ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္း ၉၀ဝ ေက်ာ္ အဆင့္တိုး ရရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 16, 2019

ရွမ္းျပည္နယ္အတြင္း အေျခခံပညာေက်ာင္း ၉၀ဝ ေက်ာ္ အဆင့္တိုး ရရွိ


ေကာင္းမြန္
.
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တြင္ ရွမ္းျပည္နယ္အတြင္းရွိ အေျခ ခံပညာေက်ာင္း စုစုေပါင္း ၉၂၄ ေက်ာင္း အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရရွိခဲ့ေၾကာင္း သိရသည္။
.
 .
ေက်ာင္းတစ္ေက်ာင္း အဆင့္ တိုးျမႇင့္ဖို႔ဆိုရင္ သတ္မွတ္ထားတဲ့ အခ်က္အလက္ေတြ ရွိပါတယ္။ ဥပမာ မူလတန္း ေက်ာင္းခြဲဆိုရင္ ေက်ာင္း သား/သူ စုစုေပါင္း ၅၀ ရွိရမယ္ေပါ့။ ကိုယ့္အားကိုယ္ကိုး ေက်ာင္းေလး ေတြလည္း ရွိတယ္။ အဲဒီလိုေက်ာင္း ေတြကိုလည္း စာရင္းျပထားပါတယ္။ ေက်ာင္းအဆင့္ တိုးျမႇင့္ဖို႔ သက္ဆိုင္ ရာ ရပ္ရြာေဒသက ဖြံ႕ၿဖိဳးေရးအတြက္ လာေရာက္တင္ျပ ေလွ်ာက္ထားတဲ့အ ခါမွာ ကြ်န္ေတာ္တို႔က စစ္ေဆးၿပီး အဆင့္ တိုးသင့္/မတိုးသင့္ ဆံုးျဖတ္ ပါတယ္ဟု ရွမ္းျပည္နယ္ပညာေရး ၫႊန္ၾကားေရးမွဴး ဦးဝင္းေမာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထိုကဲ့သို႔ အဆင့္တိုးျမႇင့္ ဖြင့္ လွစ္ခြင့္ ရရွိခဲ့သည့္ ေက်ာင္းမ်ားမွာ ကိုယ့္အားကိုယ္ကိုး ေက်ာင္းမွ အမက(ခြဲ)အျဖစ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္ ခြင့္ရသည့္ေက်ာင္း ၁၅၁ ေက်ာင္း၊ အ မက(ခြဲ) ေက်ာင္းမွ အမကေက်ာင္း အျဖစ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ရ သည့္ေက်ာင္း ၂၇၇ ေက်ာင္း၊ အမက ေက်ာင္းမွ မူလြန္အျဖစ္ အဆင့္တိုး ျမႇင့္ ဖြင့္လွစ္ခြင့္ရသည့္ေက်ာင္း ၁၉၉ ေက်ာင္း၊မူလြန္မွအလက(ခြဲ) ေက်ာင္း အျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရသည့္ ေက်ာင္း ၁၁၇ ေက်ာင္း၊ အလက (ခြဲ) ေက်ာင္းမွ အလက ေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ဖြင့္ လွစ္ခြင့္ရသည့္ေက်ာင္း ၉၄ ေက်ာင္း၊ အလကေက်ာင္းမွ အထက (ခြဲ) အ ျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရ သည့္ေက်ာင္း ၇၂ ေက်ာင္းႏွင့္ အထက (ခြဲ) မွ အထကအျဖစ္ အဆင့္တိုးျမႇင့္ဖြင့္လွစ္ခြင့္ရသည့္ေက်ာင္း ၁၄ ေက်ာင္း၊ စုစုေပါင္း ၉၂၄ ေက်ာင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ေက်ာင္းမ်ား အဆင့္ တိုးျမႇင့္ ဖြင့္လွစ္ခြင့္ ရရွိထားေသာ္ လည္း အဆင့္ တိုးျမႇင့္ထားသည့္ ေက်ာင္းမ်ားတြင္ ဆရာ/ဆရာမ အင္ အားႏွင့္ သင္ေထာက္ကူပစၥည္းမ်ား ခြဲေဝခ်ထားေပးမႈ မရွိသျဖင့္ လိုအပ္ ခ်က္မ်ား ရွိေနဆဲျဖစ္ေၾကာင္း သိရ သည္။
.
ရွမ္းျပည္နယ္အတြင္း ေဒသအ လိုက္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ခြင့္ရရွိ  သည့္ ေက်ာင္းမ်ားမွာ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ ၄၃၉ ေက်ာင္း၊ ရွမ္း ျပည္နယ္ေျမာက္ပိုင္းတြင္ ၃၄၀ ေက်ာင္းႏွင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တြင္ ၁၄၅ ေက်ာင္းတို႔ ျဖစ္ေၾကာင္း သိရသည္။
.
============================================================
ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်း ၉ဝဝ ကျော် အဆင့်တိုး ရရှိ
.
ကောင်းမွန်
.
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေ ခံပညာကျောင်း စုစုပေါင်း ၉၂၄ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
.
ကျောင်းတစ်ကျောင်း အဆင့် တိုးမြှင့်ဖို့ဆိုရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ ဥပမာ မူလတန်း ကျောင်းခွဲဆိုရင် ကျောင်း သား/သူ စုစုပေါင်း ၅၀ ရှိရမယ်ပေါ့။ ကိုယ့်အားကိုယ်ကိုး ကျောင်းလေး တွေလည်း ရှိတယ်။ အဲဒီလိုကျောင်း တွေကိုလည်း စာရင်းပြထားပါတယ်။ ကျောင်းအဆင့် တိုးမြှင့်ဖို့ သက်ဆိုင် ရာ ရပ်ရွာဒေသက ဖွံ့ဖြိုးရေးအတွက် လာရောက်တင်ပြ လျှောက်ထားတဲ့အ ခါမှာ ကျွန်တော်တို့က စစ်ဆေးပြီး အဆင့် တိုးသင့်/မတိုးသင့် ဆုံးဖြတ် ပါတယ်ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုကဲ့သို့ အဆင့်တိုးမြှင့် ဖွင့် လှစ်ခွင့် ရရှိခဲ့သည့် ကျောင်းများမှာ ကိုယ့်အားကိုယ်ကိုး ကျောင်းမှ အမက(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် ခွင့်ရသည့်ကျောင်း ၁၅၁ ကျောင်း၊ အ မက(ခွဲ) ကျောင်းမှ အမကကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရ သည့်ကျောင်း ၂၇၇ ကျောင်း၊ အမက ကျောင်းမှ မူလွန်အဖြစ် အဆင့်တိုး မြှင့် ဖွင့်လှစ်ခွင့်ရသည့်ကျောင်း ၁၉၉ ကျောင်း၊မူလွန်မှအလက(ခွဲ) ကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရသည့် ကျောင်း ၁၁၇ ကျောင်း၊ အလက (ခွဲ) ကျောင်းမှ အလက ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့် လှစ်ခွင့်ရသည့်ကျောင်း ၉၄ ကျောင်း၊ အလကကျောင်းမှ အထက (ခွဲ) အ ဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရ သည့်ကျောင်း ၇၂ ကျောင်းနှင့် အထက (ခွဲ) မှ အထကအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရသည့်ကျောင်း ၁၄ ကျောင်း၊ စုစုပေါင်း ၉၂၄ ကျောင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောင်းများ အဆင့် တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိထားသော် လည်း အဆင့် တိုးမြှင့်ထားသည့် ကျောင်းများတွင် ဆရာ/ဆရာမ အင် အားနှင့် သင်ထောက်ကူပစ္စည်းများ ခွဲဝေချထားပေးမှု မရှိသဖြင့် လိုအပ် ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်အတွင်း ဒေသအ လိုက် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိ  သည့် ကျောင်းများမှာ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၄၃၉ ကျောင်း၊ ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ၃၄၀ ကျောင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တွင် ၁၄၅ ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats