ဓါတ္ေျမဩဇာအတုမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္ရြက္သြားမည္ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 16, 2019

ဓါတ္ေျမဩဇာအတုမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္ရြက္သြားမည္ဟု ဆို


စိုင္းသိခၤသူ
.
ရန္ကုန္တိုင္းေဒသႀကီး၊ သံလ်င္ ေက်ာက္တန္း ဖြံ႕ၿဖိဳးေရးဇုန္တြင္ ဩ ဂုတ္လ ၉ ရက္က ဓါတ္ေျမဩဇာ အတု ျပဳလုပ္ေနသည့္ သတင္းအရ တာဝန္ရွိသူမ်ားမွ သြားေရာက္စစ္ ေဆးရာတြင္ ကုန္ၾကမ္းမ်ားအား ေရာ စပ္ျပဳလုပ္ေနသည္ကို စစ္ေဆးေတြ႕ရွိ ရသျဖင့္ ယင္း ဓါတ္ေျမဩဇာမ်ားကို ဓါတ္ခြဲခန္းသို႔ ပို႕ေဆာင္ကာ အလုပ္ ႐ံုကို ယာယီခ်ိတ္ပိတ္စစ္ေဆးလ်က္ ရွိေၾကာင္းႏွင့္ ဓါတ္ေျမဩဇာ အတု ျပဳလုပ္မႈမ်ားကို ထိေရာက္စြာ အေရး ယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ စားသံုးသူေရးရာဦး စီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရး မွဴး ဦးမင္းေအာင္က ကေမၻာဇတိုင္း သို႕ ေျပာၾကားခဲ့သည္။
.
.
အဆိုပါ ေတြ႕ရွိရသည့္ ဓါတ္ေျမ ဩဇာမ်ားမွာ အရည္အေသြးအရျဖစ္ ေစ၊ တံဆိပ္အရျဖစ္ေစ ထုတ္လုပ္ ခြင့္ရွိသူ၊ မွတ္ပံုတင္ထားသူမ်ား မ ဟုတ္ဘဲ ေရာစပ္ကာ ေဈးကြက္အ တြင္း ျဖန္႔ျဖဴးရန္ ရည္ရြယ္လုပ္ေဆာင္ ေနျခင္းျဖစ္သည့္အတြက္ ေဈးကြက္ အတြင္း ထိထိေရာက္ေရာက္ အေရး ယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း င္းကေျပာသည္။
.
ေတာင္သူေတြအတြက္ အင္မ တန္ ဒုကၡေရာက္ေစတဲ့ အတုျပဳလုပ္ မႈ ပါပဲ။ တ႐ုတ္ထုတ္ကို ကိုရီးယား ဆိုၿပီး လုပ္တာလည္း အတုပါပဲ။ ကိုယ္က မွတ္ပံုတင္မထားဘဲ တျခား မွတ္ပံုတင္ တံဆိပ္ကို လုပ္ရင္လည္း အတုလုပ္တာ ပါပဲ။ အဓိကေတာ့ ေဈးေကာင္းရေအာင္ လုပ္တာျဖစ္လို႔ လိမ္ လည္ေရာင္းတာပါ။ ေဈးကြက္ မွာ စစ္ေဆးၿပီး စားသံုးသူ ေတာင္ သူေတြကို အကာအကြယ္ ေပးသြားမွာ ျဖစ္ပါတယ္။ တံဆိပ္ပိုင္ရွင္ အစစ္ ေတြကလည္း တံဆိပ္အတု ျပဳလုပ္ မႈ၊ ပစၥည္းအတု ျပဳလုပ္မႈေတြနဲ႔ ဥပေဒအတိုင္း အေရးယူလို႔ရတယ္ဟု လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
စိုက္ပ်ိဳးေရး ေျမဩဇာေဈးကြက္တြင္ ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စဖိတ္၊ ယူရီးယား၊ NPK ေျမဩဇာ တံဆိပ္အ မ်ိဳးမ်ိဳး၊ ေရာစပ္ပံု အခ်ိဳးအစား အမ်ိဳးမ်ိဳးကို ေဈးႏႈန္း အမ်ိဳးမ်ိဳးျဖင့္ ေရာင္းခ်လ်က္ရွိရာ အခ်ိဳးအစား မွန္ကန္မႈက အေရးႀကီးၿပီး သို႔မွသာ စိုက္ပ်ိဳးသည့္ သီးႏွံအတြက္ လိုအပ္ သည့္ အာဟာရအတြက္ မွန္မွန္ကန္ ကန္ သံုးစြဲႏိုင္မွသာ အထြက္မွန္မည္ ျဖစ္ေၾကာင္းႏွင့္ သံုးစြဲရန္ မသင့္သည့္ ပစၥည္းထုတ္လုပ္ ေရာင္းခ်သူမ်ား၊ အတုအပ ထုတ္လုပ္ ေရာင္းခ်သူ မ်ားကို တရားစြဲဆို အေရးယူမႈ မ်ား ထိထိေရာက္ေရာက္ ေဆာင္ရြက္ ရန္ လိုအပ္ ေနသည္ဟု ၎မွ ဆက္လက္ ေျပာဆိုခဲ့သည္။
.
သံလ်င္ေက်ာက္တန္း စက္မႈဇုန္ တြင္ ေရွာင္တခင္ စစ္ေဆးစဥ္ေတြ႕ ရွိခဲ့ရသည့္ အမွတ္တံဆိပ္ ၃ မ်ိဳး ျဖစ္ေသာ အာမို၊ သံကြင္း၊ ကူဂ်ာ ကူ ဓါတ္ေျမဩဇာ ၃ မ်ိဳး အနက္ အာမို ကုမၸဏီပိုင္ရွင္ ေဒါက္တာစိုး တင့္အား ကေမၻာဇတိုင္းမွ ဆက္ သြယ္ေမးျမန္းရာ အဆိုပါေနရာသည္ င္းတို႔ ဓါတ္ေျမဩဇာ ထုတ္လုပ္ သည့္ေနရာ မဟုတ္ေၾကာင္း ျပန္လည္ ေျပာဆိုခဲ့သည္။
.
သတင္းကေတာ့ ေသခ်ာမသိ ရေသးဘူး။ ဒါေပမဲ့ အဲဒါက အတု လုပ္တာပါပဲ။ ကြ်န္ေတာ္တို႕က ႏိုင္ငံ ေတာ္ကို အခြန္ေတြ ထမ္းေဆာင္ မွတ္ပံုတင္ၿပီးမွ အစစ္အမွန္ကို ေတာင္သူေတြဆီ ျဖန္႔ျဖဴးေပးေန တာပါ။ အခုလို မမွန္မကန္လုပ္တာ ကေတာ့ စစ္ေဆးလို႕မွန္ရင္ ဥပေဒအ ရ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္ဟု ေဒါက္တာစိုးတင့္က ေျပာသည္။
.
သံလ်င္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ ေတာ္ကိုယ္စားလွယ္ ေဒၚေအးျမျမမ်ိဳးက သံလြင္ေက်ာက္တန္း ဖြံ႕ၿဖိဳး ေရးဇုန္အတြင္း ဓါတ္ေျမဩဇာအတု ျပဳလုပ္ေနေၾကာင္း သတင္းရသျဖင့္ ျပည္သူ႕လႊတ္ေတာ္ စက္မႈႏွင့္ ရင္း ႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီ၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ေကာ္မတီသို႔ သတင္းေပး အကူအညီ ေတာင္းခံ ခ်က္အရ တာဝန္ရွိသူမ်ားမွ ေရွာင္တ ခင္ သြားေရာက္စစ္ေဆးရာ ဓါတ္ ေျမဩဇာမ်ားကို ေရာစပ္ထုပ္ပိုးေန ေၾကာင္း စစ္ေဆး ေတြ႕ရွိရသျဖင့္ အလုပ္႐ံုကို ယာယီခ်ိတ္ပိတ္ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။\
.
============================================================
ဓါတ်မြေဩဇာအတုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆို
.
စိုင်းသိင်္ခသူ
.
ရန်ကုန်တိုင်းဒေသကြီး၊ သံလျင် ကျောက်တန်း ဖွံ့ဖြိုးရေးဇုန်တွင် ဩ ဂုတ်လ ၉ ရက်က ဓါတ်မြေဩဇာ အတု ပြုလုပ်နေသည့် သတင်းအရ တာဝန်ရှိသူများမှ သွားရောက်စစ် ဆေးရာတွင် ကုန်ကြမ်းများအား ရော စပ်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယင်း ဓါတ်မြေဩဇာများကို ဓါတ်ခွဲခန်းသို့ ပို့ဆောင်ကာ အလုပ် ရုံကို ယာယီချိတ်ပိတ်စစ်ဆေးလျက် ရှိကြောင်းနှင့် ဓါတ်မြေဩဇာ အတု ပြုလုပ်မှုများကို ထိရောက်စွာ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စားသုံးသူရေးရာဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.
အဆိုပါ တွေ့ရှိရသည့် ဓါတ်မြေ ဩဇာများမှာ အရည်အသွေးအရဖြစ် စေ၊ တံဆိပ်အရဖြစ်စေ ထုတ်လုပ် ခွင့်ရှိသူ၊ မှတ်ပုံတင်ထားသူများ မ ဟုတ်ဘဲ ရောစပ်ကာ ဈေးကွက်အ တွင်း ဖြန့်ဖြူးရန် ရည်ရွယ်လုပ်ဆောင် နေခြင်းဖြစ်သည့်အတွက် ဈေးကွက် အတွင်း ထိထိရောက်ရောက် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း င်းကပြောသည်။
.
တောင်သူတွေအတွက် အင်မ တန် ဒုက္ခရောက်စေတဲ့ အတုပြုလုပ် မှု ပါပဲ။ တရုတ်ထုတ်ကို ကိုရီးယား ဆိုပြီး လုပ်တာလည်း အတုပါပဲ။ ကိုယ်က မှတ်ပုံတင်မထားဘဲ တခြား မှတ်ပုံတင် တံဆိပ်ကို လုပ်ရင်လည်း အတုလုပ်တာ ပါပဲ။ အဓိကတော့ ဈေးကောင်းရအောင် လုပ်တာဖြစ်လို့ လိမ် လည်ရောင်းတာပါ။ ဈေးကွက် မှာ စစ်ဆေးပြီး စားသုံးသူ တောင် သူတွေကို အကာအကွယ် ပေးသွားမှာ ဖြစ်ပါတယ်။ တံဆိပ်ပိုင်ရှင် အစစ် တွေကလည်း တံဆိပ်အတု ပြုလုပ် မှု၊ ပစ္စည်းအတု ပြုလုပ်မှုတွေနဲ့ ဥပဒေအတိုင်း အရေးယူလို့ရတယ်ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စိုက်ပျိုးရေး မြေဩဇာဈေးကွက်တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ယူရီးယား၊ NPK မြေဩဇာ တံဆိပ်အ မျိုးမျိုး၊ ရောစပ်ပုံ အချိုးအစား အမျိုးမျိုးကို ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချလျက်ရှိရာ အချိုးအစား မှန်ကန်မှုက အရေးကြီးပြီး သို့မှသာ စိုက်ပျိုးသည့် သီးနှံအတွက် လိုအပ် သည့် အာဟာရအတွက် မှန်မှန်ကန် ကန် သုံးစွဲနိုင်မှသာ အထွက်မှန်မည် ဖြစ်ကြောင်းနှင့် သုံးစွဲရန် မသင့်သည့် ပစ္စည်းထုတ်လုပ် ရောင်းချသူများ၊ အတုအပ ထုတ်လုပ် ရောင်းချသူ များကို တရားစွဲဆို အရေးယူမှု များ ထိထိရောက်ရောက် ဆောင်ရွက် ရန် လိုအပ် နေသည်ဟု ၎င်းမှ ဆက်လက် ပြောဆိုခဲ့သည်။
.
သံလျင်ကျောက်တန်း စက်မှုဇုန် တွင် ရှောင်တခင် စစ်ဆေးစဉ်တွေ့ ရှိခဲ့ရသည့် အမှတ်တံဆိပ် ၃ မျိုး ဖြစ်သော အာမို၊ သံကွင်း၊ ကူဂျာ ကူ ဓါတ်မြေဩဇာ ၃ မျိုး အနက် အာမို ကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုး တင့်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ အဆိုပါနေရာသည် င်းတို့ ဓါတ်မြေဩဇာ ထုတ်လုပ် သည့်နေရာ မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
.
သတင်းကတော့ သေချာမသိ ရသေးဘူး။ ဒါပေမဲ့ အဲဒါက အတု လုပ်တာပါပဲ။ ကျွန်တော်တို့က နိုင်ငံ တော်ကို အခွန်တွေ ထမ်းဆောင် မှတ်ပုံတင်ပြီးမှ အစစ်အမှန်ကို တောင်သူတွေဆီ ဖြန့်ဖြူးပေးနေ တာပါ။ အခုလို မမှန်မကန်လုပ်တာ ကတော့ စစ်ဆေးလို့မှန်ရင် ဥပဒေအ ရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ဒေါက်တာစိုးတင့်က ပြောသည်။
.
သံလျင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက သံလွင်ကျောက်တန်း ဖွံ့ဖြိုး ရေးဇုန်အတွင်း ဓါတ်မြေဩဇာအတု ပြုလုပ်နေကြောင်း သတင်းရသဖြင့် ပြည်သူ့လွှတ်တော် စက်မှုနှင့် ရင်း နှီးမြှုပ်နှံမှု ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကော်မတီသို့ သတင်းပေး အကူအညီ တောင်းခံ ချက်အရ တာဝန်ရှိသူများမှ ရှောင်တ ခင် သွားရောက်စစ်ဆေးရာ ဓါတ် မြေဩဇာများကို ရောစပ်ထုပ်ပိုးနေ ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အလုပ်ရုံကို ယာယီချိတ်ပိတ် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။\
.

No comments:

Post a Comment