ဩဂုတ္လကုန္ အၿပီးပိတ္သိမ္းရန္ အေၾကာင္းၾကားထားသည့္ တပ္ပိုင္ေျမရွိ ဆိုင္ခန္းမ်ားအား ဆက္လက္ ဖြင့္ထားႏိုင္ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 29, 2019

ဩဂုတ္လကုန္ အၿပီးပိတ္သိမ္းရန္ အေၾကာင္းၾကားထားသည့္ တပ္ပိုင္ေျမရွိ ဆိုင္ခန္းမ်ားအား ဆက္လက္ ဖြင့္ထားႏိုင္ဟု ဆို


စိုင္းရာဇာ၊ ေကာင္းမြန္
.
ေတာင္ႀကီးၿမိဳ႕ေပၚရွိ တပ္ပိုင္ေျမ ေပၚတြင္ ငွားရမ္း ဖြင့္လွစ္ထားေသာ ေမာခ်ယ္ရီ ယာဥ္ရပ္နားစခန္းမွ ဆိုင္ခန္း မ်ားအား ဩဂုတ္လကုန္ အၿပီး ပိတ္သိမ္းေရးႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အသနားခံစာ တင္ျပထားသည့္အတြက္ ကက(ၾကည္း)၏ ဆံုးျဖတ္ခ်က္ကို ေစာင့္ဆိုင္းမည္ျဖစ္၍ ဆက္လက္ ဖြင့္ထားႏိုင္သည္ဟု သိရသည္။
.
.
“ဒီလကုန္ ပိတ္ခိုင္းထားတာကို အစည္းအေဝးမွာ ဆက္လက္ ဖြင့္ထားႏိုင္တယ္လို႕ ေျပာပါတယ္။ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အသနားခံစာ တင္ျပထားတဲ့အတြက္ ကက(ၾကည္း)ရဲ႕ ဆံုးျဖတ္ခ်က္၊ ျပန္ၾကားခ်က္ကို ေစာင့္ဖို႔ စခန္းမွဴးက ေျပာတယ္။ ရပခ တိုင္းမွဴးကလည္း လူေတြဒုကၡေရာက္ေအာင္ မလုပ္ခ်င္ဘူးတဲ့။ ကိုယ့္ကိုယ္ကိုေတာင္မပိုင္တာ၊ တစ္ေန႔မွာ စြန္႔ခြာရမွာပါ။ လံုေလာက္တဲ့အခ်ိန္ကာလကို ႀကိဳတင္ အသိေပးထားမွ အဆင္ေျပမွာပါဓဟု အဆိုပါ ေမာခ်ယ္ရီကားဝင္းအနီး ဆိုင္ခန္းဖြင့္လွစ္ထားသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ ဆိုင္ခန္းပိုင္ရွင္ တစ္ဦးမွလည္း “ဆိုင္ခန္းေကာ္မတီအဖြဲ႕ ေခါင္းေဆာင္ေတြနဲ႔ ရပခက တာဝန္ ရွိသူေတြ ေတြ႕တယ္။ ဒါနဲ႔ ပတ္သက္ ၿပီး ဆိုင္ခန္းဖ်က္ေပးမႈ၊ မဖ်က္ေပးမႈကို တပ္ခ်ဳပ္ရဲ႕ အမိန္႔၊ ျပန္ၾကားမႈေပၚ မူတည္ၿပီး ေစာင့္မယ္လို႕ သိရတယ္” ဟု ေျပာသည္။
.
တပ္ရင္း/တပ္ဖြဲ႕မ်ား၏ တပ္ပိုင္ ေျမတြင္ ငွားရမ္း၍ ဖြင့္လွစ္ေရာင္း ခ်ေနေသာ ေဈးဆိုင္ခန္းမ်ား အားလံုး ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္ ေနာက္ဆံုးထား ပိတ္သိမ္း ေပးရန္ အထက္ဌာနမွ ၫႊန္ၾကား လာခ်က္အရ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္ပိုင္ေျမ ေမာခ်ယ္ရီယာဥ္ ရပ္နားစခန္းမွ ဆိုင္ခန္းမ်ားအား ပိတ္သိမ္းရန္ အေရွ႕ပိုင္း တိုင္းစစ္ဌာ နခ်ဳပ္၊ စခန္း႐ံုးမွ ၂၀၁၉ ခုႏွစ္၊ ဩ ဂုတ္လ ၉ ရက္တြင္ ဆိုင္ခန္းပိုင္ရွင္ မ်ားအား အေၾကာင္းၾကား ထားျခင္း ျဖစ္ေၾကာင္း သိရသည္
.
ယင္း ဆိုင္ခန္းမ်ားတြင္ ငွားရမ္း ေနထိုင္သူမ်ားသည္ အေဆာက္အဦ မေဆာက္လုပ္မီကပင္ ႀကိဳတင္ေငြ ေပးသြင္း၍ ေျမငွားရမ္းခကိုလည္း တပ္မွ သတ္မွတ္သည့္ ႏႈန္းထားအ တိုင္း လစဥ္ေပးသြင္း ေနထိုင္ခဲ့ျခင္း ျဖစ္ၿပီး သက္ဆိုင္ရာတပ္မွ ခ်မွတ္ ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို လည္း လိုက္နာေနထိုင္ခဲ့ရသည္ဟု သိရသည္။
.
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ အေရွ႕ပိုင္း တိုင္းစစ္ဌာနခ်ဳပ္၊ စခန္း႐ံုး၊ စခန္းမွဴးအား ကေမၻာဇတိုင္းမွ သြားေရာက္ေတြ႕ဆံု ေမးျမန္းရာ “ဒါနဲ႔ပတ္သက္ၿပီးေတာ့ ထူးျခားမႈ မရွိ ေသးဘူး”ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
ေမာခ်ယ္ရီ ယာဥ္ရပ္နားစခန္းရွိ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ပိုင္ တပ္ေျမေပၚတြင္ ေဈးဆိုင္ခန္းစုစုေပါင္း ၂၄၃ ခန္း ဖြင့္လွစ္ထားၿပီး မိသားစုဝင္ လူဦးေရ ၈၀ဝ ခန္႔ မွီတင္းေန ထိုင္လ်က္ရွိကာ ဆိုင္ခန္းမ်ား ပိတ္ သိမ္းျခင္း မျပဳဘဲ ဆက္လက္ေနထိုင္ ခြင့္ျပဳရန္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ထံ အသနားခံစာတင္ျပထားသည္ဟု သိရသည္။
.
အဆိုပါ တင္ျပစာတြင္ ဆိုင္ခန္း မ်ားကို ပိတ္သိမ္းမည္ဆိုပါက ၎တို႕အေနျဖင့္ အိုးမဲ့အိမ္မဲ့ဘဝႏွင့္ ေငြ ေၾကး အခက္အခဲမ်ား ႀကံဳေတြ႕ရမည္ ျဖစ္ပါေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူတို႕၏ ေဘးဒုကၡမ်ားကို ကူညီ ေစာင့္ေရွာက္ေပးလ်က္ ရွိသည္ကို ေန႔စဥ္ျမင္ေတြ႕ ၾကားသိလ်က္ ရွိပါ ေၾကာင္း၊ သို႕ျဖစ္ပါ၍ ျမန္မာျပည္အ ႏွံ႕ တိုင္းသူျပည္သားမ်ားအေပၚ ကူ ညီေစာင့္ေရွာက္ေပးပါရန္ အသနား ခံ တင္ျပပါေၾကာင္းျဖင့္ ေဖာ္ျပပါရွိ သည္။
.
ေမာခ်ယ္ရီ ယာဥ္ရပ္နားစခန္းမွ ဆိုင္ခန္းမ်ားကို တစ္ခန္းလွ်င္ ၁၂၀ဝ၀ က်ပ္မွ စ၍ ႏႈန္းထား အမ်ိဳးမ်ိဳးျဖင့္ လစာေကာက္ခံလ်က္ရွိေၾကာင္း သိရ သည္။
.
ထို႔အတူ ေတာင္ႀကီးၿမိဳ႕၊ အမွတ္ (၂၁၂) ဆက္သြယ္ေရးတပ္ရင္း ေျမအတြင္းရွိ ဆိုင္ခန္းမ်ားကိုလည္း ဩဂုတ္လကုန္အၿပီး ဖ်က္သိမ္းရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။
.
“အဲဒီလို ခ်က္ခ်င္းႀကီးပိတ္ပစ္ဖို႔ ကေတာ့ မလြယ္ဘူးေလ။ အၿမဲတမ္း ဝယ္ေနတဲ့ ေဖာက္သည္ေတြက႐ွိေသး တယ္။ ခ်က္ခ်င္းႀကီးဆိုင္ ခန္းေျပာင္းဖို႕က အဆင္မေျပဘူးေလ”ဟု ၂၁၂ ဆက္သြယ္ေရးတပ္ရင္း ဆိုင္ခန္းတြင္ ေဈးဆိုင္ ဖြင့္လွစ္ထားသူတစ္ဦးက ေျပာသည္။
.
အဆိုပါ ၂၁၂ ဆိုင္ခန္းမ်ားတြင္ အိမ္ေထာင္စု ၅၀ မွီတင္းေနထိုင္ လ်က္ရွိၿပီး ထိုသို႔ ဖယ္ေပးရပါက ၎တို႔အတြက္ ေနစရာမဲ့သြားမည္ျဖစ္ ေၾကာင္း သိရသည္။
.
အေရွ႕ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ေဈးေရာင္းခ်ေနသူမ်ား ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္တြင္ ကားကြင္း တည္ရွိ ေနသေရြ႕ ေဈးေရာင္းခ်ခြင့္ရွိကာ ႏွစ္အကန္႔သတ္ မပါဝင္ေၾကာင္း သိရွိရ ၿပီး ယင္းဆိုင္တန္း တည္ေဆာက္ရာ တြင္ ေဈးသည္မ်ားမွာ မိမိဆိုင္ခန္း ကုန္က်စရိတ္အား တာဝန္ယူတည္ ေဆာက္ခဲ့ေၾကာင္းႏွင့္ အေရွ႕ပိုင္း တိုင္း စစ္ဌာနခ်ဳပ္သို႕ ငွားရမ္းခသာ ေပးသြင္းရေၾကာင္း သိရွိရသည္။
.
============================================================
ဩဂုတ်လကုန် အပြီးပိတ်သိမ်းရန် အကြောင်းကြားထားသည့် တပ်ပိုင်မြေရှိ ဆိုင်ခန်းများအား ဆက်လက် ဖွင့်ထားနိုင်ဟု ဆို
.
စိုင်းရာဇာ၊ ကောင်းမွန်
.
တောင်ကြီးမြို့ပေါ်ရှိ တပ်ပိုင်မြေ ပေါ်တွင် ငှားရမ်း ဖွင့်လှစ်ထားသော မောချယ်ရီ ယာဉ်ရပ်နားစခန်းမှ ဆိုင်ခန်း များအား ဩဂုတ်လကုန် အပြီး ပိတ်သိမ်းရေးနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာ တင်ပြထားသည့်အတွက် ကက(ကြည်း)၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်၍ ဆက်လက် ဖွင့်ထားနိုင်သည်ဟု သိရသည်။
.
“ဒီလကုန် ပိတ်ခိုင်းထားတာကို အစည်းအဝေးမှာ ဆက်လက် ဖွင့်ထားနိုင်တယ်လို့ ပြောပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာ တင်ပြထားတဲ့အတွက် ကက(ကြည်း)ရဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားချက်ကို စောင့်ဖို့ စခန်းမှူးက ပြောတယ်။ ရပခ တိုင်းမှူးကလည်း လူတွေဒုက္ခရောက်အောင် မလုပ်ချင်ဘူးတဲ့။ ကိုယ့်ကိုယ်ကိုတောင်မပိုင်တာ၊ တစ်နေ့မှာ စွန့်ခွာရမှာပါ။ လုံလောက်တဲ့အချိန်ကာလကို ကြိုတင် အသိပေးထားမှ အဆင်ပြေမှာပါဓဟု အဆိုပါ မောချယ်ရီကားဝင်းအနီး ဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဆိုင်ခန်းပိုင်ရှင် တစ်ဦးမှလည်း “ဆိုင်ခန်းကော်မတီအဖွဲ့ ခေါင်းဆောင်တွေနဲ့ ရပခက တာဝန် ရှိသူတွေ တွေ့တယ်။ ဒါနဲ့ ပတ်သက် ပြီး ဆိုင်ခန်းဖျက်ပေးမှု၊ မဖျက်ပေးမှုကို တပ်ချုပ်ရဲ့ အမိန့်၊ ပြန်ကြားမှုပေါ် မူတည်ပြီး စောင့်မယ်လို့ သိရတယ်” ဟု ပြောသည်။
.
တပ်ရင်း/တပ်ဖွဲ့များ၏ တပ်ပိုင် မြေတွင် ငှားရမ်း၍ ဖွင့်လှစ်ရောင်း ချနေသော ဈေးဆိုင်ခန်းများ အားလုံး ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထား ပိတ်သိမ်း ပေးရန် အထက်ဌာနမှ ညွှန်ကြား လာချက်အရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပိုင်မြေ မောချယ်ရီယာဉ် ရပ်နားစခန်းမှ ဆိုင်ခန်းများအား ပိတ်သိမ်းရန် အရှေ့ပိုင်း တိုင်းစစ်ဌာ နချုပ်၊ စခန်းရုံးမှ ၂၀၁၉ ခုနှစ်၊ ဩ ဂုတ်လ ၉ ရက်တွင် ဆိုင်ခန်းပိုင်ရှင် များအား အကြောင်းကြား ထားခြင်း ဖြစ်ကြောင်း သိရသည်
.
ယင်း ဆိုင်ခန်းများတွင် ငှားရမ်း နေထိုင်သူများသည် အဆောက်အဦ မဆောက်လုပ်မီကပင် ကြိုတင်ငွေ ပေးသွင်း၍ မြေငှားရမ်းခကိုလည်း တပ်မှ သတ်မှတ်သည့် နှုန်းထားအ တိုင်း လစဉ်ပေးသွင်း နေထိုင်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာတပ်မှ ချမှတ် သော စည်းမျဉ်းစည်းကမ်းများကို လည်း လိုက်နာနေထိုင်ခဲ့ရသည်ဟု သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ စခန်းရုံး၊ စခန်းမှူးအား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရာ “ဒါနဲ့ပတ်သက်ပြီးတော့ ထူးခြားမှု မရှိ သေးဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
မောချယ်ရီ ယာဉ်ရပ်နားစခန်းရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် တပ်မြေပေါ်တွင် ဈေးဆိုင်ခန်းစုစုပေါင်း ၂၄၃ ခန်း ဖွင့်လှစ်ထားပြီး မိသားစုဝင် လူဦးရေ ၈ဝဝ ခန့် မှီတင်းနေ ထိုင်လျက်ရှိကာ ဆိုင်ခန်းများ ပိတ် သိမ်းခြင်း မပြုဘဲ ဆက်လက်နေထိုင် ခွင့်ပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာတင်ပြထားသည်ဟု သိရသည်။
.
အဆိုပါ တင်ပြစာတွင် ဆိုင်ခန်း များကို ပိတ်သိမ်းမည်ဆိုပါက ၎င်းတို့အနေဖြင့် အိုးမဲ့အိမ်မဲ့ဘဝနှင့် ငွေ ကြေး အခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်သည် ပြည်သူတို့၏ ဘေးဒုက္ခများကို ကူညီ စောင့်ရှောက်ပေးလျက် ရှိသည်ကို နေ့စဉ်မြင်တွေ့ ကြားသိလျက် ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာပြည်အ နှံ့ တိုင်းသူပြည်သားများအပေါ် ကူ ညီစောင့်ရှောက်ပေးပါရန် အသနား ခံ တင်ပြပါကြောင်းဖြင့် ဖော်ပြပါရှိ သည်။
.
မောချယ်ရီ ယာဉ်ရပ်နားစခန်းမှ ဆိုင်ခန်းများကို တစ်ခန်းလျှင် ၁၂ဝဝဝ ကျပ်မှ စ၍ နှုန်းထား အမျိုးမျိုးဖြင့် လစာကောက်ခံလျက်ရှိကြောင်း သိရ သည်။
.
ထို့အတူ တောင်ကြီးမြို့၊ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်း မြေအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဩဂုတ်လကုန်အပြီး ဖျက်သိမ်းရန် ညွှန်ကြားထားကြောင်း သိရသည်။
.
“အဲဒီလို ချက်ချင်းကြီးပိတ်ပစ်ဖို့ ကတော့ မလွယ်ဘူးလေ။ အမြဲတမ်း ဝယ်နေတဲ့ ဖောက်သည်တွေကရှိသေး တယ်။ ချက်ချင်းကြီးဆိုင် ခန်းပြောင်းဖို့က အဆင်မပြေဘူးလေ”ဟု ၂၁၂ ဆက်သွယ်ရေးတပ်ရင်း ဆိုင်ခန်းတွင် ဈေးဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
.
အဆိုပါ ၂၁၂ ဆိုင်ခန်းများတွင် အိမ်ထောင်စု ၅၀ မှီတင်းနေထိုင် လျက်ရှိပြီး ထိုသို့ ဖယ်ပေးရပါက ၎င်းတို့အတွက် နေစရာမဲ့သွားမည်ဖြစ် ကြောင်း သိရသည်။
.
အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ဈေးရောင်းချနေသူများ ချုပ်ဆိုထားသည့် စာချုပ်တွင် ကားကွင်း တည်ရှိ နေသရွေ့ ဈေးရောင်းချခွင့်ရှိကာ နှစ်အကန့်သတ် မပါဝင်ကြောင်း သိရှိရ ပြီး ယင်းဆိုင်တန်း တည်ဆောက်ရာ တွင် ဈေးသည်များမှာ မိမိဆိုင်ခန်း ကုန်ကျစရိတ်အား တာဝန်ယူတည် ဆောက်ခဲ့ကြောင်းနှင့် အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်သို့ ငှားရမ်းခသာ ပေးသွင်းရကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats