မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊
ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံၿမိဳ႕နယ္တြင္ သတၲဳတူးေဖာ္ေရး ကုမၸဏီတစ္ခုကို
ကန္႔ကြက္သည့္ အေနျဖင့္ ေဒသခံလူထု အင္အား ၃၀ဝ ခန္႔မွ သစ္ပင္မ်ား စုေပါင္းစိုက္ပ်ိဳးခဲ့သည္ဟု
ရြာငံၿမိဳ႕နယ္ မဲဆႏၵနယ္ အ မွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးမင္းစိုးထံက
သိရသည္။
.
.
ရြာငံၿမိဳ႕နယ္၊ သိမ္ကုန္းေက်းရြာတြင္
ရြာသူ/ရြာသားမ်ား၏ ဆႏၵကို ညႇိႏိႈင္းရယူျခင္းမရွိဘဲ လုပ္ငန္းမ်ား ျပဳလုပ္ခဲ့သည့္ သတၲဳတူးေဖာ္ေရး
ကုမၸဏီ၏ လုပ္ရပ္ကို ကန္႔ကြက္သည့္ အေနျဖင့္ ေက်းရြာပိုင္ သစ္ေတာစိုက္ ခင္းအေနျဖင့္ သစ္ပင္မ်ား
စိုက္ပ်ိဳးခဲ့ ျခင္းျဖစ္သည္ဟု သိရသည္။
“ေဒသခံေတြက ဆႏၵျပတာ
မဟုတ္ပါဘူး။ သတၲဳတူးေဖာ္မယ့္ ကုမၸဏီရဲ႕ လုပ္ရပ္ကို ကန္႔ကြက္တဲ့အေနနဲ႔ ေက်းရြာပိုင္
သစ္ေတာစိုက္ခင္း အေနနဲ႔ စိုက္တာပါ။ အစကတည္း က ေဒသခံေတြ သေဘာမတူတာကို ကုမၸဏီက လုပ္ေဆာင္ေနတာပါ။
ဒါနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ကို တင္ျပ ထားတာေတာ့ မရွိေသးပါဘူး” ဟု ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းစိုးက
ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
သိမ္ကုန္းေက်းရြာတြင္
ခဲသတၲဳ တူးေဖာ္ရန္အတြက္ ဝန္းျပည့္သတၲဳ ကုမၸဏီမွ ေဒသခံမ်ားအား ညႇိႏိႈင္း သေဘာတူညီမႈ
ျပဳလုပ္ျခင္း မရွိဘဲ သတၲဳစမ္းသပ္ျခင္း၊ အေဆာက္အ ဦမ်ား ေဆာက္လုပ္ျခင္း၊ လွ်ပ္စစ္ႀကိဳး
သြယ္တန္းျခင္းမ်ား ျပဳလုပ္ခဲ့သည့္ အေပၚ ေက်းရြာေဒသခံ ၃၀ဝ ခန္႔မွ ဩဂုတ္လ ၈ ရက္၊ မြန္းလြဲပိုင္းတြင္
ေက်းရြာလူထု အစည္းအေဝး ဆံုး ျဖတ္ခ်က္ျဖင့္ ရပ္ရြာပိုင္ သစ္ေတာ ဧရိယာ သတ္မွတ္ျခင္း၊
ေက်းရြာပိုင္ စိုက္ခင္း သတ္မွတ္ခင္း၊ သစ္ပင္စိုက္ ပ်ိဳးျခင္းတို႔ကို ေဆာင္ရြက္ခဲ့ေၾကာင္း
သိမ္ကုန္းေက်းရြာ ေဒသခံ ေဒၚမာမာ ေအးက ကေမၻာဇတိုင္းသို႔ ေျပာၾကား ခဲ့သည္။
.
“အစကတည္းက သတၲဳတူးတာ
သေဘာမတူေၾကာင္း ကုမၸဏီပိုင္ရွင္ ဦးစိုးစိုးလိႈင္ကို ေျပာခဲ့တယ္။ အခုက အဲဒီ ဝန္းျပည့္ကုမၸဏီကတစ္ဆင့္
ရ ယူတယ္ဆိုတဲ့ ဘယ္သူပိုင္မွန္းမသိ တဲ့ ကုမၸဏီက ဆက္လုပ္ဖို႔လာၿပီး လွ်ပ္စစ္မီးႀကိဳးေတြ
သြယ္ေတာ့ ဩ ဂုတ္လ ၅ ရက္က အစည္းအေဝးမွာ လူထုနဲ႔ေတြ႕ပါတယ္။ သေဘာထား ရယူပါဆိုတာ မလာဘဲ
ဆက္လုပ္ေန တာျဖစ္လို႔ ရြာလူႀကီး ရပ္မိရပ္ဖေတြ ကိုယ္တိုင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး
ကို တင္ျပၿပီး ကုမၸဏီကို ကန္႔ကြက္ တဲ့အေနနဲ႔ သစ္ပင္စိုက္တာပါ။ သတၲဳ တူးတာကို လံုးဝသေဘာ
မတူ ေၾကာင္း ဆက္တိုက္ကန္႔ကြက္သြား မွာပါ}}ဟု ေဒၚမာမာေအးက ေျပာသည္။
.
အဆိုပါ ကုမၸဏီမွ ခဲသတၲဳတူး
ေဖာ္ပါက အိမ္ေထာင္စု ၃၀ဝ ခန္႔ရွိ သည့္ သိမ္ကုန္းေက်းရြာအျပင္အင္း ႀကီးေက်းရြာရွိ ဘိုးဘြား
စဥ္ဆက္အ သက္ေမြး စီးပြားေရးမ်ား၊ ဥယ်ာဥ္ၿခံ ေျမမ်ား ထိခိုက္ပ်က္စီးမည္ျဖစ္သျဖင့္ ေက်းရြာမ်ားမွ
သေဘာမတူျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကား ခဲ့သည္။
.
ယင္းကဲ့သို႔ သိမ္ကုန္းေက်းရြာ
တြင္ သတၲဳတူးေဖာ္မည့္ ကိစၥႏွင့္ ပတ္သက္၍ ရြာငံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴး ဦးစိုးၫြန္႔အား
ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ ကုမၸဏီမွာ ခဲသတၲဳ တူးေဖာ္ခြင့္ ရရွိထားၿပီးျဖစ္
ေၾကာင္း သိရေသာ္လည္းရပ္ရြာလူထု သေဘာမတူပါက လုပ္ကိုင္ခြင့္ရမည္ မဟုတ္ေၾကာင္း ကုမၸဏီသို႔
ေျပာဆိုခဲ့ သလို ဩဂုတ္လ ၆ ရက္တြင္လည္း စာျဖင့္ အေၾကာင္းၾကားခဲ့ၿပီး ျဖစ္သည္ ဟု ျပန္လည္
ေျပာဆိုခဲ့သည္။
.
သိမ္ကုန္းေက်းရြာရွိ
အဆိုပါေနရာတြင္ သတၲဳတူးေဖာ္ရန္အတြက္ ဝန္းျပည့္ သတၲဳတူးေဖာ္ေရးကုမၸဏီမွ ၂၀၁၆ ခုႏွစ္ကတည္းက
ခဲသတၲဳတူး ေဖာ္ခြင့္ ရရွိထားၿပီး ျဖစ္ေသာ္လည္း ရပ္ရြာလူထုမွ ကန္႔ကြက္သျဖင့္လုပ္ ငန္းမ်ား
ရပ္ဆိုင္းထားခဲ့ရာမွ ယခု ဒုတိယအႀကိမ္အျဖစ္ ပိုင္ခ်င္းဂႏိုင္ ကြင္းတြင္ အေဆာက္အဦမ်ားေဆာက္
လုပ္ျခင္း၊ လွ်ပ္စစ္မီးႀကိဳးသြယ္တန္း ျခင္းမ်ား ျပဳလုပ္ခဲ့သည့္အတြက္ ရပ္ ရြာလူထုမွ
ကန္႔ကြက္သည့္ အေန ျဖင့္ ေက်းရြာပိုင္စိုက္ခင္းအျဖစ္ သစ္ ပင္မ်ား စိုက္ပ်ိဳးျခင္းျဖစ္ၿပီး
သတၲဳတူး ေဖာ္ျခင္းအား လံုးဝကန္႔ကြက္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ တင္ျပ ထားေၾကာင္း
သိရသည္။
.
============================================================
ရွာငံမြို့နယ်တွင်
သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုကို ကန့်ကွက်သည့် အနေဖြင့် လူထုအင်အား ၃ဝဝ ခန့် သစ်ပင်
စိုက်ပျိုး
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုကို
ကန့်ကွက်သည့် အနေဖြင့် ဒေသခံလူထု အင်အား ၃ဝဝ ခန့်မှ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့သည်ဟု
ရွာငံမြို့နယ် မဲဆန္ဒနယ် အ မှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးထံက
သိရသည်။
.
ရွာငံမြို့နယ်၊
သိမ်ကုန်းကျေးရွာတွင် ရွာသူ/ရွာသားများ၏ ဆန္ဒကို ညှိနှိုင်းရယူခြင်းမရှိဘဲ လုပ်ငန်းများ
ပြုလုပ်ခဲ့သည့် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် ကျေးရွာပိုင်
သစ်တောစိုက် ခင်းအနေဖြင့် သစ်ပင်များ စိုက်ပျိုးခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
.
“ဒေသခံတွေက ဆန္ဒပြတာ မဟုတ်ပါဘူး။
သတ္တုတူးဖော်မယ့် ကုမ္ပဏီရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ကျေးရွာပိုင် သစ်တောစိုက်ခင်း
အနေနဲ့ စိုက်တာပါ။ အစကတည်း က ဒေသခံတွေ သဘောမတူတာကို ကုမ္ပဏီက လုပ်ဆောင်နေတာပါ။ ဒါနဲ့
ပတ်သက်လို့ လွှတ်တော်ကို တင်ပြ ထားတာတော့ မရှိသေးပါဘူး” ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်
ဦးအေးမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သိမ်ကုန်းကျေးရွာတွင်
ခဲသတ္တု တူးဖော်ရန်အတွက် ဝန်းပြည့်သတ္တု ကုမ္ပဏီမှ ဒေသခံများအား ညှိနှိုင်း သဘောတူညီမှု
ပြုလုပ်ခြင်း မရှိဘဲ သတ္တုစမ်းသပ်ခြင်း၊ အဆောက်အ ဦများ ဆောက်လုပ်ခြင်း၊ လျှပ်စစ်ကြိုး
သွယ်တန်းခြင်းများ ပြုလုပ်ခဲ့သည့် အပေါ် ကျေးရွာဒေသခံ ၃ဝဝ ခန့်မှ ဩဂုတ်လ ၈ ရက်၊ မွန်းလွဲပိုင်းတွင်
ကျေးရွာလူထု အစည်းအဝေး ဆုံး ဖြတ်ချက်ဖြင့် ရပ်ရွာပိုင် သစ်တော ဧရိယာ သတ်မှတ်ခြင်း၊
ကျေးရွာပိုင် စိုက်ခင်း သတ်မှတ်ခင်း၊ သစ်ပင်စိုက် ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း
သိမ်ကုန်းကျေးရွာ ဒေသခံ ဒေါ်မာမာ အေးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
“အစကတည်းက သတ္တုတူးတာ သဘောမတူကြောင်း
ကုမ္ပဏီပိုင်ရှင် ဦးစိုးစိုးလှိုင်ကို ပြောခဲ့တယ်။ အခုက အဲဒီ ဝန်းပြည့်ကုမ္ပဏီကတစ်ဆင့်
ရ ယူတယ်ဆိုတဲ့ ဘယ်သူပိုင်မှန်းမသိ တဲ့ ကုမ္ပဏီက ဆက်လုပ်ဖို့လာပြီး လျှပ်စစ်မီးကြိုးတွေ
သွယ်တော့ ဩ ဂုတ်လ ၅ ရက်က အစည်းအဝေးမှာ လူထုနဲ့တွေ့ပါတယ်။ သဘောထား ရယူပါဆိုတာ မလာဘဲ
ဆက်လုပ်နေ တာဖြစ်လို့ ရွာလူကြီး ရပ်မိရပ်ဖတွေ ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူး
ကို တင်ပြပြီး ကုမ္ပဏီကို ကန့်ကွက် တဲ့အနေနဲ့ သစ်ပင်စိုက်တာပါ။ သတ္တု တူးတာကို လုံးဝသဘော
မတူ ကြောင်း ဆက်တိုက်ကန့်ကွက်သွား မှာပါ}}ဟု ဒေါ်မာမာအေးက ပြောသည်။
.
အဆိုပါ ကုမ္ပဏီမှ
ခဲသတ္တုတူး ဖော်ပါက အိမ်ထောင်စု ၃ဝဝ ခန့်ရှိ သည့် သိမ်ကုန်းကျေးရွာအပြင်အင်း ကြီးကျေးရွာရှိ
ဘိုးဘွား စဉ်ဆက်အ သက်မွေး စီးပွားရေးများ၊ ဥယျာဉ်ခြံ မြေများ ထိခိုက်ပျက်စီးမည်ဖြစ်သဖြင့်
ကျေးရွာများမှ သဘောမတူခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။
.
ယင်းကဲ့သို့ သိမ်ကုန်းကျေးရွာ
တွင် သတ္တုတူးဖော်မည့် ကိစ္စနှင့် ပတ်သက်၍ ရွာငံမြို့နယ်အုပ်ချုပ်ရေး မှူး ဦးစိုးညွန့်အား
ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီမှာ ခဲသတ္တု တူးဖော်ခွင့် ရရှိထားပြီးဖြစ်
ကြောင်း သိရသော်လည်းရပ်ရွာလူထု သဘောမတူပါက လုပ်ကိုင်ခွင့်ရမည် မဟုတ်ကြောင်း ကုမ္ပဏီသို့
ပြောဆိုခဲ့ သလို ဩဂုတ်လ ၆ ရက်တွင်လည်း စာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်သည် ဟု ပြန်လည်
ပြောဆိုခဲ့သည်။
.
သိမ်ကုန်းကျေးရွာရှိ
အဆိုပါနေရာတွင် သတ္တုတူးဖော်ရန်အတွက် ဝန်းပြည့် သတ္တုတူးဖော်ရေးကုမ္ပဏီမှ ၂၀၁၆ ခုနှစ်ကတည်းက
ခဲသတ္တုတူး ဖော်ခွင့် ရရှိထားပြီး ဖြစ်သော်လည်း ရပ်ရွာလူထုမှ ကန့်ကွက်သဖြင့်လုပ် ငန်းများ
ရပ်ဆိုင်းထားခဲ့ရာမှ ယခု ဒုတိယအကြိမ်အဖြစ် ပိုင်ချင်းဂနိုင် ကွင်းတွင် အဆောက်အဦများဆောက်
လုပ်ခြင်း၊ လျှပ်စစ်မီးကြိုးသွယ်တန်း ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ရပ် ရွာလူထုမှ
ကန့်ကွက်သည့် အနေ ဖြင့် ကျေးရွာပိုင်စိုက်ခင်းအဖြစ် သစ် ပင်များ စိုက်ပျိုးခြင်းဖြစ်ပြီး
သတ္တုတူး ဖော်ခြင်းအား လုံးဝကန့်ကွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြ
ထားကြောင်း သိရသည်။
.
No comments:
Post a Comment