ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တောင်ကြီးမြို့၌ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 16, 2019

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တောင်ကြီးမြို့၌ ပြုလုပ်


မောင်မောင်သန်း(တောင်ကြီး)
.
၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်၊ နံနက်က တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မွန်ထရီယယ်သဘောတူညီချက်တွင် ပါဝင်သည့် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတုပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းကို လျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် အဓိက လိုက်နာရမည့် ကတိကဝတ် ၃ ခု ရှိပြီး အိုဇုန်းလွှာ ပျက်စီးစေသည့် ပစ္စည်းများ အသုံးပြုမှု ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ထုတ်လုပ်မှုနှင့် သုံးစွဲနေမှုများ ထိန်းချုပ်ရေး နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ထုတ်လုပ် အသုံးပြုမှုနှင့် ပတ်သက်သည့် အချက်အလက်များကို နှစ်စဉ်အစီရင်ခံရန်တို့ ဖြစ်ကာ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့် အစား အိုဇုန်းလွှာကိုမထိခိုက်စေသော ပစ္စည်းများကို အစားထိုး သုံးစွဲခြင်းနှင့် လျှော့ချ သုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကို လျော့ကျစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
.

ထို့အတူ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယင်းအခမ်းအနားတွင် ဉာဏ်စမ်း မေးခွန်းများ မေးမြန်းခြင်း၊ ၊ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယို ပြသခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “32 Years and Healing” မြန်မာဘာသာဖြင့် “၃၂ နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု” ဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင် ရာမွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ကို ထပ်မံ ချုပ်ဆိုနိုင်ခဲ့၍ စာချုပ်တွင် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၇ နိုင်ငံက လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats