Asia Pacific Teen Princess 2019 Winner ဆုရှင် ဝိုင်းအုံချစ်မိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Saturday, August 17, 2019
Asia Pacific Teen Princess 2019 Winner ဆုရှင် ဝိုင်းအုံချစ်မိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း
.
.
.
.
.
ကမ္ဘောဇတိုင်း ညီမလေးရဲ့ နာမည်အရင်းနှင့် မွေးဖွားရာဇာတိနဲ့ လူမျိုးကို မိတ်ဆက်ပေးပါဦး။
.
ကမ္ဘောဇတိုင်း ညီမလေး အနုပညာကိုဘယ် အချိန်ကစပြီး ဝါသနာပါတာလဲ။
ဝိုင်းအုံချစ်မိုး  ညီမလေး အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတာပါ။
.
ကမ္ဘောဇတိုင်း သရုပ်ဆောင်နဲ့ မော်ဒယ် အပြင် တခြားရော ဘာတွေ ဝါသနာပါသေးလဲ။
.
ကမ္ဘောဇတိုင်း အဆိုရော ဆိုဖို့ရှိလား ညီမလေး။
.
ကမ္ဘောဇတိုင်း အနုပညာလောကထဲကို ဝင် ရောက်တော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိလား ညီမလေး။
.
ကမ္ဘောဇတိုင်း မော်ဒယ်နှင့် Miss လောကထဲ ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းအရင်းလေး ပြောပြပေးပါဦး။
.
ကမ္ဘောဇတိုင်း ပြိုင်ပွဲတွေ ပြိုင်ခဲ့တဲ့အခါမှာ အခက်အခဲတွေ ရှိလား။
.
ကမ္ဘောဇတိုင်း ကိုယ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအပေါ်မှာရော ကျေနပ်မှုရှိရဲ့လား ညီမလေး။
.
ကမ္ဘောဇတိုင်း           Asia Pacific Teen Princess Winner ဆုအပြင် တခြားဘာဆုတွေရခဲ့ သေးလဲ။
.
ကမ္ဘောဇတိုင်း ညီမလေး စင်္ကာပူမှာ သွား ပြိုင်တော့ နိုင်ငံပေါင်း ဘယ်နှနိုင်ငံနှင့် ယှဉ်ပြိုင် ခဲ့တာလဲ။
ဝိုင်းအုံချစ်မိုး  ဟုတ် ညီမလေး စင်္ကာပူမှာ ပြိုင်တော့ နိုင်ငံပေါင်း ၃၇ နိုင်ငံပါရှင့်။
.
.
ကမ္ဘောဇတိုင်း ညီမလေး ကြော်ငြာတွေရော ရိုက်နေပြီလား။
.
ကမ္ဘောဇတိုင်း ရုပ်ရှင်တွေ ရိုက်ဖို့ ကမ်းလှမ်းတာတွေ ရှိနေပြီလား ညီမလေး။
.
ကမ္ဘောဇတိုင်း ပညာရေးတစ်ဖက်နဲ့ဆိုတော့ ကျောင်းခေါ်ချိန်ကြိမ် မပြည့်တဲ့ အခက်အခဲတွေ ရှိလား ညီမလေး။
ဝိုင်းအုံချစ်မိုး  ရှိပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း ညီမလေးက အသက်က လည်း ငယ်သေးတော့ အချစ်ရေးကရော သိ လို့ ရမလား။
ဝိုင်းအုံချစ်မိုး  အခုချိန်တော့ ညီမ မစဉ်းစား ချင်သေးပါဘူး။
.
.
=============================================
Asia Pacific Teen Princess 2019 Winner ဆုရှင် ဝိုင်းအုံချစ်မိုးနှင့် တွေ့ဆုံ မေးမြန်းခြင်း
.
မစုလှိုင် တွေ့ဆုံ မေးမြန်းသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဝိုင်းအုံချစ်မိုးသည် စင်္ကာပူ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Asia Pacific Teen Princess 2019 ပြိုင်ပွဲတွင် Winner ဆု အပြင် Title ဆုများစွာကို ရရှိခဲ့ပါသည်။
.
ဝိုင်းအုံချစ်မိုးသည် တေးသံရှင် ဟန်ထူး စျာန်၏ ''လိမ်လိမ်မာမာနေပါ ကလေးရယ်''တေးသီချင်း MTV တွင် သရုပ်ဆောင်ခဲ့ရာမှ လူသိများလာသည့် တက်သစ်စ မော်ဒယ်သရုပ် ဆောင်တစ်ဦးလည်းဖြစ်ပါသည်။ သို့ဖြစ်၍ မော် ဒယ်သရုပ်ဆောင် ဝိုင်းအုံချစ်မိုးနှင့် တွေ့ဆုံ၍ သူမ၏ အနုပညာလှုပ်ရှားမှုများနှင့် ပညာရေး အကြောင်းများ၊ အနာဂတ်အိပ်မက်များကိုတွေ့ ဆုံမေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။    ညီမလေးရဲ့ နာမည်အရင်းနှင့် မွေးဖွားရာဇာတိနဲ့ လူမျိုးကို မိတ်ဆက်ပေးပါဦး။
ဝိုင်းအုံချစ်မိုး။     ညီမလေးရဲ့ နာမည်အရင်းက ဝိုင်းအုံချစ်မိုးပါပဲ။ မွေးတာက ရန်ကုန်မှာ မွေး တာပါ။ နေတာက အောင်ပန်းမှာ နေတာပါရှင့်။ သမီးက ဗမာလူမျိုးပါပဲ။
.
ကမ္ဘောဇတိုင်း။    ညီမလေး အနုပညာကိုဘယ် အချိန်ကစပြီး ဝါသနာပါတာလဲ။
ဝိုင်းအုံချစ်မိုး။     ညီမလေး အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတာပါ။
.
ကမ္ဘောဇတိုင်း။    သရုပ်ဆောင်နဲ့ မော်ဒယ် အပြင် တခြားရော ဘာတွေ ဝါသနာပါသေးလဲ။
ဝိုင်းအုံချစ်မိုး။     တခြားဝါသနာက အကဝါသနာ ပါတယ်ရှင့်။ အဆိုလည်း ဝါသနာပါပါတယ်။
.
ကမ္ဘောဇတိုင်း။    အဆိုရော ဆိုဖို့ရှိလား ညီမလေး။
ဝိုင်းအုံချစ်မိုး။      ဟုတ်ကဲ့ ဆိုဖို့လည်း ရှိပါတယ်ရှင့်။ Cover Song က ၂ ပုဒ်သွင်းထားပါ တယ်။ We are the world ရယ်၊ ညှိမရတဲ့ ချစ်ခြင်းရယ်ပါရှင့်။ ညှိမရတဲ့ချစ်ခြင်းက ကိုကြီး ဟန်ထူးစျာန်ရေးပြီး သီဆိုထားတာကို ညီမလေး က မိန်းကလေးအသံနဲ့ Cover Song ထပ်ပြီး သီဆိုထားတာပါရှင့်။
.
ကမ္ဘောဇတိုင်း။    အနုပညာလောကထဲကို ဝင် ရောက်တော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိလား ညီမလေး။
ဝိုင်းအုံချစ်မိုး။     ဟုတ်ကဲ့ အနုပညာလောက ထဲကို ဝင်ရောက်တော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေက သိပ် အများအပြား မရှိပါဘူးရှင့်။ တကယ်လို့ အောင်မြင်လာတဲ့အခါမှာ အတိုက်အခိုက်နှင့် ဝေဖန်တာတွေတော့ နည်းနည်းပါးပါးတော့ ရှိလာမှာပါရှင့်။
.
ကမ္ဘောဇတိုင်း။    မော်ဒယ်နှင့် Miss လောကထဲ ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းအရင်းလေး ပြောပြပေးပါဦး။
ဝိုင်းအုံချစ်မိုး။      ပထမစစခြင်း သရုပ်ဆောင် တော့ ကိုဟန်ထူးစျာန်ရဲ့ Love သီချင်းပေါ့။ အဲဒီ သီချင်းထဲမှာ ညီမက ငယ်လည်း ငယ်သေးတော့ သူကညီမလေး စမ်းပြီးသရုပ်ဆောင် ကြည့်ပါ လားဆိုလို့ စမ်းပြီး သရုပ်ဆောင်ကြည့် တာပါ။ အဲဒီမှာ အဆင်ပြေသွားတော့ နောက်ထပ် လိမ် လိမ်မာမာနေပါ ကလေးရယ် ကို ပိုပြီးကြိုးစား ရမယ်နော် ဆိုတော့ လိမ်လိမ်မာမာရယ် ကို အဲဒီထက်ကို ပိုပြီး ကြိုးစားပြီး သရုပ်ဆောင် ထားတာပါရှင့်။ အဓိကက သရုပ်ဆောင် ဝါသ နာ ပါတာပါရှင့်။ Miss ကိုကျတော့ Facebook မှာ Asia Pacific Teen Princess ပြိုင်ပွဲလေး ကျင်းပမယ်လို့ တင်လာတော့အမေနှင့် အစ်ကို၊ အစ်မတွေက Supporting ပေးတာရယ်။ မော်ဒယ်လည်း ဝါသနာပါ၊ သရုပ်ဆောင်လည်း ဝါသနာပါတော့ ဝင်ပြိုင်ခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။    ပြိုင်ပွဲတွေ ပြိုင်ခဲ့တဲ့အခါမှာ အခက်အခဲတွေ ရှိလား။
ဝိုင်းအုံချစ်မိုး။     ဟုတ်ကဲ့ အခက်အခဲက မန္တ  လေးမှာပြိုင်တဲ့ ပွဲလေးက သိပ်အခက်အခဲ မရှိ ပါဘူး။ စင်င်္ကာပူမှာတော့ အခက်အခဲ နည်း နည်းလေးတွေ ရှိခဲ့ပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း။    ကိုယ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအပေါ်မှာရော ကျေနပ်မှုရှိရဲ့လား ညီမလေး။
ဝိုင်းအုံချစ်မိုး။     ဟုတ်ကဲ့ ကျေနပ်မှု ရှိခဲ့ပါ တယ်။ စင်္ကာပူမှာ သွားပြိုင်ရတာ အကျေနပ်ဆုံး ပါပဲရှင့်။
.
ကမ္ဘောဇတိုင်း။     Asia Pacific Teen Princess Winner ဆုအပြင် တခြားဘာဆုတွေရခဲ့ သေးလဲ။
ဝိုင်းအုံချစ်မိုး။     ညီမ စစခြင်းမှာ မန္တလေးမြို့ မှာ သွားပြိုင်ခဲ့ရပါတယ်။ ရန်ကုန်တိုင်း ကိုယ် စားပြု တစ်ယောက်အနေနှင့် အဲ့ဒီမှာ ညီမရန် ကုန် Winner ဆုကို ရရှိခဲ့ပါတယ်ရှင့်။ အဲ့ဆုတွေအပြင် Title ဆု ၄ ဆုကိုပါ ရရှိခဲ့ပါတယ် ရှင့်။ အဲဒီ Title ဆုတွေကတော့ Best Smile, National Costume, People Chioce, Tra-ditional Costume နှင့် Visiting Crown ဆု တွေပါ။
.
ကမ္ဘောဇတိုင်း။    ညီမလေး စင်္ကာပူမှာ သွား ပြိုင်တော့ နိုင်ငံပေါင်း ဘယ်နှနိုင်ငံနှင့် ယှဉ်ပြိုင် ခဲ့တာလဲ။
ဝိုင်းအုံချစ်မိုး။     ဟုတ် ညီမလေး စင်္ကာပူမှာ ပြိုင်တော့ နိုင်ငံပေါင်း ၃၇ နိုင်ငံပါရှင့်။
.
ကမ္ဘောဇတိုင်း။    မိဘတွေကရော ညီမလေး အ နုပညာလုပ်တာ ခွင့်ပြုရဲ့လား။ ကူညီထောက်ပံ့ တာမျိုးရော ရှိလား။
ဝိုင်းအုံချစ်မိုး။     အဓိကက အမေပါ။ အမျိုး တွေကြားက အတိုက်အခံလုပ်ပြီး supporting ပေးတာပါ။ အဖေရယ် ကျန်တဲ့အမျိုးတွေက အနုပညာအလုပ်ကို သဘောမတူပါဘူးရှင့်။
.
ကမ္ဘောဇတိုင်း။    ညီမလေး ကြော်ငြာတွေရော ရိုက်နေပြီလား။
ဝိုင်းအုံချစ်မိုး။     ကြော်ငြာတွေလည်း ရိုက်နေပါပြီရှင့်။ ကြော်ငြာတွေကတော့ အများကြီးပါ။ MTV ကတော့ ၃ ပုဒ်ရိုက်ပြီးပါပြီ။
.
ကမ္ဘောဇတိုင်း။    ရုပ်ရှင်တွေ ရိုက်ဖို့ ကမ်းလှမ်းတာတွေ ရှိနေပြီလား ညီမလေး။
ဝိုင်းအုံချစ်မိုး။     ရှိပါတယ်။ သမီးက ၁ဝ တန်း ဖြေပြီးမှ လက်ခံမယ်လို့ ပြောထားပါတယ်။
.
ကမ္ဘောဇတိုင်း။    ပညာရေးတစ်ဖက်နဲ့ဆိုတော့ ကျောင်းခေါ်ချိန်ကြိမ် မပြည့်တဲ့ အခက်အခဲတွေ ရှိလား ညီမလေး။
ဝိုင်းအုံချစ်မိုး။      ရှိပါတယ်ရှင့်။
.
ကမ္ဘောဇတိုင်း။    ညီမလေးက အသက်က လည်း ငယ်သေးတော့ အချစ်ရေးကရော သိ လို့ ရမလား။
ဝိုင်းအုံချစ်မိုး။     အခုချိန်တော့ ညီမ မစဉ်းစား ချင်သေးပါဘူး။
.
Asia Pacifi Teen Princess 2019 Winner ဆုရှင် မော်ဒယ်နှင့် သရုပ်ဆောင် ဝိုင်းအုံချစ်မိုးသည် လတ်တ လောတွင် အောင်ပန်း မြို့၊ မြတ်မြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်း ၊ နဝမတန်း၌ ပညာသင်ကြားနေလျက်ရှိပြီး အသက် ၁၉ နှစ် ပြည့်ပြီးနောက်ပိုင်းတွင် Miss Universe ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆက် လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ သရုပ်ဆောင်တစ်ဦးအနေဖြင့် အနုပညာလောကတွင် ဆက်လက်ရပ်တည်သွားရန် ရှိနေကြောင်း သိရသည်။
No comments:
Post a Comment
Journal Download
Photo of three cats