ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် မဘိမ်းမြို့နယ်အသင်းက ပထမ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 16, 2019

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် မဘိမ်းမြို့နယ်အသင်းက ပထမ ရရှိ


မောင်မောင်သန်း(တောင်ကြီး)
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ မဘိမ်းမြို့နယ်အသင်းက ပထမ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က မိမိတို့ နိုင်ငံတွင် မြန်မာ့အားကစား နိုင်ငံတကာ အဆင့်မီ တက်လှမ်းနိုင်ရန် ရည်ရွယ်၍ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ် လူငယ် အားကစားသမားများ စုဆောင်း ရရှိရေးသည် အဓိက အရေးအကြီးဆုံး ဖြစ်ပြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန် ထက်မြက်သည့် အားကစားသမား ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်းနှင့် မြို့နယ်အလိုက် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံဂုဏ်၊ အမျိုးသားရေးဂုဏ်များ မြှင့်တင်နိုင်အောင် “လှေခွက်ကြီးကျန်၊ အလံမလှဲ” စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
.

အမျိုးသား မီတာ(၁၀၀×၄) လက်ဆင့်ကမ်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် မဘိမ်းမြို့နယ်အသင်းက ပထမ၊ နမ့်ခမ်း မြို့နယ်အသင်းက ဒုတိယ၊ ညောင်ရွှေမြို့နယ်အသင်းက တတိယဆု ရရှိခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ဆု ရရှိသော အသင်းများမှ အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်၍ ရှမ်းပြည်နယ် လက်ရွေးစင် အသင်းအဖြစ် ဖွဲ့စည်းကာ နေပြည်တော်တွင် လာမည့် အောက်တိုဘာလ ၁ ရက်မှ ၃ ရက်ထိ ပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats