တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်မည့်နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Friday, August 2, 2019



.
.
.
.
ဆက်လက်၍ ပြည်နယ်ဝန်ကြီချးုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်မည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
.
============================================================
တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်မည့်နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
.
မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ်လ၁ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အနောက်မြို့ပတ်လမ်းနှင့် မြို့ရှောင်လမ်း ဖောက်လုပ်မည့် နေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ တက္ကသိုလ်ကျောင်းရှေ့လမ်းနှင့် အနောက်မြို့ပတ်လမ်း အဆင့်တိုးမြှင့် ပြင်ဆင်နေမှုနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း ပြုပြင်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်နယ်ဝန်ကြီချုးပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်မည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats