မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္းရွိ ေစ်းသည္မ်ား အေရာင္းအဝယ္ ပါး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 16, 2019

မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္းရွိ ေစ်းသည္မ်ား အေရာင္းအဝယ္ ပါး


ေကာင္းမြန္
.
ယခု ရက္ပိုင္းအတြင္း မိုး အဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ၿမိဳ႕မေစ်း အပါအဝင္ ေစ်းမ်ားတြင္ ေစ်းဝယ္လာသူ နည္းပါးၿပီး အေရာင္းအဝယ္ နည္းပါးေနေၾကာင္း သိရသည္။
.
''မိုးရြာေတာ့ ဝယ္သူ ပါးတယ္။ တခ်ိဳ႕ေန႔ေတြဆိုရင္ လံုးဝ မေရာင္း ရတဲ့ရက္လည္း ရွိတယ္။ တခ်ိဳ႕ကလည္း ရပ္ကြက္ထဲမွာ ဆိုင္ကယ္နဲ႔ ကားနဲ႔ လာေရာင္းတဲ့ ဆီက ဝယ္ၾကတယ္။ ေစ်းလည္း သိပ္မကြာေတာ့ တကူးတက မိုး အစိုခံၿပီး ေစ်းကို လာ မသံုးၾကေတာ့ဘူး။ မိုးမရြာရင္ေတာ့ လာၾကပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕ မေစ်းအတြင္း ကုန္စိမ္း ေရာင္းခ်သူ ပ်ံက်ေစ်းသည္ တစ္ဦးက ကေမၻာဇတိုင္းသို႕ ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ၿမိဳ႕မေစ်းအျပင္ အမွတ္ (၅)ေစ်း၊ စဝ္စံထြန္းေစ်း၊ ရဲေဘာ္ေစ်း မ်ားတြင္ လည္း မိုး အဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ အေရာင္းအဝယ္ ပါးလ်က္ ရွိၿပီး ၿမိဳ႕ျပ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ လာမႈႏွင့္အတူ စူပါမားကက္မ်ား ေပၚေပါက္လာ သည့္အတြက္ အခ်ိဳ႕ ေစ်းဝယ္သူမ်ားမွာ ယင္းေစ်းဝယ္ စင္တာမ်ားတြင္ သြားေရာက္ ဝယ္ယူ ၾကသည့္ အတြက္လည္း ပ်ံက်ေစ်း သည္မ်ား အေရာင္းအဝယ္ ပါးလာျခင္းျဖစ္ေၾကာင္း သိရသည္။
.

''ကြၽန္မတို႔က ဝန္ထမ္းလည္း ျဖစ္ေတာ့ ေစ်းကို တကူးတက သြား မသံုးျဖစ္ေတာ့ပါဘူး။ အိမ္နား လာတဲ့ ေစ်းသည္ဆီကပဲ ဝယ္စားျဖစ္ပါတယ္။ တစ္ခါတေလ ႀကံဳတဲ့အခါ မ်ိဳးမွပဲ ေစ်းကို ေရာက္ျဖစ္ပါေတာ့ တယ္။ အခုလို မိုးရာသီဆိုေတာ့ ပို ဆိုးပါတယ္။ တစ္ရက္တစ္ရက္ ကေလး ထမင္းခ်ိဳင့္ အခ်ိန္မီေအာင္ ခ်က္ရ ျပဳတ္ရ၊ ကိုယ့္႐ံုးခ်ိန္မီ သြားရဆို ေတာ့ တစ္ခါတေလလည္း အိမ္နား ရွိတဲ့ ၾကက္ဥတို႕ ဝက္အူေခ်ာင္းတို႕နဲ႔ ပဲ ထမင္းတစ္နပ္ ၿပီးသြားတာလည္း ရွိပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕ေန ေဒ သခံတစ္ဦးက ေျပာဆိုခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕မေစ်း အတြင္း၌ ေစ်း႐ံုေပါင္း ၁၉ ႐ံု၊ ဆုိင္ခန္းေပါင္း ၁၈၆၈ ခန္း ရွိၿပီး ပ်ံက် ေစ်းသည္မ်ားလည္း အမ်ားအျပား ရွိေနရာ ယင္း ပ်ံက်ေစ်းသည္မ်ားအျပင္ ေစ်း႐ံုမ်ား အတြင္းလည္း အေရာင္းအဝယ္ပါး လ်က္ရွိေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၾသဂုတ္လဆန္းပိုင္းမွ စ၍ ျမန္မာႏိုင္ငံ ေဒသအႏွံ႕အျပားတြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈမ်ား ျဖစ္ေပၚခဲ့ရာ ျမန္မာႏိုင္ငံေတာင္ပိုင္း၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္း အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ထိခိုက္ ေသဆံုးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
.
================
.
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကြီးမြို့မဈေးအတွင်းရှိ ဈေးသည်များ အရောင်းအဝယ် ပါး
.
ကောင်းမွန်
.
ယခု ရက်ပိုင်းအတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ မြို့မဈေး အပါအဝင် ဈေးများတွင် ဈေးဝယ်လာသူ နည်းပါးပြီး အရောင်းအဝယ် နည်းပါးနေကြောင်း သိရသည်။
.
''မိုးရွာတော့ ဝယ်သူ ပါးတယ်။ တချို့နေ့တွေဆိုရင် လုံးဝ မရောင်း ရတဲ့ရက်လည်း ရှိတယ်။ တချို့ကလည်း ရပ်ကွက်ထဲမှာ ဆိုင်ကယ်နဲ့ ကားနဲ့ လာရောင်းတဲ့ ဆီက ဝယ်ကြတယ်။ ဈေးလည်း သိပ်မကွာတော့ တကူးတက မိုး အစိုခံပြီး ဈေးကို လာ မသုံးကြတော့ဘူး။ မိုးမရွာရင်တော့ လာကြပါတယ်''ဟု တောင်ကြီးမြို့ မဈေးအတွင်း ကုန်စိမ်း ရောင်းချသူ ပျံကျဈေးသည် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မဈေးအပြင် အမှတ် (၅)ဈေး၊ စဝ်စံထွန်းဈေး၊ ရဲဘော်ဈေး များတွင် လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် အရောင်းအဝယ် ပါးလျက် ရှိပြီး မြို့ပြ ခေတ်မီဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ စူပါမားကက်များ ပေါ်ပေါက်လာ သည့်အတွက် အချို့ ဈေးဝယ်သူများမှာ ယင်းဈေးဝယ် စင်တာများတွင် သွားရောက် ဝယ်ယူ ကြသည့် အတွက်လည်း ပျံကျဈေး သည်များ အရောင်းအဝယ် ပါးလာခြင်းဖြစ်ကြောင်း သိရသည်။
.
''ကျွန်မတို့က ဝန်ထမ်းလည်း ဖြစ်တော့ ဈေးကို တကူးတက သွား မသုံးဖြစ်တော့ပါဘူး။ အိမ်နား လာတဲ့ ဈေးသည်ဆီကပဲ ဝယ်စားဖြစ်ပါတယ်။ တစ်ခါတလေ ကြုံတဲ့အခါ မျိုးမှပဲ ဈေးကို ရောက်ဖြစ်ပါတော့ တယ်။ အခုလို မိုးရာသီဆိုတော့ ပို ဆိုးပါတယ်။ တစ်ရက်တစ်ရက် ကလေး ထမင်းချိုင့် အချိန်မီအောင် ချက်ရ ပြုတ်ရ၊ ကိုယ့်ရုံးချိန်မီ သွားရဆို တော့ တစ်ခါတလေလည်း အိမ်နား ရှိတဲ့ ကြက်ဥတို့ ဝက်အူချောင်းတို့နဲ့ ပဲ ထမင်းတစ်နပ် ပြီးသွားတာလည်း ရှိပါတယ်''ဟု တောင်ကြီးမြို့နေ ဒေ သခံတစ်ဦးက ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိပြီး ပျံကျ ဈေးသည်များလည်း အများအပြား ရှိနေရာ ယင်း ပျံကျဈေးသည်များအပြင် ဈေးရုံများ အတွင်းလည်း အရောင်းအဝယ်ပါး လျက်ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စ၍ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံတောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment