ခ်န္ပီယံျဖစ္ရန္ အခြင့္ေရး ရေနသည့္ ရွမ္းယူႏိုက္တက္ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, August 10, 2019

ခ်န္ပီယံျဖစ္ရန္ အခြင့္ေရး ရေနသည့္ ရွမ္းယူႏိုက္တက္

ျမန္မာေနရွင္နယ္လိဂ္၊ ပဲြစဥ္ ၂၀ အျဖစ္ ယေန႔ (ၾသဂုတ္လ ၁၀ ရက္)ညေနပိုင္းတြင္ အမွတ္ေပးဇယား၏ ထိပ္ဆံုးမွ ရန္ကုန္အသင္းႏွင့္ တတိယေနရာမွ ဧရာ၀တီအသင္းတို႔ ယွဥ္ၿပဳိင္ကစားစဥ္ တစ္ဘက္ တစ္ဂိုးစီျဖင့္ သေရပဲြ ရလဒ္ေၾကာင့္ ဇဲြကပင္အသင္းႏွင့္ ယွဥ္ၿပဳိင္ကစားမည့္ ရွမ္းယူႏိုက္တက္အေနျဖင့္ ခ်န္ပီယံ ျဖစ္ရန္ အခြင့္အေရးမ်ား ရရွိေနလ်က္ ရွိသည္။
.
ရွမ္းယူႏိုက္တက္သည္ ၁၉ ပဲြ ကစားအၿပီးတြင္ ၉ ပဲြႏိုင္၊ ၁၀ ပဲြ သေရ၊ ရမွတ္ ၃၇ မွတ္ျဖင့္ အမွတ္ေပး ဇယား၏ ဒုတိယေနရာတြင္ ရပ္တည္ေနျခင္း ျဖစ္ၿပီး မနက္ျဖန္ (ၾသဂုတ္ ၁၁ ရက္)၊ ညေန ၃ နာရီခဲြတြင္ ဇဲြကပင္အသင္းအား အိမ္ကြင္းျဖစ္သည့္ ေတာင္ႀကီး၌ ဧည့္ခံ ကစားရမည္ ျဖစ္ကာ ယင္းပဲြစဥ္အား အႏိုင္ရရွိခဲ့ပါက အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မည္ ျဖစ္သည္။
.
႐ႈံးပဲြ မရွိေသးသည့္ ရွမ္းျပည္နယ္ကိုယ္စားျပဳ အသင္းသည္ အိမ္ကြင္း ပရိသတ္ အားေပးမႈ စံခ်ိန္ ရရွိထားသက့ဲသို႔ အိမ္ကြင္း ပရိသတ္အခ်ိဳ႕၏ အားေပးပံု ၾကမ္းတမ္းမႈေၾကာင့္ ရွမ္းယူႏိုက္တက္အသင္းကို ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္၊ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီမွ ဒဏ္႐ိုက္မႈ ၃ႀကိမ္ထိ ျပဳလုပ္၍ ေနာက္ဆံုးအႀကိမ္ သတိေပးမႈမ်ား ျပဳလုပ္ထားသည္။
.
“ ဒီလိုပါပဲ တစ္ျဖည္းျဖည္းနဲ႔ေတာ့ ေကာင္းလာမွာပါ။ ကြင္းထဲ ပစ္တာကို ပရိတ္သတ္ အခ်င္းခ်င္း ထိန္းေပးၾကပါ။ အသင္းကလည္း ထိန္းရမွာပါ။ ဟု ရွမ္းယူႏိုက္တက္အသင္းမွ တာန္​ရွိသူ တစ္ဦးက ေျပာသည္။
.
၂၀၁၉ ခုႏွစ္ ျမန္မာေနရွင္နယ္လိဂ္ ဒုတိယ အေက်ာ့ ပဲြစဥ္မ်ားမွာ လာမည့္ စက္တင္ဘာလ ဒုတိယအပတ္တြင္ ၿပီးဆံုးေတာ့မည္ ျဖစ္သည့္အတြက္ ရွမ္းအသင္းအေနျဖင့္ ဇဲြကပင္အသင္းႏွင့္ ပဲြစဥ္ အျပင္ ၾသဂုတ္လ ၁၈ ရက္တြင္ ကစားရမည့္ မေကြးအသင္းႏွင့္ ပဲြစဥ္၊ စက္တင္ဘာလ ၁၅ ရက္တြင္ ကစားရမည့္ ရခိုင္အသင္းႏွင့္ ပဲြစဥ္မ်ားအား အႏိုင္ရရွိပါက ခ်န္ပီယံဖလားကို ဒုတိယအႀကိမ္ ကိုင္ေျမႇာက္ခြင့္ ရရွိေတာ့မည္ ျဖစ္သည္။
.

==============
.
ချန်ပီယံဖြစ်ရန် အခွင့်ရေး ရနေသည့် ရှမ်းယူနိုက်တက်
.
မြန်မာနေရှင်နယ်လိဂ်၊ ပွဲစဉ် ၂၀ အဖြစ် ယနေ့ (သြဂုတ်လ ၁၀ ရက်)ညနေပိုင်းတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် တတိယနေရာမှ ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် တစ်ဘက် တစ်ဂိုးစီဖြင့် သရေပွဲရလဒ်ကြောင့် ဇွဲကပင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်အနေဖြင့် ချန်ပီယံ ဖြစ်ရန် အခွင့်အရေးများ ရရှိနေလျက် ရှိသည်။
.
ရှမ်းယူနိုက်တက်သည် ၁၉ ပွဲ ကစားအပြီးတွင် ၉ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင် ရပ်တည်နေခြင်း ဖြစ်ပြီး မနက်ဖြန် (သြဂုတ် ၁၁ ရက်)၊ ညနေ ၃ နာရီခွဲတွင် ဇွဲကပင်အသင်းအား အိမ်ကွင်းဖြစ်သည့် တောင်ကြီး၌ ဧည့်ခံ ကစားရမည် ဖြစ်ကာ ယင်းပွဲစဉ်အား အနိုင်ရရှိခဲ့ပါက အမှတ်ပေးဇယားကို ဦးဆောင်နိုင်မည် ဖြစ်သည်။
.
ရှုံးပွဲ မရှိသေးသည့် ရှမ်းပြည်နယ်ကိုယ်စားပြု အသင်းသည် အိမ်ကွင်း ပရိသတ် အားပေးမှု စံချိန် ရရှိထားသကဲ့သို့ အိမ်ကွင်း ပရိသတ်အချို့၏ အားပေးပုံ ကြမ်းတမ်းမှုကြောင့် ရှမ်းယူနိုက်တက်အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ရိုက်မှု ၃ကြိမ်ထိ ပြုလုပ်၍ နောက်ဆုံးအကြိမ် သတိပေးမှုများ ပြုလုပ်ထားသည်။
.

  • “ ဒီလိုပါပဲ တစ်ဖြည်းဖြည်းနဲ့တော့ ကောင်းလာမှာပါ။ ကွင်းထဲ ပစ်တာကို ပရိတ်သတ် အချင်းချင်း ထိန်းပေးကြပါ။ အသင်းကလည်း ထိန်းရမှာပါ။” ဟု ရှမ်းယူနိုက်တက်အသင်းမှ တာန္​ရွိသူတစ္​ီးဥဝက ပြောသည်။
.
၂၀၁၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဒုတိယ အကျော့ ပွဲစဉ်များမှာ လာမည့် စက်တင်ဘာလ ဒုတိယအပတ်တွင် ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် ရှမ်းအသင်းအနေဖြင့် ဇွဲကပင်အသင်းနှင့် ပွဲစဉ် အပြင် သြဂုတ်လ ၁၈ ရက်တွင် ကစားရမည့် မကွေးအသင်းနှင့် ပွဲစဉ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ကစားရမည့် ရခိုင်အသင်းနှင့် ပွဲစဉ်များအား အနိုင်ရရှိပါက ချန်ပီယံဖလားကို ဒုတိယအကြိမ် ကိုင်မြှောက်ခွင့် ရရှိတော့မည် ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)