ေတာင္ႀကီးတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမွဴး၍ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 5, 2019

ေတာင္ႀကီးတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမွဴး၍ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္း


ေမာင္ေမာင္သန္း (ေတာင္ႀကီး)
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမွဴးက်င္းပေသာ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲကို ဩဂုတ္လ ၃ ရက္က ေတာင္ႀကီးၿမိဳ႕၊ အတုလမာရဇိန္ ဆုေတာင္းျပည့္ျမတ္စြာဘုရား ၿမိဳ႕လယ္ဓမၼာ႐ံုတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
အခမ္းအနားတြင္ ဆရာေတာ္၊ သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ ဖြင့္လွစ္ၿပီး၊ ႏိုင္ငံေတာ္ၾသဝါဒါစရိယ အဂၢမဟာပ႑ိတ မဟာကမၼဌာနာစရိယ ဘဒၵႏၲအဂၢဓမၼာ ဘိဝံသအရွင္သူျမတ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾက၍ ဆရာေတာ္၊ သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူေသာ ေမတၱာ သုတ္ပရိတ္တရားေတာ္မ်ား နာယူၾကည္ၫိုၾကသည္။
.
ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား ဝါဆိုသကၤန္း ႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းေပးၾကၿပီး၊ ရွမ္းျပည္နယ္သံဃနာယကအဖြဲ႕ဥကၠ႒ အဂၢမဟာ ပ႑ိတ၊ ေတာင္ႀကီးၿမိဳ႕ မူလမင္းကြန္းေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ဘဒၵႏၲပညာသိရီထံမွ အႏုေမာဒနာ တရား နာယူ၍ ေရစက္သြန္းခ်အမၽွ ေပးေဝကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ေဒသဦးစီး အဖြဲ႕ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက ဆရာေတာ္၊ သံဃာေတာ္ ႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းေပး၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ၿမိဳ႕ေပၚေက်ာင္း ၉၉ ေက်ာင္းႏွင့္ သံဃာ ၉၉ ပါး၊ သကၤန္းဒြိစုံ ၁၁၆၉ စုံ လႉဒါန္းေပးခဲ့ေၾကာင္းသိရွိရသည္။
.
============================================================
တောင်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
.
မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ ၃ ရက်က တောင်ကြီးမြို့၊ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာ သုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ၊ တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တပညာသိရီထံမှ အနုမောဒနာ တရား နာယူ၍ ရေစက်သွန်းချအမျှ ပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့ပေါ်ကျောင်း ၉၉ ကျောင်းနှင့် သံဃာ ၉၉ ပါး၊ သင်္ကန်းဒွိစုံ ၁၁၆၉ စုံ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats