.
ရွမ္းအသင္း၏ သြင္းဂိုးမ်ားကို
ပဲြခ်ိန္ မိနစ္ ၅၀ တြင္ William
က လည္းေကာင္း၊ ပဲြခ်ိန္ ၇၆ မိနစ္တြင္ Emmanuel ကလည္းေကာင္း၊ ပဲြခ်ိန္မိနစ္ ၈၀ တြင္ နႏၵေက်ာ္က လည္းေကာင္း အသီးသီး
သြင္းယူခဲ့ျခင္း ျဖစ္ၿပီး၊ ရတာနာပံု အသင္းအတြက္ ပဲြခ်ိန္ ၂၃ မိနစ္တြင္ ျမတ္ေကာင္းခန္႔ႏွင့္
ပဲြခ်ိန္ ၇၁ မိနစ္တြင္ ၀င္းႏိုင္စိုး (ပင္နယ္တီ)တို႔က သြင္းယူခဲ့ၾကျခင္း ျဖစ္သည္။
.
“ အခုလို ခ်န္ပီယံ
ေျပးလမ္းမွာေပါ့၊ အေရးႀကီးတဲ့ အခ်ိန္မွာ အႏိုင္ရတဲ့အတြက္ အတိုင္းမသိ ၀မ္းသာပါတယ္။ အဓိက
ကေတာ့ ပရိသတ္ေတြပဲေပါ့၊ ပရိသတ္ေတြရဲ႕ အားနဲ႔ ကၽြန္ေတာ္တို႔ အ႐ႈံးကေန အႏိုင္ရလဒ္ကို
ရရွိခဲ့တဲ့အတြက္ ပရိသတ္ေတြကို အရမ္းပဲ ေက်းဇူး တင္ပါတယ္။ ေနာက္ပဲြေတြမွာလည္း လာၿပီးေတာ့
အားေပးမယ္လို႔ ယံုၾကည္ပါတယ္။ ခ်န္ပီယံ ျဖစ္ဖို႔အတြက္ တစ္ပဲြခ်င္းမွာ ႏိုင္မွကို ျဖစ္မွာမို႔
ေနာက္ပဲြေတြမွာလည္း အႏိုင္ရမယ္လို႔ ယံုၾကည္ပါတယ္။” ဟု ရွမ္းယူႏိုက္တက္မွ နႏၵေက်ာ္က ပဲြအၿပီးတြင္ ေျပာၾကားခဲ့သည္။
.
ရွမ္းျပည္နယ္
ကိုယ္စားျပဳအသင္းသည္ ၁၉ ပဲြ ကစားအၿပီးတြင္ ၉ ပဲြႏိုင္၊ ၁၀ ပဲြသေရ၊ ရမွတ္ ၃၇ မွတ္ျဖင့္
အမွတ္ေပးဇယား၏ ပထမေနရာမွ ရန္ကုန္ယူႏိုက္တက္ႏွင့္ ၁ မွတ္အကြာျဖင့္ ဒုတိယ ေနရာတြင္ ရပ္တည္ေနလ်က္ရွိကာ
ၾသဂုတ္လ ၁၁ ရက္တြင္ ဇဲြကပင္အသင္းႏွင့္ လည္းေကာင္း၊ ၾသဂုတ္လ ၁၈ ရက္တြင္ မေကြးအသင္းႏွင့္
လည္းေကာင္း၊ စက္တင္ဘာလ ၁၅ ရက္တြင္ ရခိုင္အသင္းႏွင့္လည္းေကာင္း အိမ္ကြင္းျဖစ္ေသာ ေတာင္ႀကီးကြင္း၌ပင္
ယွဥ္ၿပဳိင္ကစားရမည္ ျဖစ္သည္။
==============
ရှမ်းယူနိုက်တက် ရတနာပုံကို အနိုင်ရပြီး ချန်ပီယံလမ်းကြောင်းပေါ်တွင် ဆက်လက် တည်ရှိနေ
.
၂၀၁၉ ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်
ရှုံးပွဲ မရှိသေးသည့် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း ဖြစ်သော တောင်ကြီးမြို့ရှိ၊
ပြည်နယ်အားကစားကွင်း၌ ပွဲစဉ် ၁၉ အဖြစ် ရတနာပုံ အသင်းအား သြဂုတ်လ ၄ ရက်၊ ညနေပိုင်းက
ဧည့်ခံကစားခဲ့ရာ ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံ လမ်းကြောင်းပေါ်တွင်
ဆက်လက် တည်ရှိနေသည်။
.
ရှမ်းအသင်း၏ သွင်းဂိုးများကို
ပွဲချိန် မိနစ် ၅၀ တွင် William
က လည်းကောင်း၊ ပွဲချိန် ၇၆ မိနစ်တွင် Emmanuel ကလည်းကောင်း၊ ပွဲချိန်မိနစ် ၈၀ တွင် နန္ဒကျော်က လည်းကောင်း အသီးသီး သွင်းယူခဲ့ခြင်း
ဖြစ်ပြီး၊ ရတာနာပုံ အသင်းအတွက် ပွဲချိန် ၂၃ မိနစ်တွင် မြတ်ကောင်းခန့်နှင့် ပွဲချိန်
၇၁ မိနစ်တွင် ဝင်းနိုင်စိုး (ပင်နယ်တီ)တို့က သွင်းယူခဲ့ကြခြင်း ဖြစ်သည်။
.
“ အခုလို ချန်ပီယံ ပြေးလမ်းမှာပေါ့၊
အရေးကြီးတဲ့ အချိန်မှာ အနိုင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ အဓိက ကတော့ ပရိသတ်တွေပဲပေါ့၊
ပရိသတ်တွေရဲ့ အားနဲ့ ကျွန်တော်တို့ အရှုံးကနေ အနိုင်ရလဒ်ကို ရရှိခဲ့တဲ့အတွက် ပရိသတ်တွေကို
အရမ်းပဲ ကျေးဇူး တင်ပါတယ်။ နောက်ပွဲတွေမှာလည်း လာပြီးတော့ အားပေးမယ်လို့ ယုံကြည်ပါတယ်။
ချန်ပီယံ ဖြစ်ဖို့အတွက် တစ်ပွဲချင်းမှာ နိုင်မှကို ဖြစ်မှာမို့ နောက်ပွဲတွေမှာလည်း
အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။” ဟု ရှမ်းယူနိုက်တက်မှ နန္ဒကျော်က ပွဲအပြီးတွင်
ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည်
၁၉ ပွဲ ကစားအပြီးတွင် ၉ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေးဇယား၏ ပထမနေရာမှ
ရန်ကုန်ယူနိုက်တက်နှင့် ၁ မှတ်အကွာဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေလျက်ရှိကာ သြဂုတ်လ
၁၁ ရက်တွင် ဇွဲကပင်အသင်းနှင့် လည်းကောင်း၊ သြဂုတ်လ ၁၈ ရက်တွင် မကွေးအသင်းနှင့် လည်းကောင်း၊
စက်တင်ဘာလ ၁၅ ရက်တွင် ရခိုင်အသင်းနှင့်လည်းကောင်း အိမ်ကွင်းဖြစ်သော တောင်ကြီးကွင်း၌ပင်
ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
No comments:
Post a Comment