ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ႏွင့္ ခ်မ္းသာရပ္ကြက္ဆံုရာ ဝါးျပားလမ္း ဆံုေနရာ အေနာက္ဘက္ျခမ္းရွိ ဆိုင္ ခန္းမ်ားအား ရွင္းလင္းကာ လမ္း ခ်ဲ႕ထြင္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ႏွင့္ ခ်မ္းသာရပ္ကြက္ဆံုရာ ဝါးျပားလမ္း ဆံုေနရာ အေနာက္ဘက္ျခမ္းရွိ ဆိုင္ ခန္းမ်ားအား ရွင္းလင္းကာ လမ္း ခ်ဲ႕ထြင္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
.
.
“ဝါးျပားလမ္းဆံုဆိုတာ
ဂႏိုင္ကန္လမ္းရယ္၊ အေနာက္ၿမိဳ႕ပတ္လမ္း ရယ္၊ ႐ႈခင္းသာလမ္း၊ ဝါးျပားလမ္းေတြ ဆံုတဲ့ေနရာ
ျဖစ္တယ္။ လမ္းအေနအထားကလည္း တစ္ျခမ္းေစာင္း ျဖစ္ေနတယ္။ ေတာင္ေပၚေဒသျဖစ္တဲ့အတြက္ လမ္းျဖတ္ေတြက
ဒဲ့မျဖတ္ဘဲ ေကြ႕ေကာက္ၿပီး ျဖတ္သြားေတာ့ အေနာက္ၿမိဳ႕ပတ္လမ္းအတိုင္း သြားတဲ့ ယာဥ္ေတြအတြက္
အခက္အခဲ မရွိေပမယ့္ ေကြ႕မယ္၊ ခ်ိဳးမယ္ဆိုရင္ ေတာ္ေတာ္ေလးကို သတိထားရတယ္။ မီးစိမ္းေပမယ့္
သြားလို႔မရတဲ့ အေျခအ ေနမွာ ရွိေနတယ္}}ဟု ေတာင္ႀကီးၿမိဳ႕ နယ္ စည္ပင္သာယာေရးဌာနမွ အမႈ ေဆာင္အရာရွိ
ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
အဆိုပါ ဝါးျပားလမ္းဆံုတြင္
ဂႏိုင္ကန္လမ္းမွ ႐ႈခင္းသာလမ္းသို႔ ျဖတ္ တက္ရာတြင္ ေကြ႕ဝိုက္ၿပီး သြားလာ ေနရေသာေၾကာင့္
လမ္းပိုင္းခ်ဲ႕ထြင္ကာ ျပင္ဆင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
“အေ႐ွ႕ဘက္ျခမ္းကိုေတာ့
မႏွစ္က လုပ္ခဲ့တယ္။ တံတားေတြ ခ်ဲ႕ လိုက္တယ္။ လမ္းဆံုကိုခ်ဲ႕တဲ့ လုပ္ငန္းက မၿပီးေသးဘူး။
အေနာက္ဘက္ျခမ္းကို ဒီႏွစ္မွာဆက္ၿပီး လုပ္ မယ္။ ဝါးျပားအတက္လမ္း ဆိုရင္လည္း လမ္းက က်ဥ္းေနတယ္။
တခ်ိဳ႕ေနရာေတြမွာ လမ္းေျမကို ေတာ္ ေတာ္ေလး က်ဴးေက်ာ္ေနတယ္။ အဲဒါေတြကို ဖယ္ရွားၿပီးရင္ေတာ့
လမ္းဆံုကို ေရစီးေရလာ ေကာင္းေအာင္ ဆက္လုပ္သြားမွာပါ”ဟု ဦးေအးကိုက ဆက္လက္ေျပာ ၾကားခဲ့သည္။
.
အဆိုပါ လမ္းခ်ဲ႕မည့္
ဝါးျပားလမ္း ဆံု အေနာက္ဘက္ရွိ စည္ပင္သာယာ ေျမေပၚတြင္ က်ဴးေက်ာ္ေဆာက္လုပ္ ထားေသာ ေနအိမ္
ေဈးဆိုင္ခန္းမ်ား ဖယ္ရွား ရွင္းလင္းသြားမည္ျဖစ္ၿပီး အ ခ်ိဳ႕ေနအိမ္မ်ားတြင္ ေပ ၃၀ ခန္႔အ
ထိ ေနာက္ဆုတ္ ဖယ္ရွားေပးရမည္ ျဖစ္ေၾကာင္း သိရသည္။
ထိုကဲ့သို႔ရွင္း လင္းဖယ္ရွားရန္အတြက္ ဇူလိုင္လ ၂၇ ရက္က စည္ပင္သာယာေရးဌာနမွ က်ဴးေက်ာ္အေဆာက္အအံုမ်ား
အား မ်ဥ္းနီသား၍ အမွတ္အသား ျပဳလုပ္ခဲ့ေၾကာင္း
သိရသည္။
.
“အရင္က အေရွ႕မွာ
ေရေျမာင္း ေတြ ကိုယ္တိုင္ လုပ္ခဲ့ရတယ္။ ေရ ေျမာင္းနားမွာ မ်က္ႏွာစာ လွေအာင္ဆိုၿပီး
ဆိုင္ခန္းေတြ ေဆာက္ခိုင္းတယ္။ ေျမက စည္ပင္ေျမ ဆိုေတာ့ ကိုယ့္ဘက္က က်ဴးထားတာေတြက သူတို႔လိုအပ္ရင္
စီမံကိန္းရွိရင္ ဖ်က္ဆိုရင္ ဖ်က္ေပးရမွာပါ။ ဂရန္ေျမနဲ႔ စည္ပင္ေျမကို ခြဲလိုက္တယ္။ ကြ်န္ေတာ္တို႕
ပိုင္ဆိုင္ထားတဲ့ ဂရန္ေျမေပၚ ေတာ့ လာမဖ်က္ဖို႔ လိုပါတယ္”ဟု ဝါး ျပားလမ္းဆံုအနီး ေနထိုင္သူဆိုင္ခန္း ပိုင္ရွင္တစ္ဦးက
ေျပာဆိုခဲ့သည္။
.
ဝါးျပားလမ္းဆံု အေနာက္ဘက္
ျခမ္း လမ္းခ်ဲ႕ထြင္ျခင္း လုပ္ငန္းအား လာမည့္ စက္တင္ဘာ လကုန္တြင္ အၿပီး ေဆာင္ရြက္သြားမည္
ျဖစ္ၿပီး ယင္းလမ္းပိုင္း ခ်ဲ႕ထြင္မႈလုပ္ငန္းမ်ား ၿပီးစီးပါက ဂႏိုင္ကန္လမ္းမွ ႐ႈခင္းသာ
လမ္းသို႔ ျဖတ္သန္းရာတြင္ ယခုထက္ ပိုမိုလြယ္ကူ အဆင္ေျပေစမည္ျဖစ္သည္ဟု သိရသည္။
.
============================================================
တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံ အနောက်ဘက်ခြမ်းရှိ
ဆိုင်ခန်းများအား ရှင်းလင်းကာ လမ်း ချဲ့ထွင်သွားမည်
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နှင့်
ချမ်းသာရပ်ကွက်ဆုံရာ ဝါးပြားလမ်း ဆုံနေရာ အနောက်ဘက်ခြမ်းရှိ ဆိုင် ခန်းများအား ရှင်းလင်းကာ
လမ်း ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ
သိရသည်။
.
“ဝါးပြားလမ်းဆုံဆိုတာ
ဂနိုင်ကန်လမ်းရယ်၊ အနောက်မြို့ပတ်လမ်း ရယ်၊ ရှုခင်းသာလမ်း၊ ဝါးပြားလမ်းတွေ ဆုံတဲ့နေရာ
ဖြစ်တယ်။ လမ်းအနေအထားကလည်း တစ်ခြမ်းစောင်း ဖြစ်နေတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လမ်းဖြတ်တွေက
ဒဲ့မဖြတ်ဘဲ ကွေ့ကောက်ပြီး ဖြတ်သွားတော့ အနောက်မြို့ပတ်လမ်းအတိုင်း သွားတဲ့ ယာဉ်တွေအတွက်
အခက်အခဲ မရှိပေမယ့် ကွေ့မယ်၊ ချိုးမယ်ဆိုရင် တော်တော်လေးကို သတိထားရတယ်။ မီးစိမ်းပေမယ့်
သွားလို့မရတဲ့ အခြေအ နေမှာ ရှိနေတယ်}}ဟု တောင်ကြီးမြို့
နယ် စည်ပင်သာယာရေးဌာနမှ အမှု ဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ဝါးပြားလမ်းဆုံတွင် ဂနိုင်ကန်လမ်းမှ ရှုခင်းသာလမ်းသို့
ဖြတ် တက်ရာတွင် ကွေ့ဝိုက်ပြီး သွားလာ နေရသောကြောင့် လမ်းပိုင်းချဲ့ထွင်ကာ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
“အရှေ့ဘက်ခြမ်းကိုတော့
မနှစ်က လုပ်ခဲ့တယ်။ တံတားတွေ ချဲ့ လိုက်တယ်။ လမ်းဆုံကိုချဲ့တဲ့ လုပ်ငန်းက မပြီးသေးဘူး။
အနောက်ဘက်ခြမ်းကို ဒီနှစ်မှာဆက်ပြီး လုပ် မယ်။ ဝါးပြားအတက်လမ်း ဆိုရင်လည်း လမ်းက ကျဉ်းနေတယ်။
တချို့နေရာတွေမှာ လမ်းမြေကို တော် တော်လေး ကျူးကျော်နေတယ်။ အဲဒါတွေကို ဖယ်ရှားပြီးရင်တော့
လမ်းဆုံကို ရေစီးရေလာ ကောင်းအောင် ဆက်လုပ်သွားမှာပါ”ဟု ဦးအေးကိုက ဆက်လက်ပြော ကြားခဲ့သည်။
.
အဆိုပါ လမ်းချဲ့မည့် ဝါးပြားလမ်း ဆုံ အနောက်ဘက်ရှိ စည်ပင်သာယာ
မြေပေါ်တွင် ကျူးကျော်ဆောက်လုပ် ထားသော နေအိမ် ဈေးဆိုင်ခန်းများ ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ပြီး
အ ချို့နေအိမ်များတွင် ပေ ၃၀ ခန့်အ ထိ နောက်ဆုတ်
ဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ရှင်း လင်းဖယ်ရှားရန်အတွက် ဇူလိုင်လ
၂၇ ရက်က စည်ပင်သာယာရေးဌာနမှ ကျူးကျော်အဆောက်အအုံများ အား မျဉ်းနီသား၍ အမှတ်အသား ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“အရင်က
အရှေ့မှာ ရေမြောင်း တွေ ကိုယ်တိုင် လုပ်ခဲ့ရတယ်။ ရေ မြောင်းနားမှာ မျက်နှာစာ လှအောင်ဆိုပြီး
ဆိုင်ခန်းတွေ ဆောက်ခိုင်းတယ်။ မြေက စည်ပင်မြေ ဆိုတော့ ကိုယ့်ဘက်က ကျူးထားတာတွေက သူတို့လိုအပ်ရင်
စီမံကိန်းရှိရင် ဖျက်ဆိုရင် ဖျက်ပေးရမှာပါ။ ဂရန်မြေနဲ့ စည်ပင်မြေကို ခွဲလိုက်တယ်။ ကျွန်တော်တို့
ပိုင်ဆိုင်ထားတဲ့ ဂရန်မြေပေါ် တော့ လာမဖျက်ဖို့ လိုပါတယ်”ဟု ဝါး ပြားလမ်းဆုံအနီး
နေထိုင်သူဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောဆိုခဲ့သည်။
.
ဝါးပြားလမ်းဆုံ အနောက်ဘက် ခြမ်း လမ်းချဲ့ထွင်ခြင်း လုပ်ငန်းအား
လာမည့် စက်တင်ဘာ လကုန်တွင် အပြီး ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းလမ်းပိုင်း ချဲ့ထွင်မှုလုပ်ငန်းများ
ပြီးစီးပါက ဂနိုင်ကန်လမ်းမှ ရှုခင်းသာ လမ်းသို့ ဖြတ်သန်းရာတွင် ယခုထက် ပိုမိုလွယ်ကူ
အဆင်ပြေစေမည်ဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment