မွေတော်ကက္ကူဘုရား ရင်ပြင်တွင် မြက်ခင်းစိမ်းနှင့် ပန်းခြံ စတင် ဆောက်လုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 17, 2019

မွေတော်ကက္ကူဘုရား ရင်ပြင်တွင် မြက်ခင်းစိမ်းနှင့် ပန်းခြံ စတင် ဆောက်လုပ်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်က္ကူဘုရား ရင်ပြင်တော်တွင် ဘုရားဖူးများ လှူဒါန်းထားသော အလှူငွေများဖြင့် မြက်ခင်းစိမ်းများ ပါရှိသော ပန်းခြံစတင်ဆောက်လုပ်နေကြောင်း သိရသည်။
.
မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော်သော ပြည်သူများအနေဖြင့် ပန်းခြံအတွင်း အပန်းဖြေနိုင်ရန်နှင့် ဘုရားဖူးယာဉ်များ စနစ်တကျ သတ်မှတ်နေရာများတွင် စနစ်တကျ ရပ်နားနိုင်ရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
.

“ဘုရားမျက်နှာစာမှာ ပန်းခြံဆောက်မယ်။ နောက် ဘုရားဖူး ပြည်သူတွေအဆင်ပြေအောင် ဘုရားဖူး ယာဉ်တွေ ရပ်နားဖို့ နေရာပေးမယ်။ ဘုရားဖူးတွေလည်း သွားလို့ရမယ့် ပုံစံလည်း ပါတယ်။  အခုတော့ စလုပ်နေပြီ။ လောလောဆယ်တော့ မြေသားညှိတာတို့ လုပ်နေတယ်။ ပွင့်လင်းရာသီအချိန်ကျမှ လိုအပ်တဲ့ မြေဆွေးတွေနဲ့ ပန်းတွေစိုက်မယ်” ဟု မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခွန်ကျော်ဆန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဘုရားဖူးဧည့်သည်များ စိတ်ချမ်းမြေ့စွာ ဘုရားဖူး လည်ပတ်နိုင်ရေးအတွက်သော်လည်းကောင်း၊ ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအား ထိန်းသိမ်းကာ ကမ္ဘာ့အဆင့်မီ ဖြစ်စေရန်အတွက်သော်လည်း ကောင်း ပန်းခြံနှင့် ရင်ပြင်တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းများအတွက် အကြမ်းဖျဉ်းအားဖြင့် ငွေကျပ် သိန်း ၅၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ပန်းခြံတည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးဒေသခံတစ်ဦးက လိုတဲ့နေရာမှာ မြေထိန်းနံရံတွေ ဆောက်တာက ဆောက်လို့ရတယ်။ အလွန်အကြူး တင့်တယ်အောင် လုပ်ရင် ရှိရင်းစွဲအလှတွေ ပျက်သွားမယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကက္ကူဒေသဝန်းကျင် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်အသစ် ပေါ်ထွက်လာစေရေးအတွက်ရည်ရွယ်၍ မြန်မာ-SECO-UN Trade Cluster စီမံကိန်း၊ သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ ဆောင်ရွက်ချက်တစ်ခုအား ကက္ကူကျေးရွာအုပ်စု၊ ကက္ကူဘုရားဓမ္မာရုံ၌ စက်တင်ဘာလ ၉ ရက်က ကက္ကူဒေသ ဝန်းကျင်ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်က ကက္ကူကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မွေတော်က္ကူဘုရားပရဝုဏ်အတွင်းရှိ ဘုရားစေတီပေါင်း ၂၀၀၀ ကျော်အနက် ၁၀၃၈ ဆူ မြေခပျက်စီးခဲ့ရပြီး လက်ရှိ တွင် ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats