မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသမွ
ထြက္ရွိသည့္ လယ္ယာထြက္ကုန္သီးႏွံမ်ားႏွင့္ သစ္သီးဝလံမ်ားကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း
ေဈးကြက္သို႔ တင္ပို႔ႏိုင္ရန္အတြက္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံ၊
ပန္းမန္အသင္းႏွင့္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
“တစ္ဦးခ်င္းမဟုတ္ဘဲ
အစုအဖြဲ႕ဝင္ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအေန နဲ႔ ေဈးပတ္ တိုက္႐ိုက္စနစ္နဲ႔ အေရာင္းအဝယ္
ျပဳႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူ ေရးရာဦးစီးဌာနမွ လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးမင္းေအာင္က
ကေမၻာဇတိုင္းသို႔ ေျပာသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္း
ဝယ္ေရးဝန္ႀကီးဌာန အေနျဖင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံ ပန္းမန္အသင္းမွ
တာဝန္ရွိသူမ်ားႏွင့္ ဇူလိုင္လ ၂၆ ရက္က ေတြ႕ဆံုခဲ့ၿပီး အစုအဖြဲ႕ဝင္ စိုက္ပ်ိဳးထုတ္လုပ္
သူမ်ားကိုယ္တိုင္ စနစ္ျဖင့္ ေဈးပတ္တိုက္႐ိုက္ သြား ေရာက္ ေရာင္းခ်ျခင္းျဖင့္ တာခ်ီလိတ္၊
မိုင္းလား စသည့္ေဒသ မ်ားတြင္ ေဈးႏႈန္းခ်ိဳသာစြာ ဝယ္ယူစားသံုးႏိုင္ေရး၊ လတ္ဆတ္ၿပီး အရည္အေသြး၊
အနံ႔အရသာ ေကာင္းမြန္သည့္ သီးႏွံမ်ား စားသံုးႏိုင္ေစေရး၊ ျပည္ပသို႔ ႏိုင္ငံျခားေငြ ယိုစီးမႈ
ေလွ်ာ့ခ်ၿပီး ျပည္တြင္းေဈးကြက္မွတစ္ဆင့္ ျပည္ ပေဈးကြက္သို႔ ခ်ဲ႕ထြင္ႏိုင္ေရးတို႔ အ
တြက္ ရည္ရြယ္ ေဆာင္ရြက္လ်က္ရွိ ေၾကာင္း လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ဆက္လက္ ေျပာၾကားခဲ့သည္။
.
“အခုက မိုးတြင္းဆိုေတာ့
ေဈးကြက္ အေျခအေနသိဖို႔နဲ႔ ညႇိႏိႈင္းေလ့လာဖို႕ သြားေရာက္မွာ ျဖစ္ပါတယ္။ ပန္းမန္ ေဈးကြက္ကေတာ့
သူ႕ဟာနဲ႔သူ ရွိေနပါၿပီ။ က်န္ေဈးကြက္ကေတာ့ ေရရွည္လုပ္ႏိုင္ဖို႔ လိုအပ္ပါတယ္။ တျခားသူေတြ
လုပ္ေနတဲ့ေဈးကြက္ထိခိုက္မႈကို ေရွာင္ရွားရမွာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း သစ္သီး ဝလံအသင္းမွ
အတြင္းေရးမွဴးက ၎၏အျမင္ကို
ကေမၻာဇတိုင္းသို႔ ေျပာဆိုခဲ့သည္။
.
အသင္းအေနျဖင့္ စက္တင္ဘာ
လလယ္မွသာ စမ္းသပ္အေရာင္းခရီး စတင္ႏိုင္မည္ျဖစ္ၿပီး ရွမ္းေတာင္ေဒသထြက္ ၾကက္သြန္ျဖဴ၊အာလူး၊
ဟင္း သီးဟင္းရြက္မ်ားကို ေရာင္းဝယ္ ႏိုင္ မည္ဟု ခန္႔မွန္းေၾကာင္းႏွင့္ ေဈးကြက္ အေျခအေန
မသိရေသးသျဖင့္ အခက္အခဲမ်ားႏွင့္ လုပ္ငန္းစဥ္မ်ားကို ေျပာ၍မရေသးေၾကာင္း၊ စံုစမ္းသိရွိ
လာသည့္ ေဈးကြက္အေျခအေနမ်ား အေပၚ မူတည္၍ ဆက္လက္လုပ္ကိုင္ သြားမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ ေျပာၾကားခဲ့သည္။
.
လက္ရွိတြင္ ရွမ္းေတာင္ေဒသမွ
လယ္ယာထြက္ကုန္ႏွင့္ ေထာပတ္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴမ်ားကို တာခ်ီလိတ္ နယ္စပ္ ကုန္သြယ္ေရး
မွ တစ္ဆင့္သာ ေရာင္းဝယ္ႏိုင္ေသးေၾကာင္း သိရသည္။
.
============================================================
ရှမ်းတောင်ဒေသထွက် လယ်ယာသီးနှံများနှင့် သစ်သီးဝလံများကို
ရှမ်းရှေ့ဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်နေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများနှင့်
သစ်သီးဝလံများကို ရှမ်းပြည်နယ် အရှေ့ပိုင်း ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ရှမ်းပြည်နယ်
တောင်ပိုင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“တစ်ဦးချင်းမဟုတ်ဘဲ
အစုအဖွဲ့ဝင် စိုက်ပျိုးထုတ်လုပ်သူများအနေ နဲ့ ဈေးပတ် တိုက်ရိုက်စနစ်နဲ့ အရောင်းအဝယ်
ပြုနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ရှမ်းပြည်နယ်
စားသုံးသူ ရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပန်းမန်အသင်းမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၂၆ ရက်က တွေ့ဆုံခဲ့ပြီး
အစုအဖွဲ့ဝင် စိုက်ပျိုးထုတ်လုပ် သူများကိုယ်တိုင် စနစ်ဖြင့် ဈေးပတ်တိုက်ရိုက် သွား
ရောက် ရောင်းချခြင်းဖြင့် တာချီလိတ်၊ မိုင်းလား စသည့်ဒေသ များတွင် ဈေးနှုန်းချိုသာစွာ
ဝယ်ယူစားသုံးနိုင်ရေး၊ လတ်ဆတ်ပြီး အရည်အသွေး၊ အနံ့အရသာ ကောင်းမွန်သည့် သီးနှံများ စားသုံးနိုင်စေရေး၊
ပြည်ပသို့ နိုင်ငံခြားငွေ ယိုစီးမှု လျှော့ချပြီး ပြည်တွင်းဈေးကွက်မှတစ်ဆင့် ပြည် ပဈေးကွက်သို့
ချဲ့ထွင်နိုင်ရေးတို့ အ တွက် ရည်ရွယ် ဆောင်ရွက်လျက်ရှိ ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး
ဦးမင်းအောင်က ဆက်လက် ပြောကြားခဲ့သည်။
.
“အခုက
မိုးတွင်းဆိုတော့ ဈေးကွက် အခြေအနေသိဖို့နဲ့ ညှိနှိုင်းလေ့လာဖို့ သွားရောက်မှာ ဖြစ်ပါတယ်။
ပန်းမန် ဈေးကွက်ကတော့ သူ့ဟာနဲ့သူ ရှိနေပါပြီ။ ကျန်ဈေးကွက်ကတော့ ရေရှည်လုပ်နိုင်ဖို့
လိုအပ်ပါတယ်။ တခြားသူတွေ လုပ်နေတဲ့ဈေးကွက်ထိခိုက်မှုကို ရှောင်ရှားရမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်း
သစ်သီး ဝလံအသင်းမှ အတွင်းရေးမှူးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
အသင်းအနေဖြင့် စက်တင်ဘာ လလယ်မှသာ စမ်းသပ်အရောင်းခရီး စတင်နိုင်မည်ဖြစ်ပြီး
ရှမ်းတောင်ဒေသထွက် ကြက်သွန်ဖြူ၊အာလူး၊ ဟင်း သီးဟင်းရွက်များကို ရောင်းဝယ် နိုင် မည်ဟု
ခန့်မှန်းကြောင်းနှင့် ဈေးကွက် အခြေအနေ မသိရသေးသဖြင့် အခက်အခဲများနှင့် လုပ်ငန်းစဉ်များကို
ပြော၍မရသေးကြောင်း၊ စုံစမ်းသိရှိ လာသည့် ဈေးကွက်အခြေအနေများ အပေါ် မူတည်၍ ဆက်လက်လုပ်ကိုင်
သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။
.
လက်ရှိတွင် ရှမ်းတောင်ဒေသမှ လယ်ယာထွက်ကုန်နှင့် ထောပတ်၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူများကို တာချီလိတ် နယ်စပ် ကုန်သွယ်ရေး မှ တစ်ဆင့်သာ ရောင်းဝယ်နိုင်သေးကြောင်း
သိရသည်။
.
No comments:
Post a Comment