ေတာင္ႀကီးၿမိဳ႕၊ အေရွ႕ဘက္ ေတာင္ေျခတစ္ေလွ်ာက္တြင္ မူးယစ္ေဆးဝါး သံုးစြဲမႈမ်ား ရွိေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, August 1, 2019

ေတာင္ႀကီးၿမိဳ႕၊ အေရွ႕ဘက္ ေတာင္ေျခတစ္ေလွ်ာက္တြင္ မူးယစ္ေဆးဝါး သံုးစြဲမႈမ်ား ရွိေန


ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊အေရွ႕ဘက္ ေတာင္ေျခတစ္ေလွ်ာက္ႏွင့္ နဂါးကန္ဘုရား အတက္လမ္း ဘုရားေစာင္းတန္း အနီးတြင္ မူးယစ္ ေဆးဝါးသံုးစြဲထားမႈမ်ားကို ေတြ႕ရွိေနရသည္ဟု သိရသည္။
.


.
အဲဒီေနရာက လူသြားလူလာမ်ားတယ္။ လူေပါင္းစံုလာတယ္။ ကြ်န္မတို႔လည္း ညေနဘက္ဆိုရင္ လမ္း ေလွ်ာက္ထြက္တယ္။ သူတို႔ဘာသာ ေဆးသံုးတာကအေၾကာင္း မဟုတ္ဘူး။ ေဆးေၾကာင္ၿပီး လိုက္သတ္ေနမွာ ေၾကာက္ရတယ္ဟု ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ေန ေဒသခံတစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါေနရာတြင္ မူးယစ္ေဆးဝါး သံုးစြဲေနသူမ်ားမွာ လူငယ္လူရြယ္ မ်ားသာမက အသက္ငယ္ရြယ္သည့္ အေျခခံပညာ အလယ္တန္း၊ အထက္တန္းအဆင့္ ေက်ာင္းသားအခ်ိဳ႕ကို လည္း ေတြ႕ျမင္ေနရေၾကာင္း က ဆက္လက္ ေျပာၾကားခဲ့သည္။
.
ယင္းကဲ့သို႔ မူးယစ္ေဆးဝါး သံုးစြဲမႈမ်ားႏွင့္ ပတ္သက္၍ ေတာင္ႀကီး ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေမာင္ေမာင္ ႏိုင္အား ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ အရင္တစ္ပတ္က အဲဒီ ေနရာတစ္ဝိုက္မွာ ၈ မႈ မိထားတယ္။ ဇူလိုင္လ ၂၄ ရက္ညက ၂ မႈ မိ ထားတယ္။ ကြ်န္ေတာ္တို႔က အုပ္ ခ်ဳပ္ေရးမွဴး၊ ရာအိမ္မွဴး၊ ဆယ္အိမ္ မွဴးေတြနဲ႔ ပူးေပါင္းၿပီး ဖမ္းဆီးအေရး ယူေနပါတယ္။ ဆက္ၿပီးေတာ့လည္း ေဖာ္ထုတ္အေရးယူသြားဖို႔ ရွိပါတယ္ဟု ျပန္လည္ ေျဖၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ပလီလင္း၊ ထံုးဖို၊ ဘုရားျဖဴရပ္ကြက္ႏွင့္ အျခားၿမိဳ႕တြင္း ရပ္ကြက္မ်ားတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈမ်ား ရွိေနၿပီး မူးယစ္ေဆးဝါး သံုးစြဲသည့္ ေနရာမ်ားမွာ ေတာင္ေျခရွိ နဂါးကန္ ဘုရားအတက္လမ္း၊ ကရင္မေရထြက္၊ ေမႊးေတာင္ႀကီး အမိႈက္ပံုအနီးရွိ ထင္း႐ွဴးေတာ၊ ျမစိမ္းေတာင္ ဘုရားအနီး ေတာစပ္မ်ားႏွင့္ ရပ္ကြက္တြင္း ေနအိမ္အခ်ိဳ႕တြင္လည္း သံုးစြဲမႈမ်ား ရွိေနၾကာင္း သိရသည္။
.
ထို႔အျပင္ ေတာင္ႀကီးၿမိဳ႕ျပင္ပရွိ ေပါမူႏွင့္ ထီသိမ္ကဲ့သို႔ေသာ မီးရထား ဘူတာ႐ံုပ်က္မ်ားတြင္လည္း မူးယစ္ ေဆးဝါး သံုးစြဲမႈမ်ားရွိေနရာ မူးယစ္ ေဆးဝါး တားဆီးႏွိမ္နင္းေရးႏွင့္ ပတ္ သက္၍ စီမံကိန္းမ်ားခ်ထား ေဆာင္ ရြက္လ်က္ရွိေၾကာင္းႏွင့္ မူးယစ္ေဆး ဝါးအႏၱရာယ္ တားဆီးကာကြယ္ေရး အတြက္ ျပည္သူမ်ားမွ ပူးေပါင္းပါဝင္ ေဆာင္ရြက္ေပး ေစလိုေၾကာင္း ရွမ္း ျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ ေဇာ္ ခင္ေအာင္က ရွမ္းျပည္နယ္အစိုးရ အဖြဲ႕၏ တတိယတစ္ႏွစ္စာ လုပ္ငန္း ေဆာင္ရြက္ခ်က္မ်ား သတင္းစာရွင္း လင္းပြဲတြင္ မီဒီယာမ်ားသို႔ ေျပာဆို ထားသည္။
.
============================================================
တောင်ကြီးမြို့၊ အရှေ့ဘက် တောင်ခြေတစ်လျှောက်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိနေ
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊အရှေ့ဘက် တောင်ခြေတစ်လျှောက်နှင့် နဂါးကန်ဘုရား အတက်လမ်း ဘုရားစောင်းတန်း အနီးတွင် မူးယစ် ဆေးဝါးသုံးစွဲထားမှုများကို တွေ့ရှိနေရသည်ဟု သိရသည်။
.
အဲဒီနေရာက လူသွားလူလာများတယ်။ လူပေါင်းစုံလာတယ်။ ကျွန်မတို့လည်း ညနေဘက်ဆိုရင် လမ်း လျှောက်ထွက်တယ်။ သူတို့ဘာသာ ဆေးသုံးတာကအကြောင်း မဟုတ်ဘူး။ ဆေးကြောင်ပြီး လိုက်သတ်နေမှာ ကြောက်ရတယ်ဟု တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါနေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများမှာ လူငယ်လူရွယ် များသာမက အသက်ငယ်ရွယ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားအချို့ကို လည်း တွေ့မြင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ပတ်သက်၍ တောင်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင် နိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ အရင်တစ်ပတ်က အဲဒီ နေရာတစ်ဝိုက်မှာ ၈ မှု မိထားတယ်။ ဇူလိုင်လ ၂၄ ရက်ညက ၂ မှု မိ ထားတယ်။ ကျွန်တော်တို့က အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးအရေး ယူနေပါတယ်။ ဆက်ပြီးတော့လည်း ဖော်ထုတ်အရေးယူသွားဖို့ ရှိပါတယ်ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့နယ်အတွင်း ပလီလင်း၊ ထုံးဖို၊ ဘုရားဖြူရပ်ကွက်နှင့် အခြားမြို့တွင်း ရပ်ကွက်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ရှိနေပြီး မူးယစ်ဆေးဝါး သုံးစွဲသည့် နေရာများမှာ တောင်ခြေရှိ နဂါးကန် ဘုရားအတက်လမ်း၊ ကရင်မရေထွက်၊ မွှေးတောင်ကြီး အမှိုက်ပုံအနီးရှိ ထင်းရှူးတော၊ မြစိမ်းတောင် ဘုရားအနီး တောစပ်များနှင့် ရပ်ကွက်တွင်း နေအိမ်အချို့တွင်လည်း သုံးစွဲမှုများ ရှိနေကြာင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ပြင်ပရှိ ပေါမူနှင့် ထီသိမ်ကဲ့သို့သော မီးရထား ဘူတာရုံပျက်များတွင်လည်း မူးယစ် ဆေးဝါး သုံးစွဲမှုများရှိနေရာ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ် သက်၍ စီမံကိန်းများချထား ဆောင် ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေး ဝါးအန္တရာယ် တားဆီးကာကွယ်ရေး အတွက် ပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး စေလိုကြောင်း ရှမ်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော် ခင်အောင်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ တတိယတစ်နှစ်စာ လုပ်ငန်း ဆောင်ရွက်ချက်များ သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများသို့ ပြောဆို ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats