မိုင်းတုံတွင် မယားညီအစ်ကို တော်စပ်ဖူးသူမှ ဓါးဖြင့် ထိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, September 10, 2019

မိုင်းတုံတွင် မယားညီအစ်ကို တော်စပ်ဖူးသူမှ ဓါးဖြင့် ထိုး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် စက်တင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီကျော်ခန့်က မယားညီအစ်ကို တော်စပ်ဖူူးသူမှ ဓားဖြင့် ထိုးခဲ့သဖြင့် ကျူးလွန်သူအား ဖမ်းဆီး၍ စစ်ဆေးလျက်ရှိကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
.

မိုင်းတုံမြို့၊ နောင်ပါရင်ကွက်သစ်ရပ်ကွက်နေ ဦးစောဘလေထူးသည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် ယခင်က မယားညီအစ်ကို တော်စပ်ဖူးသူ တစ်ရပ်ကွက်တည်းနေ အောင်ကျော်ဇောမှ အိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်လာပြီး ၎င်း၏ ဇနီးကို လိုက်ရှာပေးရန်နှင့် ရွှေလက်စွပ်အား ပြန်ပေးရန် ပြောကြားရာမှ စကားများပြီးနောက် ဦးစောဘလေထူးမှ လှေကားမှ အဆင်း ချော်လဲသွားစဉ် အောင်ကျော်ဇောမှ ဦးစောဘလေထူး၏ လည်ပင်းရှေ့အင်္ကျီအား ဆွဲ၍ ဓားဖြင့် ထိုးသည်ကို လက်ဖြင့် ကာလိုက်ရာ လက်ဝဲလက်ဖဝါး၌ ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ချိုစောင်းတွင် ပေါက်ပြဲ ဒဏ်ရာ ၁ ချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ပြစ်မှု ကျူးလွန်သူ အောင်ကျော်ဇောအား မိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆ တို့ဖြင့် အမှု ဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats