ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိ္ဳးေရးလုပ္ငန္းမ်ား ကြင္းဆင္းစစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, August 31, 2019

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိ္ဳးေရးလုပ္ငန္းမ်ား ကြင္းဆင္းစစ္ေဆး


ေမာင္ေမာင္သန္း
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္စည္ပင္ သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္ တို႔သည္ သက္ဆိုင္ရာ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ တာဝန္ရွိသူမ်ားႏွင့္အတူ ဩဂုတ္လ ၃၀ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿမိဳ႕ေရွာင္လမ္း တိုးခ်ဲ႕ေဖာက္လုပ္မည့္ ေနရာမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
.
ထိုသို႔ ကြင္းဆင္းစစ္ေဆးရာတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္ ျပည္ေထာင္စုရန္ပုံေငြျဖင့္ ေဆာင္႐ြက္လ်က္ရွိေသာ ေတာင္ႀကီးၿမိဳ႕နယ္၊ ေနာင္ေလေက်းရြာအုပ္စု၊ ကန္ေလာင္း-စခဲလမ္းအား သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ လမ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ရွင္းလင္းတင္ျပခဲ့ၿပီး မူးယား ေက်းရြာ၌ ကမ႓ာ့ဘဏ္ေခ်းေငြျဖင့္ ေဆာင္ရြက္မည့္ အမ်ိဳးသားလွ်ပ္စစ္ဓါတ္အားရရွိေရးစီမံကိန္း ေနရာအား သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပခဲ့ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ ေနာင္ေလေက်းရြာအုပ္စု၊ ကန္ေလာင္းေက်းရြာတြင္ ကန္ေလာင္း-စလဲလမ္း ေဆာင္ရြက္မည့္ ေနရာႏွင့္ ထီေဟာ္ေက်းရြာအတြင္း ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ VDP စီမံခ်က္ျဖင့္ ေဆာင္ရြက္ထားသည့္ မူႀကိဳေက်ာင္းအား ၾကည့္႐ႈကာ ပံုေလာင္းေက်းရြာ စိမ့္စမ္းေရသြယ္ေပးေဝေရးလုပ္ငန္းအား စစ္ေဆးခဲ့ၿပီး ေကာင္းနိန္းေက်းရြာတြင္ ဌာနႏွင့္ ျပည္သူ ပူးေပါင္းေဆာင္ရြက္သည့္ ကတၱရာလမ္းအား ၾကည့္႐ႈစစ္ေဆးခဲ့ၿပီး သံေတေက်းရြာ၊ ေတာင္နီ-ေတာင္ေလးလံုးလမ္း ေဆာင္ရြက္မည့္ ေနရာအား သြားေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕၊ လွ်ပ္စစ္ဓါတ္အားခြဲ႐ံုအား သြားေရာက္ၾကည့္႐ႈရာ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း၊ ျပည္နယ္ဦးစီးမွဴးမွ ရွင္းလင္းတင္ျပခဲ့ၿပီး ဓါတ္အားခြဲ႐ံု အား လွည့္လည္ၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။
.
============================================================
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိ်ုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
.
မောင်မောင်သန်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် တို့သည် သက်ဆိုင်ရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ရှောင်လမ်း တိုးချဲ့ဖောက်လုပ်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ကန်လောင်း-စခဲလမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး မူးယား ကျေးရွာ၌ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် နောင်လေကျေးရွာအုပ်စု၊ ကန်လောင်းကျေးရွာတွင် ကန်လောင်း-စလဲလမ်း ဆောင်ရွက်မည့် နေရာနှင့် ထီဟော်ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံချက်ဖြင့် ဆောင်ရွက်ထားသည့် မူကြိုကျောင်းအား ကြည့်ရှုကာ ပုံလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ပေးဝေရေးလုပ်ငန်းအား စစ်ဆေးခဲ့ပြီး ကောင်းနိန်းကျေးရွာတွင် ဌာနနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်သည့် ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သံတေကျေးရွာ၊ တောင်နီ-တောင်လေးလုံးလမ်း ဆောင်ရွက်မည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ လျှပ်စစ်ဓါတ်အားခွဲရုံအား သွားရောက်ကြည့်ရှုရာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ပြီး ဓါတ်အားခွဲရုံ အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats