပါတယ်။ မတတ်နိုင်တော့ လယ်ဆန် ကောင်းကောင်းလေးတွေ လိုအပ်ပါတယ်။ အနွေး ထည်တွေတော့ ရှိတယ်၊ စိုက်ပျိုးရေး လုပ်ငန်းတို့ လုပ်ဖို့ အဝတ်ပါးတွေ တော့လိုတယ်။ ပြီးတော့ ဟင်းချက်ဆီက အစ အိုဗာတင်း၊ မိုင်လို စတာတွေ၊ တစ်ကိုယ်ရည်သုံး ခေါင်းလျှော်ရည် ဆပ်ပြာတွေ လိုအပ်ပါတယ်ဟု သီလရှင်ဆရာမကြီး စစ္စတာ ဂျွားနာက ပြောသည်။
.
အဆိုပါ ဆေးရုံ၌ လက်ရှိတွင် လူနာ ၉၀ ကျော် တက်ရောက်လျက် ရှိပြီး ယခုနှစ်အတွင်း ၁၀ ဦးကျော် အသစ် ထပ်မံရောက်ရှိလာခြင်းဖြစ် ကြောင်း၊ ဆေးရုံတွင်ဖာသာ ၁ ဦး၊ စစ္စတာ ၄ ဦးတို့ဖြင့် လူနာများကို ကြည့်ရှုစောင့်ရှောက် ပေးလျက်ရှိ ကာ အစိုးရမှ ရရှိသည့် ဆေးဝါးများဖြင့် ကုသနေခြင်းဖြစ်ကြောင်း သိရသည်။
.
ဆေးရုံတည်ရှိရာ ဟိုခိုက်ကျေး ရွာမှာ လွိုင်လင်နှင့် ပင်လုံအကြား ၆ မိုင်ခန့် အကွာတွင် တည်ရှိကာ ယင်း ဆေးရုံအား ၁၉၃၉ ခုနှစ်က အီတလီရိုမန် ကက်သလစ် ဘုန်း တော်ကြီး Father. Rogo Perigo က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ လက်ရှိ ဆေးရုံ ပတ်ဝန်းကျင်တွင် အနာရောဂါ ပျောက်ကင်းသည့် မိ သားစု ၇၀၀ ကျော်မှ ကျေးရွာ ၅ ရွာ တည်ကာ စိုက်ပျိုးရေးလုပ်ငန်းများ ဖြင့် အသက်မွေး နေထိုင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats