႐ႈံးပဲြ မရွိေသးသည့္ ရွမ္းအသင္း ရတနာပံုႏွင့္ ယွဥ္ၿပိဳင္ရမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 3, 2019

႐ႈံးပဲြ မရွိေသးသည့္ ရွမ္းအသင္း ရတနာပံုႏွင့္ ယွဥ္ၿပိဳင္ရမည္


႐ႈံးပဲြ မရွိေသးသည့္ ရွမ္းယူႏိုက္တက္အသင္းသည္ ျမန္မာေနရွင္နယ္လိဂ္ ပဲြစဥ္ ၁၉ အျဖစ္ အိမ္ကြင္းျဖစ္ေသာ ေတာင္ႀကီးၿမဳိ႕ရွိ ျပည္နယ္အားကစားကြင္း၌ မနက္ျဖန္ (ၾသဂုတ္လ ၄ ရက္)၊ ညေန ၃ နာရီခဲြတြင္ ရတနာပံုအသင္းအား ဧည့္ခံကစားရမည္ ျဖစ္သည္။
.
ရွမ္းျပည္နယ္ ကိုယ္စားျပဳအသင္းသည္ ၁၈ ပဲြ ကစားၿပီး၊ ၈ ပဲြႏိုင္၊ ၁၀ ပဲြ သေရ၊ ႐ႈံးပဲြ မရွိ၊ ရမွတ္ ၃၄ မွတ္ ရရွိထားေသာ္လည္း ရန္ကုန္ယူႏိုက္တက္ႏွင့္ ၃ မွတ္အကြာျဖင့္ အမွတ္ေပးဇယား၏ ဒုတိယေနရာတြင္သာ ရပ္တည္ေနျခင္းလည္း ျဖစ္သည္။
.
အမွတ္ေပးဇယား၏ ဒုတိယေနရာတြင္ ရပ္တည္ေနေသာ္လည္း ခ်န္ပီယံလမ္းေၾကာင္းေပၚတြင္သာ ရွိေနေသးေသာ ရွမ္းအသင္းအေနျဖင့္ လက္က်န္ ၄ ပဲြလံုး၌ အႏိုင္ရရွိေရး အတြက္ အားထုတ္လာမည္ ျဖစ္သည့္အတြက္ ရတနာပံုႏွင့္ ပဲြစဥ္မွာလည္း ပရိသတ္အႀကဳိက္ ပဲြေကာင္း တစ္ပဲြ ျဖစ္လာမည္ ျဖစ္ၿပီး ပထမအေက်ာ့ ရလဒ္အျဖစ္ ၂ ဂုိးစီျဖင့္ သေရသာ ရရွိထားေသာ အသင္းႀကီး ၂ သင္း ေတြ႕ဆံုမႈ ျဖစ္ျခင္းေၾကာင့္ စိတ္၀င္စားဖြယ္ ေကာင္းေနေပသည္။
.
အမွတ္ေပးဇယား ထိပ္ဆံုးမွ ရန္ကုန္အသင္းအေနျဖင့္မူ အမွတ္ေပးဇယား ေအာက္ဆံုးမွ ခ်င္းလန္းအသင္းႏွင့္ သု၀ဏၰကြင္း၌ ကစားရမည္ ျဖစ္ေသာေၾကာင့္ ရမွတ္ ၃ မွတ္ ရရွိႏိုင္မည့္ အခြင့္အေရး ရွိေနျခင္းကလည္း ရွမ္းအသင္းအတြက္ ဖိအား တစ္ခု ျဖစ္ေနသည္။
.
ရွမ္းအသင္းႏွင့္ ရမွတ္ တူညီေနသည့္ အမွတ္ေပးဇယား၏ တတိယေနရာတြင္ ရပ္တည္ေနေသာ ဧရာ၀တီယူႏိုက္တက္မွာလည္း ယေန႔ (ၾသဂုတ္လ ၃ ရက္)၊ ညေနတြင္ မေကြးအသင္းႏွင့္ ယွဥ္ၿပဳိင္ကစားရမည္ ျဖစ္သည္။
.
ရွမ္းျပည္နယ္ ကိုယ္စားျပဳအသင္းသည္ ရတနာပံုႏွင့္ ပဲြစဥ္အၿပီးေနာက္ ၾသဂုတ္လ ၁၁ ရက္တြင္ ဇဲြကပင္အသင္းႏွင့္ လည္းေကာင္း၊ ၾသဂုတ္လ ၁၈ ရက္တြင္ မေကြးအသင္းႏွင့္ လည္းေကာင္း၊ စက္တင္ဘာလ ၁၅ ရက္တြင္ ရခိုင္အသင္းႏွင့္လည္းေကာင္း အိမ္ကြင္းျဖစ္ေသာ ေတာင္ႀကီးကြင္း၌ပင္ ယွဥ္ၿပဳိင္ကစားရမည္ ျဖစ္သည္။


==================

ရှုံးပွဲ မရှိသေးသည့် ရှမ်းအသင်း ရတနာပုံနှင့် ယှဉ်ပြိုင်ရမည်
.
ရှုံးပွဲ မရှိသေးသည့် ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ အဖြစ် အိမ်ကွင်းဖြစ်သော တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ မနက်ဖြန် (သြဂုတ်လ ၄ ရက်)၊ ညနေ ၃ နာရီခွဲတွင် ရတနာပုံအသင်းအား ဧည့်ခံကစားရမည် ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည် ၁၈ ပွဲ ကစားပြီး၊ ၈ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ရှုံးပွဲ မရှိ၊ ရမှတ် ၃၄ မှတ် ရရှိထားသော်လည်း ရန်ကုန်ယူနိုက်တက်နှင့် ၃ မှတ်အကွာဖြင့် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင်သာ ရပ်တည်နေခြင်းလည်း ဖြစ်သည်။
.
အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ချန်ပီယံလမ်းကြောင်းပေါ်တွင်သာ ရှိနေသေးသော ရှမ်းအသင်းအနေဖြင့် လက်ကျန် ၄ ပွဲလုံး၌ အနိုင်ရရှိရေး အတွက် အားထုတ်လာမည် ဖြစ်သည့်အတွက် ရတနာပုံနှင့် ပွဲစဉ်မှာလည်း ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး ပထမအကျော့ ရလဒ်အဖြစ် ၂ ဂိုးစီဖြင့် သရေသာ ရရှိထားသော အသင်းကြီး ၂ သင်း တွေ့ဆုံမှု ဖြစ်ခြင်းကြောင့် စိတ်ဝင်စားဖွယ် ကောင်းနေပေသည်။
.
အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်းအနေဖြင့်မူ အမှတ်ပေးဇယား အောက်ဆုံးမှ ချင်းလန်းအသင်းနှင့် သုဝဏ္ဏကွင်း၌ ကစားရမည် ဖြစ်သောကြောင့် ရမှတ် ၃ မှတ် ရရှိနိုင်မည့် အခွင့်အရေး ရှိနေခြင်းကလည်း ရှမ်းအသင်းအတွက် ဖိအား တစ်ခု ဖြစ်နေသည်။
.
ရှမ်းအသင်းနှင့် ရမှတ် တူညီနေသည့် အမှတ်ပေးဇယား၏ တတိယနေရာတွင် ရပ်တည်နေသော ဧရာဝတီယူနိုက်တက်မှာလည်း ယနေ့ (သြဂုတ်လ ၃ ရက်)၊ ညနေတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည် ရတနာပုံနှင့် ပွဲစဉ်အပြီးနောက် သြဂုတ်လ ၁၁ ရက်တွင် ဇွဲကပင်အသင်းနှင့် လည်းကောင်း၊ သြဂုတ်လ ၁၈ ရက်တွင် မကွေးအသင်းနှင့် လည်းကောင်း၊ စက်တင်ဘာလ ၁၅ ရက်တွင် ရခိုင်အသင်းနှင့်လည်းကောင်း အိမ်ကွင်းဖြစ်သော တောင်ကြီးကွင်း၌ပင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats