ခြန္သက္ထူး
.
ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ဂိတ္ခန္း ဖြင့္လွစ္၍ ခရီးသည္ အတင္အခ် ျပဳလုပ္ေျပး ဆြဲေနသည့္
အေဝးေျပးယာဥ္လိုင္းမ်ားေၾကာင့္ ၿမိဳ႕တြင္း၌ မလိုလားအပ္ေသာ ယာဥ္ေၾကာပိတ္ဆို႕မႈႏွင့္
ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္တို႔ကို ျဖစ္ေပၚေစႏိုင္သျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ
ျပန္လည္စိစစ္ေပး ရန္ လိုအပ္ေနေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။
.
.
“အရင္ကေတာ့ ကားဂိတ္ေတြ
ကို ၿမိဳ႕ေပၚမတက္ဖို႔ တားျမစ္ထားတယ္။ ေနာက္ပိုင္း ဖြင့္လာတယ္။ၿမိဳ႕ရဲ႕ အေနအထားနဲ႔ ကားေတြမ်ား
လာေတာ့ ယာဥ္ေၾကာၾကပ္တည္းမႈ ေတြ ျဖစ္လာတာေပါ့။ တစ္ခု စဖြင့္လိုက္ရင္ ေနာက္ တစ္ခုကလည္း
လိုက္ဖြင့္လာတယ္။ ဒါကို သက္ဆိုင္ ရာ တာဝန္ရွိသူေတြက ျပန္လည္စိစစ္သင့္ပါတယ္။ ၿမိဳ႕အဂၤါရပ္နဲ႔
ညီ ေအာင္ လုပ္ေဆာင္သင့္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ေန ေဒသခံတစ္ဦးက ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
ယင္းကဲ့သို႔ ၿမိဳ႕ေပၚတြင္
အေဝး ေျပး ယာဥ္လိုင္းဂိတ္မ်ား ဖြင့္လွစ္ ထားမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ လုပ္ငန္းလိုင္စင္ႏွင့္
သယ္ယူပို႕ေဆာင္ေရး ႀကီးၾကပ္ညႇိႏိႈင္းမႈဌာနမွ ဦးျမင့္ ေအာင္အား ကေမၻာဇတိုင္းမွ ဆက္ သြယ္ေမးျမန္းရာ
“ကားဂိတ္ေတြ ေနရာခ်တယ္ဆိုတာကေတာ့
စည္ပင္က ခြင့္ျပဳမွ ခ်လို႔ရတာေလ။ ခြင့္ျပဳထား တဲ့လိုင္းက တစ္လိုင္းဆိုေပမယ့္ တခ်ိဳ႕ေနရာမွာ
ယာဥ္လိုင္းေတြက အဲဒီ ဂိတ္ေနရာမွာ ဆိုင္းဘုတ္ေတြတပ္ၿပီး လက္မွတ္ ေရာင္းၾကတယ္”ဟု ျပန္ လည္ ေျဖၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚ
ရပ္ကြက္မ်ား အတြင္း အေဝးေျပး ယာဥ္လိုင္းဂိတ္မ်ား ဖြင့္လွစ္ရန္ ခြင့္ျပဳထားျခင္း မရွိေသာ္လည္း
ကားဂိတ္မ်ားမွာ အေနာက္ၿမိဳ႕ပတ္လမ္း၊ အေရွ႕ၿမိဳ႕ပတ္လမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း
အနီးတစ္ဝိုက္တြင္ ဖြင့္လွစ္ထားမႈမ်ား ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
“ၿမိဳ႕ထဲက ဂိတ္ေတြကို
ပို႕ဆက္ ကေပးတာလည္း မဟုတ္ဘူး။ မထသကလည္း ေပးတာ မဟုတ္ဘူး။ အရင္ကတည္းက ေတာင္ႀကီးၿမိဳ႕
အေရွ႕ဘက္ထြက္တဲ့ လိုင္းဆိုရင္အေရွ႕ဘက္က သစ္ေတာဂိတ္၊ အေနာက္ ဘက္ဆိုရင္ ၿမိဳ႕ပတ္ဂိတ္ဆိုၿပီး
သတ္ မွတ္ထားတာပါ။ ၿမိဳ႕ထဲမွာရွိတာက တရားမဝင္ပါဘူး”ဟု ေတာင္ႀကီးၿမိဳ႕ နယ္ ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရးအဖြဲ႕
ဥကၠဌ ဦးသန္းေက်ာ္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕၊ ကံေရွ႕ရပ္ကြက္၊
ျမကန္သာလမ္း၊ ျမကန္သာအဝိုင္း ပတ္အနီး၊ သံလြင္လမ္း၊ ကန္ေအာက္ ရပ္ကြက္၊ သံလြင္လမ္းအျပင္
ၿမိဳ႕မ ေဈး အနီးတစ္ဝိုက္ႏွင့္ ၿမိဳ႕ေပၚရပ္ ကြက္မ်ားအတြင္း ဖြင့္လွစ္ထားသည့္ အေဝးေျပး
ယာဥ္လိုင္းဂိတ္မ်ားမွ ဂိတ္ ခန္းဖြင့္လွစ္ကာ ယာဥ္ရပ္နားျခင္း၊ ခ ရီးသည္ႏွင့္ ကုန္စည္အတင္အခ်
ျပဳ လုပ္ေနျခင္းမ်ားေၾကာင့္ ၿမိဳ႕တြင္း၌ မၾကာခဏ ယာဥ္ေၾကာပိတ္ဆို႕မႈမ်ား ျဖစ္ေပၚေနျခင္း
ျဖစ္ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕တြင္
ခရီးသည္တင္ ယာဥ္ရပ္နားစခန္း အေနျဖင့္ သစ္ေတာကားေလးဝင္း၊ ေမာခ်ယ္ရီ ကားဝင္းႏွင့္ ေအးသာယာကားႀကီး
ကြင္းဟူ၍ ၃ ခုရွိၿပီး အေဝးေျပး ယာဥ္လိုင္းဂိတ္မ်ားအား ၿမိဳ႕တြင္း၌ ဖြင့္လွစ္ခြင့္ မျပဳထားေသာ္လည္း
ယာဥ္လိုင္းအခ်ိဳ႕မွာ ေတာင္ႀကီးၿမိဳ႕ ေပၚရွိ လူေနရပ္ကြက္မ်ားႏွင့္ ၿမိဳ႕မေဈး အနီး တစ္ဝိုက္ေနရာမ်ားတြင္
ဂိတ္ခန္း ဖြင့္လွစ္၍ ခရီးသည္တင္ေဆာင္ ေျပး ဆြဲမႈမ်ား ရွိေနေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့ပေါ်တွင် ဂိတ်ဖွင့်လှစ် ပြေးဆွဲနေသည့်
ယာဉ်လိုင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိနေဟု ဆို
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်တွင် ဂိတ်ခန်း ဖွင့်လှစ်၍
ခရီးသည် အတင်အချ ပြုလုပ်ပြေး ဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများကြောင့် မြို့တွင်း၌
မလိုလားအပ်သော ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်သဖြင့်
သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်ပေး ရန် လိုအပ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။
.
“အရင်ကတော့
ကားဂိတ်တွေ ကို မြို့ပေါ်မတက်ဖို့ တားမြစ်ထားတယ်။ နောက်ပိုင်း ဖွင့်လာတယ်။မြို့ရဲ့
အနေအထားနဲ့ ကားတွေများ လာတော့ ယာဉ်ကြောကြပ်တည်းမှု တွေ ဖြစ်လာတာပေါ့။ တစ်ခု စဖွင့်လိုက်ရင်
နောက် တစ်ခုကလည်း လိုက်ဖွင့်လာတယ်။ ဒါကို သက်ဆိုင် ရာ တာဝန်ရှိသူတွေက ပြန်လည်စိစစ်သင့်ပါတယ်။
မြို့အင်္ဂါရပ်နဲ့ ညီ အောင် လုပ်ဆောင်သင့်ပါတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ မြို့ပေါ်တွင် အဝေး ပြေး ယာဉ်လိုင်းဂိတ်များ ဖွင့်လှစ်
ထားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ
ဦးမြင့် အောင်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ “ကားဂိတ်တွေ နေရာချတယ်ဆိုတာကတော့
စည်ပင်က ခွင့်ပြုမှ ချလို့ရတာလေ။ ခွင့်ပြုထား တဲ့လိုင်းက တစ်လိုင်းဆိုပေမယ့် တချို့နေရာမှာ
ယာဉ်လိုင်းတွေက အဲဒီ ဂိတ်နေရာမှာ ဆိုင်းဘုတ်တွေတပ်ပြီး လက်မှတ် ရောင်းကြတယ်”ဟု ပြန် လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များ အတွင်း အဝေးပြေး ယာဉ်လိုင်းဂိတ်များ
ဖွင့်လှစ်ရန် ခွင့်ပြုထားခြင်း မရှိသော်လည်း ကားဂိတ်များမှာ အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်းနှင့်
ဗိုလ်ချုပ်အောင်ဆန်းလမ်း အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ထားမှုများ ရှိနေခြင်းဖြစ်ကြောင်း
သိရသည်။
.
“မြို့ထဲက
ဂိတ်တွေကို ပို့ဆက် ကပေးတာလည်း မဟုတ်ဘူး။ မထသကလည်း ပေးတာ မဟုတ်ဘူး။ အရင်ကတည်းက တောင်ကြီးမြို့
အရှေ့ဘက်ထွက်တဲ့ လိုင်းဆိုရင်အရှေ့ဘက်က သစ်တောဂိတ်၊ အနောက် ဘက်ဆိုရင် မြို့ပတ်ဂိတ်ဆိုပြီး
သတ် မှတ်ထားတာပါ။ မြို့ထဲမှာရှိတာက တရားမဝင်ပါဘူး”ဟု တောင်ကြီးမြို့ နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့
ဥက္ကဌ ဦးသန်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ မြကန်သာလမ်း၊ မြကန်သာအဝိုင်း
ပတ်အနီး၊ သံလွင်လမ်း၊ ကန်အောက် ရပ်ကွက်၊ သံလွင်လမ်းအပြင် မြို့မ ဈေး အနီးတစ်ဝိုက်နှင့်
မြို့ပေါ်ရပ် ကွက်များအတွင်း ဖွင့်လှစ်ထားသည့် အဝေးပြေး ယာဉ်လိုင်းဂိတ်များမှ ဂိတ်
ခန်းဖွင့်လှစ်ကာ ယာဉ်ရပ်နားခြင်း၊ ခ ရီးသည်နှင့် ကုန်စည်အတင်အချ ပြု လုပ်နေခြင်းများကြောင့်
မြို့တွင်း၌ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် ခရီးသည်တင် ယာဉ်ရပ်နားစခန်း အနေဖြင့် သစ်တောကားလေးဝင်း၊
မောချယ်ရီ ကားဝင်းနှင့် အေးသာယာကားကြီး ကွင်းဟူ၍ ၃ ခုရှိပြီး အဝေးပြေး ယာဉ်လိုင်းဂိတ်များအား
မြို့တွင်း၌ ဖွင့်လှစ်ခွင့် မပြုထားသော်လည်း ယာဉ်လိုင်းအချို့မှာ တောင်ကြီးမြို့ ပေါ်ရှိ
လူနေရပ်ကွက်များနှင့် မြို့မဈေး အနီး တစ်ဝိုက်နေရာများတွင် ဂိတ်ခန်း ဖွင့်လှစ်၍ ခရီးသည်တင်ဆောင်
ပြေး ဆွဲမှုများ ရှိနေကြောင်း သိရသည်။
.
No comments:
Post a Comment