ေျမယာႏွင့္ပတ္သက္သည့္ ပဋိပကၡမ်ားကို ေျဖေလွ်ာ့ျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္စဥ္မ်ားကို လုပ္ေဆာင္ရန္ ရည္ရြယ္ထား ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 12, 2019

ေျမယာႏွင့္ပတ္သက္သည့္ ပဋိပကၡမ်ားကို ေျဖေလွ်ာ့ျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္စဥ္မ်ားကို လုပ္ေဆာင္ရန္ ရည္ရြယ္ထား ဟုဆို


ခြန္သက္ထူး
.
ပေဒသာမိုး လူမႈအဖြဲ႕အစည္းမွ ဦးေဆာင္ျပဳလုပ္ေသာ ေျမယာဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲကို ဩဂုတ္လ ၁၁ ရက္က ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ေတာင္ႀကီးဟိုတယ္ ခန္းမတြင္ ျပဳလုပ္ရာ အဆိုပါအဖြဲ႕မွ ဥပေဒေပါင္းစပ္ ညႇိႏိႈင္းေရးမွဴး ဦးေက်ာ္ေဇယ်ာက ေျမယာႏွင့္ပတ္သက္သည့္ ပဋိပကၡမ်ားကို ေျဖေလွ်ာ့ျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္စဥ္မ်ားကို လုပ္ေဆာင္ရန္ ရည္ရြယ္ထားသည္ဟု ေျပာဆိုခဲ့သည္။
.
.
“အစိုးရအဆက္ဆက္ ေျမယာစီမံခန္႔ခြဲမႈ အလြဲအမွားေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ေျမယာနဲ႔ပတ္သက္တဲ့ ပဋိပကၡ ေတြကို ေျဖေလွ်ာ့ေစျခင္းအားျဖင့္ တစ္ဘက္တစ္လမ္းကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ဖို႔ ရည္ရြယ္ထားပါတယ္။ ေျမယာနဲ႔ ပတ္သက္တဲ့ အျငင္းပြားမႈေလးေတြက ေျမျပင္မွာ တကယ္ရွိေနတယ္။ ရွင္းရမယ့္ ျပႆနာျဖစ္သလို တကယ္လည္း ရွင္းဖို႔ လိုအပ္ေနတယ္။ ေျဖရွင္းတဲ့ေနရာမွာ ပံုသဏၭာန္အမ်ိဳးမ်ိဳးရွိတယ္။ တခ်ိဳ႕ ေတာင္သူေတြဆိုရင္ တရားစြဲဆိုခံရတာေတြ ရွိတယ္။ ကၽြန္ေတာ္တို႔အဖြဲ႕အေနနဲ႔ အဓိက ေျဖရွင္းခ်င္တဲ့ ပံုစံကေတာ့ ျပဳသူ၊ ခံရသူ ဆိုတာ မရွိဘဲနဲ႔ ဒီျပႆနာအေပၚမွာ သက္ဆိုင္တဲ့သူအေနနဲ႔ ဝိုင္းဝန္းေဆြးေႏြး ပူးေပါင္းအေျဖရွာဖို႔ပါပဲ” ဟု ဦးေက်ာ္ေဇယ်က ေျပာဆိုခဲ့သည္။
.
ေတာင္သူမ်ား ႏွစ္ေပါင္းရွည္ၾကာ နစ္နာခဲ့ရေသာ ေျမယာမ်ားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ ေျဖရွင္းေပးႏိုင္ၿပီး အစိုးရဌာန ကိုယ္စားလွယ္မ်ား၊ အမွန္တကယ္ စိစစ္ေပးႏိုင္မည့္သူမ်ိဳးကို ေတာင္သူမ်ားမွ ကိုယ္တိုင္ကိုယ္က် တင္ျပခြင့္ရရွိမွသာ ေျမယာျပႆနာမ်ားအား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုခဲ့သည္။
.
အမ်ိဳးသား ေျမအသံုးခ်မႈ မူဝါဒအား ၂၀၁၆ ခုႏွစ္တြင္ ေရးဆြဲျပဌာန္းခဲ့ၿ႔ပီး ျပင္ဆင္ရန္ က်န္ရွိေနေသာ အခ်က္ မ်ားအား ျပင္ဆင္သြားမည္ျဖစ္ကာ ၂၁ ရာစု ပင္လံုညီလာခံတြင္ အရပ္ဘက္အဖြဲ႕မ်ား၏ အခန္းက႑၊ တိုင္းရင္းသား ေဒသမ်ားတြင္ ေတြ႕ၾကံဳေနရေသာ အခက္အခဲမ်ားႏွင့္ ပတ္သက္၍ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္တြင္ ပါဝင္ ႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
အဆိုပါ ေျမယာဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲအား ဒုတိယအႀိကမ္အျဖစ္ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး အခမ္းအနားတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ေတာင္သူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
မြေယာနှင့်ပတ်သက်သည့် ပဋိပက္ခများကို ဖြေလျှော့ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်စဉ်များကို လုပ်ဆောင်ရန် ရည်ရွယ်ထား ဟုဆို
.
ခွန်သက်ထူး
.
ပဒေသာမိုး လူမှုအဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သော မြေယာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဩဂုတ်လ ၁၁ ရက်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ တောင်ကြီးဟိုတယ် ခန်းမတွင် ပြုလုပ်ရာ အဆိုပါအဖွဲ့မှ ဥပဒေပေါင်းစပ် ညှိနှိုင်းရေးမှူး ဦးကျော်ဇေယျာက မြေယာနှင့်ပတ်သက်သည့် ပဋိပက္ခများကို ဖြေလျှော့ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်စဉ်များကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ပြောဆိုခဲ့သည်။
.
အစိုးရအဆက်ဆက် မြေယာစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြေယာနဲ့ပတ်သက်တဲ့ ပဋိပက္ခ တွေကို ဖြေလျှော့စေခြင်းအားဖြင့် တစ်ဘက်တစ်လမ်းကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ မြေယာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုလေးတွေက မြေပြင်မှာ တကယ်ရှိနေတယ်။ ရှင်းရမယ့် ပြဿနာဖြစ်သလို တကယ်လည်း ရှင်းဖို့ လိုအပ်နေတယ်။ ဖြေရှင်းတဲ့နေရာမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိတယ်။ တချို့ တောင်သူတွေဆိုရင် တရားစွဲဆိုခံရတာတွေ ရှိတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အဓိက ဖြေရှင်းချင်တဲ့ ပုံစံကတော့ ပြုသူ၊ ခံရသူ ဆိုတာ မရှိဘဲနဲ့ ဒီပြဿနာအပေါ်မှာ သက်ဆိုင်တဲ့သူအနေနဲ့ ဝိုင်းဝန်းဆွေးနွေး ပူးပေါင်းအဖြေရှာဖို့ပါပဲဟု ဦးကျော်ဇေယျက ပြောဆိုခဲ့သည်။
.
တောင်သူများ နှစ်ပေါင်းရှည်ကြာ နစ်နာခဲ့ရသော မြေယာများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြေရှင်းပေးနိုင်ပြီး အစိုးရဌာန ကိုယ်စားလှယ်များ၊ အမှန်တကယ် စိစစ်ပေးနိုင်မည့်သူမျိုးကို တောင်သူများမှ ကိုယ်တိုင်ကိုယ်ကျ တင်ပြခွင့်ရရှိမှသာ မြေယာပြဿနာများအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အမျိုးသား မြေအသုံးချမှု မူဝါဒအား ၂၀၁၆ ခုနှစ်တွင် ရေးဆွဲပြဌာန်းခြဲ့့ပီး ပြင်ဆင်ရန် ကျန်ရှိနေသော အချက် များအား ပြင်ဆင်သွားမည်ဖြစ်ကာ ၂၁ ရာစု ပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့များ၏ အခန်းကဏ္ဍ၊ တိုင်းရင်းသား ဒေသများတွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါဝင် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ မြေယာဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ဒုတိယအြိကမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats