ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦးအား ေမာ္ေတာ္ယာဥ္ေပၚ၌ ေသဆံုးလ်က္ ေတြ႕ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, August 18, 2019

ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦးအား ေမာ္ေတာ္ယာဥ္ေပၚ၌ ေသဆံုးလ်က္ ေတြ႕ရွိ


စုလိႈင္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္တြင္ ယေန႔ ဩဂုတ္လ ၁၈ ရက္၊ နံနက္ပိုင္းက ရပ္နားထားသည့္ ေမာ္ေတာ္ာယာဥ္တစ္စီးေပၚ၌ အမ်ိဳးသားတစ္ဦးအား ေသဆံုးလ်က္ ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
.
.
ေသဆံုးသူမွာ စိန္ပန္းရပ္ကြက္၊ ေဒါနလမ္း၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးေဘးတြင္ လြန္ခဲ့သည့္ ရက္သတၱ တစ္ပတ္ခန္႔ ကတည္းက ရပ္နားထားသည့္ Hijet အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ေပၚ၌ ပက္လက္အေနအထားျဖင့္ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာမေတြ႕ရွိရဘဲ ေသဆံုးေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ အမ်ိဳးသား ေသဆံုးမႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕ရဲစခန္းမွဴး ဒုရဲမွဴး တင္ဝင္းေအာင္အား ကေမ႓ာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ “ေသဆံုးသူအမ်ိဳးသားရဲ႕ ေနရပ္လိပ္စာကို မသိေသးပါဘူး။ စံုစမ္းေနဆဲပါပဲ။ လမ္းေပၚမွာ စားေသာက္ေနတဲ့သူတစ္ေယာက္လို႔ပဲ သိရပါေသးတယ္” ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
အဆိုပါ အမ်ိဳးသား ေသဆံုးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္းေသဆံုးျခင္းဟုတ္/မဟုတ္ သိရွိႏိုင္ရန္ ေတာင္ႀကီး ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁၈/၂၀၁၉) ျဖင့္ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္လ်က္ရွိၿပီး ေသဆံုးသူ၏ ႐ုပ္အေလာင္းအား ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် အမျိုးသားတစ်ဦးအား မော်တော်ယာဉ်ပေါ်၌ သေဆုံးလျက် တွေ့ရှိ
.
စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းက ရပ်နားထားသည့် မော်တော်ာယာဉ်တစ်စီးပေါ်၌ အမျိုးသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သေဆုံးသူမှာ စိန်ပန်းရပ်ကွက်၊ ဒေါနလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးတွင် လွန်ခဲ့သည့် ရက်သတ္တ တစ်ပတ်ခန့် ကတည်းက ရပ်နားထားသည့် Hijet အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ပေါ်၌ ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ရဲစခန်းမှူး ဒုရဲမှူး တင်ဝင်းအောင်အား ကမေ႓ာဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “သေဆုံးသူအမျိုးသားရဲ့ နေရပ်လိပ်စာကို မသိသေးပါဘူး။ စုံစမ်းနေဆဲပါပဲ။ လမ်းပေါ်မှာ စားသောက်နေတဲ့သူတစ်ယောက်လို့ပဲ သိရပါသေးတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
အဆိုပါ အမျိုးသား သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီး မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၉) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ၏ ရုပ်အလောင်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats