ထိုင္းႏိုင္ငံသို႔ ကြ်န္းသစ္ခြဲသား တန္တစ္ေထာင္ေက်ာ္ကို ပထမဆံုးအႀကိမ္အျဖစ္ တာခ်ီလိတ္မွတစ္ဆင့္ တင္ပို႔မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, August 7, 2019

ထိုင္းႏိုင္ငံသို႔ ကြ်န္းသစ္ခြဲသား တန္တစ္ေထာင္ေက်ာ္ကို ပထမဆံုးအႀကိမ္အျဖစ္ တာခ်ီလိတ္မွတစ္ဆင့္ တင္ပို႔မည္


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ နယ္စပ္ဝင္ထြက္ေပါက္ဂိတ္ မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႕ ကြ်န္းသစ္ခြဲ သား ၁၁၁၂ တန္အား တရားဝင္ တင္ ပို႔ခြင့္ ရရွိေရးအတြက္ ေဆာင္ရြက္ လ်က္ရွိၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ၏ လမ္းၫႊန္မႈျဖင့္ နယ္စပ္ျဖတ္ေက်ာ္ တင္ပို႔ႏိုင္ေရး စစ္ေဆးေရး အဖြဲ႕အား ဖြဲ႕စည္းထားၿပီး ျဖစ္ေၾကာင္း သိရ သည္။
.
.
ျပည္ေထာင္စု အစိုးရအဖြဲ႕၏ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ၂၈ ရက္ စြဲပါ ၫႊန္ၾကားခ်က္အရ ျမန္မာ့သစ္လုပ္ငန္း ဌာနမွ TLO ၁၃/၂၉၁၄/ ၂၀၁၅ ျဖင့္ တင္ျမင့္ရီကုမၸဏီမွ စာ ခ်ဳပ္ ခ်ဳပ္ဆို၍ ဝယ္ယူခြင့္ ရရွိထား ေသာကြ်န္းသစ္လံုး ၂၈၁၈ တန္အား တာခ်ီလိတ္ၿမိဳ႕တြင္ ခြဲသားအျဖစ္ ေဆာင္ရြက္ခဲ့ၿပီး ယင္းခြဲသားမ်ားကို ထိုင္းႏိုင္ငံသို႔ နယ္စပ္ျဖတ္ေက်ာ္ တင္ ပို႔ႏိုင္ေရးအတြက္ ရွမ္းျပည္နယ္အ စိုးရ အဖြဲ႕မွ စစ္ေဆးေရးအဖြဲ႕ ဖြဲ႕ စည္းရန္ ၫႊန္ၾကားခဲ့ျခင္း ျဖစ္သည္ ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း တြဲဘက္ ျပည္နယ္ သစ္ေတာဦးစီးဌာ န႐ံုးမွ သိရသည္။
.
လတ္တေလာမွာ ကြ်န္ေတာ္ က အဖြဲ႕ေခါင္းေဆာင္အျဖစ္ ပါဝင္ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ ကုန္သြယ္ေရး၊ ေထြအုပ္၊ အေကာက္ခြန္နဲ႔ လဝကတို႔ လည္း ပါပါတယ္။ လမ္းၫႊန္ခ်က္ကို ေစာင့္ေနတာျဖစ္လို႔ ဘယ္ရက္မွာ ပို႔ျဖစ္မယ္ဆိုတာ မသိရေသးပါဘူးဟု က်ိဳင္းတံုၿမိဳ႕ရွိ တြဲဘက္ျပည္နယ္ သစ္ေတာဦးစီးဌာနမွ ဒုတိယၫႊန္ၾကား ေရးမွဴး ဦးစိုးတင့္က ကေမၻာဇတိုင္း သို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ကြ်န္းသစ္ခြဲသားမ်ား တင္ပို႔မည့္ကိစၥႏွင့္ ပတ္သက္၍ ရွမ္း ျပည္နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္က တရားဝင္ ေဆာင္ရြက္ မယ့္ အေျခအေနကို အမ်ားျပည္သူ သိရွိေအာင္ အသိေပးထားဖို႔ လိုအပ္ ပါတယ္။ တကယ္လို႔ ပို႔ျဖစ္ခဲ့ရင္ အ ထင္မွားတာမ်ိဳး မျဖစ္ေအာင္ ဖြဲ႕စည္း ထားတဲ့ နယ္စပ္ျဖတ္ေက်ာ္ တင္ပို႔ႏိုင္ ေရး စစ္ေဆးေရးအဖြဲ႕က စီစဥ္ထားဖို႔ လည္း လိုမွာျဖစ္ပါတယ္ဟု ဇူလိုင္ လ ၃၁ ရက္က ျပဳလုပ္ခဲ့သည့္ အပတ္ စဥ္ ပံုမွန္လုပ္ငန္း ညႇိႏိႈင္းအစည္းအေဝးတြင္ ေျပာဆိုခဲ့သည္။
.
သယံဇာတႏွင့္ သဘာဝပတ္ ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းက ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္စြဲ ျဖင့္ ျမန္မာႏိုင္ငံ တစ္ဝန္းတြင္ သစ္ ေတာ ဥပေဒအရ ထိေရာက္စြာ ထိန္း သိမ္း ကာကြယ္ႏိုင္ရန္အတြက္ တား ျမစ္သစ္ပင္ ၅၂ မ်ိဳး၏ စာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာ ယင္းစာရင္း တြင္ ကြ်န္းပင္လည္း အပါအဝင္ျဖစ္ ေၾကာင္း သိရသည္။
.
============================================================
ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲသား တန်တစ်ထောင်ကျော်ကို ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်မှတစ်ဆင့် တင်ပို့မည်
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် နယ်စပ်ဝင်ထွက်ပေါက်ဂိတ် မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းသစ်ခွဲ သား ၁၁၁၂ တန်အား တရားဝင် တင် ပို့ခွင့် ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် နယ်စပ်ဖြတ်ကျော် တင်ပို့နိုင်ရေး စစ်ဆေးရေး အဖွဲ့အား ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရ သည်။
.
ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၂၈ ရက် စွဲပါ ညွှန်ကြားချက်အရ မြန်မာ့သစ်လုပ်ငန်း ဌာနမှ TLO ၁၃/၂၉၁၄/ ၂၀၁၅ ဖြင့် တင်မြင့်ရီကုမ္ပဏီမှ စာ ချုပ် ချုပ်ဆို၍ ဝယ်ယူခွင့် ရရှိထား သောကျွန်းသစ်လုံး ၂၈၁၈ တန်အား တာချီလိတ်မြို့တွင် ခွဲသားအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းခွဲသားများကို ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တင် ပို့နိုင်ရေးအတွက် ရှမ်းပြည်နယ်အ စိုးရ အဖွဲ့မှ စစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း တွဲဘက် ပြည်နယ် သစ်တောဦးစီးဌာ နရုံးမှ သိရသည်။
.
လတ်တလောမှာ ကျွန်တော် က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကုန်သွယ်ရေး၊ ထွေအုပ်၊ အကောက်ခွန်နဲ့ လဝကတို့ လည်း ပါပါတယ်။ လမ်းညွှန်ချက်ကို စောင့်နေတာဖြစ်လို့ ဘယ်ရက်မှာ ပို့ဖြစ်မယ်ဆိုတာ မသိရသေးပါဘူးဟု ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ် သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစိုးတင့်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်းကဲ့သို့ ကျွန်းသစ်ခွဲသားများ တင်ပို့မည့်ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တရားဝင် ဆောင်ရွက် မယ့် အခြေအနေကို အများပြည်သူ သိရှိအောင် အသိပေးထားဖို့ လိုအပ် ပါတယ်။ တကယ်လို့ ပို့ဖြစ်ခဲ့ရင် အ ထင်မှားတာမျိုး မဖြစ်အောင် ဖွဲ့စည်း ထားတဲ့ နယ်စပ်ဖြတ်ကျော် တင်ပို့နိုင် ရေး စစ်ဆေးရေးအဖွဲ့က စီစဉ်ထားဖို့ လည်း လိုမှာဖြစ်ပါတယ် ဟု ဇူလိုင် လ ၃၁ ရက်က ပြုလုပ်ခဲ့သည့် အပတ် စဉ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
.
သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်စွဲ ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် သစ် တော ဥပဒေအရ ထိရောက်စွာ ထိန်း သိမ်း ကာကွယ်နိုင်ရန်အတွက် တား မြစ်သစ်ပင် ၅၂ မျိုး၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ယင်းစာရင်း တွင် ကျွန်းပင်လည်း အပါအဝင်ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats