ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အသက္ဝင္လာေစရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း RCSS မွ ထုတ္ျပန္ေၾကညာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အသက္ဝင္လာေစရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း RCSS မွ ထုတ္ျပန္ေၾကညာ


စိုင္းသိခၤသူ
.
ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) အေနျဖင့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အ သက္ ဝင္လာေစရန္ တစ္ဆို႔ေနမႈမ်ား ကို ေက်ာ္လႊား၍ အစိုးရ၊ တပ္မေတာ္ တို႔ႏွင့္ ဆက္လက္ညႇိႏိႈင္း ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ဇူလိုင္လ ၂၄ ရက္က သေဘာထား ေၾကညာခ်က္ တစ္ရပ္ကို ထုတ္ျပန္ေၾကညာခဲ့သည္။
.
.
ထို႔အျပင္ ဇူလိုင္လ၂၁ ရက္မွ ၂၃ ရက္အထိ ြ်ဃွ ဗဟိုဌာနခ်ဳပ္၊ လြယ္တိုင္းလ်န္တြင္ ျပဳလုပ္ခဲ့သည့္ ၆ လပတ္ အစည္းအေဝးမွ လုပ္ငန္းစဥ္ ၇ ရပ္ကို ခ်မွတ္ႏိုင္ခဲ့ေၾကာင္း ယင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။
.
အဆိုပါ ေၾကညာခ်က္တြင္ ပစ္ ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူး တြဲ ေလ့လာေစာင့္ၾကည့္ေရး ေကာ္မ တီ အဆင့္ဆင့္၏ လုပ္ငန္းလမ္းၫႊန္ မ်ား ျပင္ဆင္ျဖည့္စြက္ေရးအတြက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မတီတြင္ ေဆြးေႏြးႏိုင္ ေရး စတုတၴအႀကိမ္၂၁ ရာစုပင္လံု ျပည္ေထာင္စုၿငိမ္းခ်မ္း ေရးညီလာခံ က်င္းပမည္ ဆိုပါက၂၀၁၉ ခုႏွစ္အ တြင္း ရွမ္းအမ်ိဳးသားအဆင့္ ႏိုင္ငံ ေရး ေဆြးေႏြးပြဲ က်င္းပႏိုင္ေရး၊ ျပည္ သူလူထု လူေနမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ စိုက္ပ်ိဳးေမြးျမဴေရး၊ လမ္း ပန္းဆက္သြယ္ေရး၊ ေရ/မီး ရရွိေရး၊ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးတို႔ႏွင့္ ပတ္သက္၍ တတ္ႏိုင္သမွ် ႀကိဳးပမ္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
.
RCSS သည္ ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ပူးတြဲ ေစာင့္ ၾကည့္ေရးေကာ္မတီ (JMC) အဆင့္ တြင္ မွ်တမႈ မရွိဟုဆိုကာ ၂၀၁၈ ခု ႏွစ္၊ ႏိုဝင္ဘာလက ယင္းအစည္းအ ေဝးမ်ား တက္ေရာက္ျခင္းကို ယာယီ ရပ္ဆိုင္းေၾကာင္း ေၾကညာထားခဲ့ရာ ယခုအခါ တို႔ ျပင္ဆင္ျဖည့္စြက္ လိုသည္မ်ားကို အစိုးရ၊ တပ္မေတာ္တို႔ ႏွင့္ ေတြ႕ဆံု ေဆြးေႏြး တင္ျပထားၿပီး ျဖစ္သည့္အတြက္ JMC အစည္းအ ေဝးမ်ားကို တက္ေရာက္သြားမည္ဟု သိရသည္။
.
============================================================
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်အသက်ဝင်လာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း RCSS မှ ထုတ်ပြန်ကြေညာ
.
စိုင်းသိင်္ခသူ
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ပြန်လည်အ သက် ဝင်လာစေရန် တစ်ဆို့နေမှုများ ကို ကျော်လွှား၍ အစိုးရ၊ တပ်မတော် တို့နှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်က သဘောထား ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
.
ထို့အပြင် ဇူလိုင်လ၂၁ ရက်မှ ၂၃ ရက်အထိ ျွဃှ ဗဟိုဌာနချုပ်၊ လွယ်တိုင်းလျန်တွင် ပြုလုပ်ခဲ့သည့် ၆ လပတ် အစည်းအဝေးမှ လုပ်ငန်းစဉ် ၇ ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါ ကြေညာချက်တွင် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူး တွဲ လေ့လာစောင့်ကြည့်ရေး ကော်မ တီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန် များ ပြင်ဆင်ဖြည့်စွက်ရေးအတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီတွင် ဆွေးနွေးနိုင် ရေး စတုတ္ထအကြိမ်၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ကျင်းပမည် ဆိုပါက၂၀၁၉ ခုနှစ်အ တွင်း ရှမ်းအမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ ပြည် သူလူထု လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ ရေ/မီး ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
RCSS သည် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့် ကြည့်ရေးကော်မတီ (JMC) အဆင့် တွင် မျှတမှု မရှိဟုဆိုကာ ၂၀၁၈ ခု နှစ်၊ နိုဝင်ဘာလက ယင်းအစည်းအ ဝေးများ တက်ရောက်ခြင်းကို ယာယီ ရပ်ဆိုင်းကြောင်း ကြေညာထားခဲ့ရာ ယခုအခါ ၎င်းတို့ ပြင်ဆင်ဖြည့်စွက် လိုသည်များကို အစိုးရ၊ တပ်မတော်တို့ နှင့် တွေ့ဆုံ ဆွေးနွေး တင်ပြထားပြီး ဖြစ်သည့်အတွက် JMC အစည်းအ ဝေးများကို တက်ရောက်သွားမည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats