မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ​တောင်ကြီးမြို့ပေါ်ရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 17, 2019



ကမ္ဘောဇတိုင်း
.
.
.
လမ်း​ပေါ်​တွေမှာ ​ရေ​တွေ လျှံတက်​​နေတာ၊ အ​ပေါ်ထိကို အများကြီးပဲဟု ‌ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
.
============================================================
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ယနေ့ ဩဂုတ်လ ၁၇ ရက်၊ ညနေပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် City Square Shopping Center တောင်ဘက်၊ မဟာသုခလမ်း၊ မြို့မဈေးမြောက်ဘက် သံလွင်လမ်းအပါအဝင် အနိမ့်ပိုင်း နေရာအများစုတွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
လမ်းပေါ်တွေမှာ ရေတွေ လျှံတက်နေတာ၊ အပေါ်ထိကို အများကြီးပဲဟု ‌ဒေသခံတစ်ဦးက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယနေ့ ညနေ ၇ နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းဖြစ်ပြီး လက်ရှိ ည ၁၀ နာရီအချိန်အထိ မိုးရွာသွန်းမှု ရပ်တန့်ခြင်းမရှိသေးကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats