ရွမ္းျပည္နယ္အတြင္းရွိ သတင္းသမားမ်ား ေတြ႕ဆံုပြဲ ျပဳလုပ္မည္ - Kanbawza Tai News

Breaking

Tuesday, August 13, 2019

ရွမ္းျပည္နယ္အတြင္းရွိ သတင္းသမားမ်ား ေတြ႕ဆံုပြဲ ျပဳလုပ္မည္


ေကာင္းမြန္
.
ရွမ္းျပည္နယ္အတြင္းရွိ သတင္းမီဒီယာသမားမ်ား ေတြ႕ဆံုပြဲကို ဩဂုတ္လ ၁၅ ရက္တြင္ ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္ရွိ ေအာင္ေျမဘံုစံေက်ာင္းတိုက္၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
ရွမ္းျပည္နယ္အတြင္းမွာရွိတဲ့ သတင္းသမားေတြအားလံုး စုစုစည္းစည္းနဲ႔ ေတြ႕ဆံုေဆြးေႏြးႏိုင္ၾကေစဖို႔ ရည္ ရြယ္ပါတယ္။ ျပည္နယ္အတြင္းမွာ သတင္းသမားေတြ ဖိႏွိပ္ခံရတာမ်ိဳးေတြ ရွိေနတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာရွိတဲ့ ကိုယ့္အဖြဲ႕အစည္းေတြအေနနဲ႔ စုစုစည္းစည္း ညီညီၫြတ္ၫြတ္နဲ႔ လုပ္ေဆာင္သြားဖို႔ လိုပါတယ္။ အဲဒီ ရည္ရြယ္ခ်က္ နဲ႔ ေတြ႕ဆံုေဆြးေႏြးတာျဖစ္ပါတယ္။ ဒီကေန ရလာတဲ့ ေဆြးေႏြးခ်က္ေတြကို အစိုးရကို အိတ္ဖြင့္ေပးစာ ပို႔တာမ်ိဳး၊ ေၾကညာခ်က္ ထုတ္တာမ်ိဳးေတြ လုပ္ဖို႔ရွိပါမယ္ဟု ေတြ႕ဆံုပြဲ ျဖစ္ေျမာက္ေရး ေကာ္မတီဝင္တစ္ဦးက ေျပာသည္။
.
အဆိုပါ ေတြ႕ဆံုပြဲ ျဖစ္ေျမာက္ေရးေကာ္မတီကို ရွမ္းျပည္နယ္အတြင္းရွိ သတင္းသမားမ်ား ျဖစ္ေသာ ခြန္ရာဇာ၊ ကိုစိုး၊ ေက်ာ္ေဇယ်ာ၊ ေနလင္းထိုက္၊ ခြန္စည္သာဟိန္းတို႔ ဦးျဖင့္ ဖြဲ႕စည္းထားၿပီး ပြဲျဖစ္ေျမာက္ေရး အတြက္ အႀကိဳ ေတြ႕ဆံုညႇိႏိႈင္းမႈမ်ားကို ဇူလိုင္လ ၃၁ ရက္ႏွင့္ ဩဂုတ္လ ရက္တို႔က ေတာင္ႀကီးၿမိဳ႕၊ ေတာ္ဝင္ပုလဲ ႏွင္းဆီ စားေသာက္ဆိုင္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၂ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ ပုဂၢလိကလုပ္ငန္းရွင္တစ္ဦး၏ သတင္းေပးတိုင္တန္းမႈေၾကာင့္ DVB သတင္းဌာနမွ သတင္းေထာက္ ခြန္ေဇာ္ဦး လိုင္စင္မဲ့ယာဥ္ စီးနင္းအသံုးျပဳမႈ ျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က တရားလိုျပဳလုပ္ အမႈဖြင့္တိုင္တန္းခဲ့ၿပီး လက္ရွိတြင္ ၎မွာ အမႈရင္ဆိုင္ေနရဆဲျဖစ္ ေၾကာင္း သိရသည္။
.
============================================================
ရှမ်းပြည်နယ်အတွင်းရှိ သတင်းသမားများ တွေ့ဆုံပွဲ ပြုလုပ်မည်
.
ကောင်းမွန်
.
ရှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံပွဲကို ဩဂုတ်လ ၁၅ ရက်တွင် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံကျောင်းတိုက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ သတင်းသမားတွေအားလုံး စုစုစည်းစည်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ကြစေဖို့ ရည် ရွယ်ပါတယ်။ ပြည်နယ်အတွင်းမှာ သတင်းသမားတွေ ဖိနှိပ်ခံရတာမျိုးတွေ ရှိနေတယ်။ အဲဒီလိုအခြေအနေမျိုးမှာရှိတဲ့ ကိုယ့်အဖွဲ့အစည်းတွေအနေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွားဖို့ လိုပါတယ်။ အဲဒီ ရည်ရွယ်ချက် နဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ ဒီကနေ ရလာတဲ့ ဆွေးနွေးချက်တွေကို အစိုးရကို အိတ်ဖွင့်ပေးစာ ပို့တာမျိုး၊ ကြေညာချက် ထုတ်တာမျိုးတွေ လုပ်ဖို့ရှိပါမယ်ဟု တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီကို ရှမ်းပြည်နယ်အတွင်းရှိ သတင်းသမားများ ဖြစ်သော ခွန်ရာဇာ၊ ကိုစိုး၊ ကျော်ဇေယျာ၊ နေလင်းထိုက်၊ ခွန်စည်သာဟိန်းတို့ ၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ပွဲဖြစ်မြောက်ရေး အတွက် အကြို တွေ့ဆုံညှိနှိုင်းမှုများကို ဇူလိုင်လ ၃၁ ရက်နှင့် ဩဂုတ်လ ၅ ရက်တို့က တောင်ကြီးမြို့၊ တော်ဝင်ပုလဲ နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး၏ သတင်းပေးတိုင်တန်းမှုကြောင့် DVB သတင်းဌာနမှ သတင်းထောက် ခွန်ဇော်ဦး လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုမှု ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားလိုပြုလုပ် အမှုဖွင့်တိုင်တန်းခဲ့ပြီး လက်ရှိတွင် ၎င်းမှာ အမှုရင်ဆိုင်နေရဆဲဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats