အခြန္ တံဆိပ္ေခါင္း မကပ္ေသာ ဖုန္း ဟန္းဆက္မ်ားအား အေရးယူသြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 9, 2019

အခြန္ တံဆိပ္ေခါင္း မကပ္ေသာ ဖုန္း ဟန္းဆက္မ်ားအား အေရးယူသြားမည္

ေကာင္းမြန္
.
ရွမ္းျပည္နယ္အတြင္း အခြန္တံဆိပ္ေခါင္း ကပ္ႏွိပ္ျခင္းမရွိဘဲဖုန္း ဟန္းဆက္ ေရာင္းခ်ေနေသာ မိုဘိုင္း ဖုန္း အေရာင္းဆိုင္မ်ားအား ယခုလမွ စတင္၍ အေရးယူေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
.
.
ျမန္မာႏိုင္ငံ မိုဘိုင္း လုပ္ငန္းရွင္ မ်ားအသင္း (ရွမ္းျပည္နယ္)၏ အ သင္းသား စံုညီပြဲကို ဇူလိုင္လ ၃၀ ရက္ ကေတာင္ႀကီးၿမိဳ႕၊ Royal Taunggyi ဟိုတယ္တြင္ ျပဳလုပ္ရာ အဆိုပါေတြ႕ ဆံုပြဲတြင္ ျမန္မာႏိုင္ငံမိုဘိုင္းလုပ္ငန္း ရွင္မ်ားအသင္း (MMIA) ဒုတိယ ဥကၠဌ ဦးေအာင္ကိုကိုညီက မိုဘိုင္း ဖုန္း အခြန္ေဆာင္ျခင္းဆိုင္ရာ ကိစၥ ရပ္မ်ားကို ေဆြးေႏြး ေျပာၾကားခဲ့ၾကာင္း သိရသည္။
.
လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုဘိုင္း ဖုန္းႏွင့္ ဆက္စပ္ပစၥည္းမ်ား ေရာင္း ဝယ္ျခင္းအတြက္ ေကာက္ခံမည့္ အ ခြန္ပမာဏမွာ ပစၥည္းတန္ဖိုး၏ ၅ ရာခိုင္ႏႈန္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံ တြင္ ၉ ရာခိုင္ႏႈန္း၊ အဂၤလန္တြင္ ၂၀ ရာခိုင္ႏႈန္း ကုန္သြယ္ခြန္ ေကာက္ခံ လ်က္ရွိသည္ဟု သိရသည္။
.
အခြန္တံဆိပ္ ကပ္တဲ့ဆိုင္နဲ႔မ ကပ္တဲ့ဆိုင္ ေဈးကြက္မွာ မမွ်တႏိုင္ ပါဘူး။ အဲဒါေၾကာင့္ MMIA က မူ ဝါဒ ၃ ခု ခ်မွတ္လိုက္တယ္။ ပထမ တစ္ခုက MMIA မွာ႐ွိတဲ့ CEC အ ဖြဲ႕ဝင္ ဆိုင္ ၃၀ ေက်ာ္ ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး အခြန္တံဆိပ္ ကပ္ဖို႔ အတြက္ အျပည့္အဝ စစ္ေဆးဖို႔၊ ဒု တိယ အဆင့္အေနနဲ႔ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္မွာရွိတဲ့ ဆိုင္ေတြအားလံုး အခြန္တံဆိပ္ကပ္ဖို႕လုပ္မယ္။ ေနာက္ ဆံုးအဆင့္က အဲလိုလမ္းေၾကာင္းေပၚ ေရာက္လာရင္ တင္သြင္းသူေတြရဲ႕ အခက္အခဲကို သက္ဆိုင္ရာ ဦးစီးဌာ န ၄ ခုနဲ႔ တိုင္ပင္ၿပီး One Stop Service တရားဝင္ တင္သြင္းႏိုင္ဖို႔ ဆိုၿပီး လုပ္ေဆာင္ေနပါတယ္}}ဟု ျမန္မာႏိုင္ငံ မိုဘိုင္း လုပ္ငန္းရွင္မ်ား အသင္း (MMIA) ဒုတိယဥကၠဌ ဦး ေအာင္ကိုကိုညီက ေျပာသည္။
.
ေဈးကြက္အတြင္း ေရာင္းခ်ေန ေသာ မိုဘိုင္းဖုန္း ဟန္းဆက္မ်ား အနက္ အခြန္တံဆိပ္ေခါင္း ကပ္ႏွိပ္ ထားျခင္း မရွိေသးသည့္ ဟန္းဆက္ မ်ားအား အခြန္တံဆိပ္ေခါင္း ကပ္ ႏွိပ္ရန္ လိုအပ္ၿပီး တံဆိပ္ေခါင္းကပ္ ႏွိပ္ထားျခင္း မရွိလွ်င္ အေရးယူ ေဆာင္ရြက္ႏိုင္ေၾကာင္း သိရသည္။
.
============================================================
အခွန် တံဆိပ်ခေါင်း မကပ်သော ဖုန်း ဟန်းဆက်များအား အရေးယူသွားမည်
.
ကောင်းမွန်
.
ရှမ်းပြည်နယ်အတွင်း အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ခြင်းမရှိဘဲဖုန်း ဟန်းဆက် ရောင်းချနေသော မိုဘိုင်း ဖုန်း အရောင်းဆိုင်များအား ယခုလမှ စတင်၍ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ မိုဘိုင်း လုပ်ငန်းရှင် များအသင်း (ရှမ်းပြည်နယ်)၏ အ သင်းသား စုံညီပွဲကို ဇူလိုင်လ ၃၀ ရက် ကတောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်တွင် ပြုလုပ်ရာ အဆိုပါတွေ့ ဆုံပွဲတွင် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်း ရှင်များအသင်း (MMIA) ဒုတိယ ဥက္ကဌ ဦးအောင်ကိုကိုညီက မိုဘိုင်း ဖုန်း အခွန်ဆောင်ခြင်းဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
.
လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်း ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်း ဝယ်ခြင်းအတွက် ကောက်ခံမည့် အ ခွန်ပမာဏမှာ ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန်နိုင်ငံ တွင် ၉ ရာခိုင်နှုန်း၊ အင်္ဂလန်တွင် ၂၀ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံ လျက်ရှိသည်ဟု သိရသည်။
.
အခွန်တံဆိပ် ကပ်တဲ့ဆိုင်နဲ့မ ကပ်တဲ့ဆိုင် ဈေးကွက်မှာ မမျှတနိုင် ပါဘူး။ အဲဒါကြောင့် MMIA က မူ ဝါဒ ၃ ခု ချမှတ်လိုက်တယ်။ ပထမ တစ်ခုက MMIA မှာရှိတဲ့ CEC အ ဖွဲ့ဝင် ဆိုင် ၃၀ ကျော် ဇူလိုင်လ ၁ ရက်နေ့ကစပြီး အခွန်တံဆိပ် ကပ်ဖို့ အတွက် အပြည့်အဝ စစ်ဆေးဖို့၊ ဒု တိယ အဆင့်အနေနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာရှိတဲ့ ဆိုင်တွေအားလုံး အခွန်တံဆိပ်ကပ်ဖို့လုပ်မယ်။ နောက် ဆုံးအဆင့်က အဲလိုလမ်းကြောင်းပေါ် ရောက်လာရင် တင်သွင်းသူတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာ ဦးစီးဌာ န ၄ ခုနဲ့ တိုင်ပင်ပြီး One Stop Service တရားဝင် တင်သွင်းနိုင်ဖို့ ဆိုပြီး လုပ်ဆောင်နေပါတယ်}}ဟု မြန်မာနိုင်ငံ မိုဘိုင်း လုပ်ငန်းရှင်များ အသင်း (MMIA) ဒုတိယဥက္ကဌ ဦး အောင်ကိုကိုညီက ပြောသည်။
.
ဈေးကွက်အတွင်း ရောင်းချနေ သော မိုဘိုင်းဖုန်း ဟန်းဆက်များ အနက် အခွန်တံဆိပ်ခေါင်း ကပ်နှိပ် ထားခြင်း မရှိသေးသည့် ဟန်းဆက် များအား အခွန်တံဆိပ်ခေါင်း ကပ် နှိပ်ရန် လိုအပ်ပြီး တံဆိပ်ခေါင်းကပ် နှိပ်ထားခြင်း မရှိလျှင် အရေးယူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats